Pages

Thursday, January 23, 2014

ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်းရှိ နမ်လင်းပါ (Nam Lim Pa) ရွာအတွင်းသို့ အစိုးရ တပ်များ ပြန်လည်ဝင်ရောက်ရန် ပြင်ဆင်နေခြင်းကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့များနှင့် တင်းမာမှုများ ရှိနေသည်ဟု KIA က ပြော


nam-lim-pa-idp-camp-in-mansi
KIA တပ်ရင်း ၁၂ နယ်မြေ ဗန်းမော်ခရိုင် မံစီမြို့နယ် Nam Lim Pa ရွာသားများနဲ့ ဒုက္ခသည်များ လုံခြုံရာသို့ ထွက်ပြေးနေစဉ်။

ဗန်းမော်ခရိုင် မန်စီမြို့နယ်တွင်ရှိသော အစိုးရစစ်ကြောင်း ၁ ကြောင်းသည် နမ်လင်းပါ (Nam Lim Pa) ရွာသို့ ပြန်ဝင်ရန် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း ၁၂ အား ယမန်နေ့ ၂၁ ရက် ညနေတွင် ခွင့်တောင်းခဲ့ရာ KIA ဖက်မှ ငြင်းဆိုထားသည်။

“အစိုးရတပ်က ခဏလေးရွာထဲဝင်ပြီး ဓာတ်ပုံရိုက်မှတ်တမ်းယူပြီး ပြန်ထွက်လာမယ်လို့ပြောတယ် ကျနော်တို့က ခဏလေးလည်း မပေးနိုင်ဘူး အကြားကြီးလည်း ခွင့်မပေးနိုင်ဘူးလို့ပြောလိုက်တယ် အစိုးရတပ်ကနေမဖြစ်မနေ ဝင်လာရင်တော့ ပစ်ခတ်မှုကဖြစ်လာမယ်” ဟု KIA တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူး လဘန်ဂျွန်းအောင် KNG ကချင်သတင်းဌာနသို့ ပြောသည်။

၎င်းစစ်ကြောင်းသည် အစိုးရခြေမြန်တပ်ရင်း ခမရ ၆၀၁ စစ်အင်အား ၁၀၀ ကျော်ရှိသော စစ်ကြောင်းဖြစ်ပြီး ယခုချိန် နမ်လင်းပါ KIA တပ်ရင်း ၁၂ နှင့် ၂ မိုင်ခန့် အကွာတွင် ကင်းပုန်းထိုးနေကြောင်း သိရသည်။

ယမန်နေ့ညနေတွင် အစိုးရတပ်သည် နမ်လင်းပါရွာ (Nam Lim Pa) သို့ ပြန်ဝင်လာရန် ဂျေဦး-နမ်ခမ်တွင်ရှိသော ဗျူဟာမှူး မိုးဇော်သည် ရွာလူကြီးအားပြောပြီး ရွာသူကြီးမှ ဖုန်းဖြင့် KIA တပ်ရင်း ၁၂ ဗိုလ်မှူးအား မေးမြန်းခဲ့ခြင်း ဖြစ်သည်။

နမ်လင်းပါ (Nam Lim Pa) ရွာသည် စစ်ပြေးဒုက္ခသည်စခန်းရှိသောရွာဖြစ်ရာ နိုင်ဝင်ဘာလ ၁၉ ရက်နေ့က အစိုးရတပ်များ ရွာသို့ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ဝင်ရောက်လာခြင်းကြောင့် ဒေသခံများ နီးစပ်ရာသို့ အသီးသီးထွက်ပြေး တိမ်းရှောင်သွားခဲ့ရသည်။

အစိုးရတပ်သည် မုန်းဒိန်ပါရွာနှင့် နမ်လင်းပါရွာမှ ဒီဇင်ဘာ ၂၈ ရက်နေ့က တပ်ဆုတ်သွားသော်လည်း KIA တပ် ရင်း ၁၂ ဒေသအနီးတွင်ရှိ ဂျေဦး၊ နားဟန်၊ သံတံတား၊ မလျင်၊ ကောင်ရွန်၊ ဂျေခမ်း၊ မန်သာနှင့် မိုင်းခေါင်ရွာများတွင် အစိုးရတပ်များ ရှိနေဆဲဖြစ်ပြီး အစိုးရတပ်ရင်း ၆ ခု ခမရ ၄၃၈၊ ခမရ ၃၁၉၊ ခမရ ၆၀၁၊ ခမရ ၆၀၂၊ ခလရ ၅၆၊ ခလရ ၂၇၆ စစ်ကြောင်းများနှင့် စစ်အင်အား ၁၀၀၀ ခန့်ရှိနေဆဲဖြစ်ကြောင်းသိရသည်။ Credit KCN

မူကြိုဆရာ၊ ဆရာမ တွေကို ဧပြီလကစပြီး အစိုးရ လစာပေးတော့မည်


လာမယ့် ၂၀၁၄ – ၁၅ ဘဏ္ဍာရေးနှစ် ဧပြီလက စပြီး အခြေခံပညာ မူကြိုအဆင့် ဆရာနဲ့ ဆရာမ ၈ ထောင်ကျော်ကို နိုင်ငံဝန်ထမ်းအဖြစ် သတ်မှတ်ပြီး သတ်မှတ်လစာ ပေးတော့မယ်လို့ ရန်ကုန်ပညာရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါ်ခင်မျိုးမြင့်ဖြူက ပြောပါတယ်။

ဇန်န၀ါရီ ၂၁ ရက်နေ့က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ကျင်းပတဲ့ အခြေခံပညာ ကဏ္ဍဆိုင်ရာ မူဝါဒ ညှိနှိုင်းဆွေးနွေးပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ဒီ ဆရာနဲ့ ဆရာမ ၈ ထောင်ကျော်ဟာ လက်ရှိအချိန်ထိ သက်ဆိုင်ရာ ကျောင်းတည်ရှိရာ ရပ်ရွာက ရပ်မိရပ်ဖတွေရဲ့ ထောက်ပံ့မှုနဲ့ ရပ်တည်နေရတာ ဖြစ်ပြီး အစိုးရ အထောက်အပံ့
တစုံတရာ မရရှိခဲ့ပါဘူး။

ဒါနဲ့ ပတ်သက်ပြီး မူကြိုပညာရပ်ဆိုင်ရာလုပ်ငန်း အန်ဂျီအိုအဖွဲ့ကနေ အစိုးရကို တိုက်တွန်း ခဲ့တာကြောင့် လာမယ့် ဧပြီလက စပြီ လစာတွေ ပေးဖို့ အစိုးရက သတ်မှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

By ဒီဗွီဘီ

တရုတ်စာသားပါ ရေခဲမှတ်အထိမခဲဘဲ အအေးဒဏ်ခံနိုင်သည့် စားဆီတစ်မျိုး မန်းဈေးကွက်အတွင်း အသံထွက်လာ


တရုတ်စာတန်း တစ်မျိုးတည်းသာ ပါပြီး သက်တမ်းကုန်ဆုံးရက် သတ်မှတ် ရက်စွဲမပါ၊ ဆီခဲသွားခြင်းလည်းမရှိသည့် စားဆီတစ်မျိုး မန္တလေးဈေးကွက် တွင် ရောင်းဝယ် လျက်ရှိကြောင်း မန္တလေးဆီ ကုန်သည်များနှင့် စက်ပိုင်ရှင်များအသင်း မှ သိရသည်။

အဆိုပါဆီများအား ရေခဲသေတ္တာ အတွင်းထည့်၍ အေးခဲမှတ်ထိ ထား သော်လည်း အေးခဲသွားခြင်း မရှိခြင်း ကြောင့် စားသုံးသူများ သတိထားရန် လိုအပ်မည်ဖြ စ်ကြောင်း ဆီစက်ပိုင်ရှင် အချို့က သုံးသပ်ပြောကြားသည်။

”ဆီဆိုတာ ဘယ်ဆီဖြစ်ဖြစ် သတ်မှတ်ထားတဲ့ အေးခဲမှတ်ရောက်ရင် ခဲကိုခဲရမယ်။ အခုဟာက မခဲဘူး” ဟု ဆီစက်လုပ်ငန်းပိုင်ရှင်တစ်ဦးက ပြော သည်။

ထို့ပြင် ၄င်းဆီများဖြင့် ကြော်ပါက ဆီမှာမည်းညစ်ညစ်အရောင်သို့ ပြောင်း လဲသွားပြီး ပဲဆီပုံစံနှင့် ဆင်တူကာ ဈေး နှုန်းမှာလည်းပြည်တွင်းစား အုန်းဆီ ဈေး နှုန်းခန့်သာ ရှိနေကြောင်း သိရသည်။

၎င်းဆီများမှာ အနီရောင် တရုတ် စာတန်းပါ ငါးဆယ်သား၊ တစ်ပိဿာ ဘူး အမျိုးအစားများဖြင့် မန္တလေးဈေး ကွက်သို့ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ဘူးပေါ် တွင် အခြားသော စာတန်းနှင့် သတ်မှတ် ရက်စွဲများ မပါဝင်ကြောင်း ဆီဘူးနမူနာ အား သိမ်းဆည်းထားသည့် မန္တလေး ဆီကုန်သည်များနှင့် စက်ပိုင်ရှင်အသင်း မှ အတွင်းရေးမှူးဦးထွန်းထွန်း က ပြော သည်။ ယင်းအတွက် ၄င်းဆီများအား မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန (FDA)သို့ယခင် ၂ဝ၁၃ ခုနှစ်က ဓာတ်ခွဲစမ်းသပ် ရန် ပေးပို့ ထား ပြီး ဖြစ်သော်လည်း ယခုအချိန်ထိ အ ကြောင်းပြန်ကြားလာခြင်း မရှိသေး ကြောင်းအထက်ပါပုဂ္ဂိုလ်က ထပ်လောင်း ပြောသည်။

FDA အနေနှင့် ၂ဝ၁၃ ခုနှစ် အတွင်း အရောဆီများစွာအား ဓာတ်ခွဲ စမ်းသပ်ခဲ့ပြီး အများစုမှာ ပဲဆီ၊ နှမ်းဆီ များအား စားအုန်းဆီဖြင့်ေ ရာနှောထား ခြင်းဖြစ်ကြောင်း FDA ဓာတ်ခွဲစမ်းသပ် မှုရေးရာ ကျွမ်းကျင် တာဝန်ရှိသူတစ်ဦး ကပြောသည်။

”အဲ့ဒီလို မအေးခဲတဲ့ဆီဆိုပြီး ဓာတ်ခွဲခဲ့တာတော့ မရှိပါဘူး။ နောက် အဲဒီမအေးခဲဘူးဆိုတာ ဘယ်လိုလဲဆို တာ နားမလည်ပါဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ထပ်လောင်ြးေ ပာသည်။

ရန်ကုန်ဆီဈေးကွက်အတွင်း၌မူ တရုတ်မှတင်သွင်းသည့် စားဆီများ တင်သွင်းခြင်းမရှိကြောင်းနှင့် လက်ရှိ ဈေးကွက်တွင် ပြည်တွင်း ထုတ်ဆီများ အပြင် ထိုင်း၊ စင်ကာ ပူနှင့် မလေးရှား မှ ဆီများတင်သွင်းရောင်း ချလျက်ရှိ ကြောင်း ညောင်ပင်လေးဈေးရှိ ဆီ ရောင်းဝယ်ရေးဆိုင်များမှ သိရသည်။

ထို့ပြင် ဈေးကွက်တွင် ပဲဆီအမျိုး အစားအလိုက် တစ်ပိဿာ ကျပ် ၃ဝဝဝ မှ ၃၆ဝဝ၊ နှမ်းဆီ တစ်ပိဿာ ငါးထောင် နှင့် အထက်တွင်ရှိကာ စားအုန်းဆီ တစ်ပိဿာလျှင် အမျိုးအစားအ လိုက် တစ်ပိဿာ ၁၅ဝဝ ကျပ် အထက်တွင် ရှိကြောင်း သိရသည်။
သုတလင်း၊ ဖိုးလပြည့်

မှော်ဘီတင့်ကားတပ်မှ လက်နက်တိုက် ဖောက်ထွင်းခံရ တိုင်းရဲတပ်ဖွဲ့ကိုယ်တိုင် ကိုင်တွယ်နေ


မှော်ဘီတင့်ကားတပ်မှ လက်နက်တိုက် ဖောက်ထွင်းရပြီး ခဲယမ်းလက်နက်အချို့ ပျောက်ဆုံးနေမှုကို တိုင်း၊ ခရိုင်အဆင့်များဖြင့် ပူးပေါင်း ဖော်ထုတ်နေသည်ဟု မှော်ဘီမြို့မရဲစခန်းမှ ဒု-ရဲမှူး နိုင်နိုင်ငြိမ်းက ဇန်နဝါရီ ၂၃ရက်တွင် မဇ္ဈိမကို အတည်ပြုပြောပြခဲ့သည်။

အဆိုပါ လက်နက်တိုက် ဖောက်ထွင်းခံရမှုကို ဇန်နဝါရီ ၂၁ရက် နံနက် တွင် သိရှိခဲ့ပြီး အမှတ် (၅၀၁၀) တင့်ကား တပ်ရင်းမှ တပ်ရင်းမှူး ကြည်း ၂၃၇၈၅ ဒုတိယဗိုလ်မှူးကြီး အောင်သူက ဇန်နဝါရီ ၂၂ ရက်တွင် အမှုဖွင့် တိုင်တန်းလိုက်ခြင်း ဖြစ်သည်။

“လောလောဆယ်တော့ တိုင်းနဲ့ ခရိုင်တပ်ဖွဲ့တွေကပါ ပူးပေါင်းဖော်ထုတ်နေပါတယ်။ လက်နက် ၂ လက်နဲ့ ကျည် ၅၀၀တောင့် ပါသွားတာ ဟုတ်ပါတယ်။ ကျန်တဲ့အပိုင်းကတော့ တရားခံလွှတ်သွားမှာစိုးလို့ ဘာမှ ထုတ်ဖော်ပြောကြားပေးလို့ မရသေးပါဘူး”ဟု ရဲမှူး နိုင်နိုင်ငြိမ်းက ရှင်းပြခဲ့သည်။

အဆိုပါ တင့်ကားတပ်မှာ မှော်ဘီမြို့နယ် သန္ဓေပင်ကျေးရွာအုပ်စု၊ ရန်ကုန်- ပြည်ကားလမ်းဘေးရှိ အမှတ် (၅၀၁၀)တင့်ကားတပ်ရင်းဖြစ်ပြီး လက်နက်တိုက် ဖောက်ထွင်းခံထားရသည်ကို ဇန်နဝါရီ ၂၁ ရက် နံနက် ၇ နာရီတွင် စတင်သိရှိခဲ့ခြင်း ဖြစ်သည်။

ယင်းတပ်မှ တပ်ကြပ်ကြီး သိန်းအေးက မကောင်းတော့သည့် ခဲယမ်းများအပ်နှံရန်အတွက် ခဲယမ်းများထုတ်ယူရန် တပ်ရင်း လက်နက်တိုက်သို့လာစဉ် ဌာနချုပ်တပ်ခွဲ လက်နက်တိုက်မှာ တံခါးပွင့်နေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဌာနချုပ်တပ်ခွဲ လက်နက်တိုက် တာဝန်ခံ တပ်ကြပ်ကြီး ရဲနောင်နှင့်အတူ သွားရောက် စစ်ဆေးရာ လက်နက်တိုက်အပြင်ဘက် ပျဉ်းကတိုးတံခါးနှင့် အတွင်းဘက်သံတံခါးတို့တွင် ခက်ထားသည့် BAOGU အမျိုးအစား အာမခံသော့ (၂)လုံးမှာ အဖျတ်ခံထားရခြင်းဖြစ်သည်။

လက်နက်တိုက်အတွင်း ဝင်ရောက်စစ်ဆေးရာ သေနတ်စင်မှ သေနတ်ခတ်သံကြိုးမှာ ပြတ်တောက်နေပြီး လက်နက်နံပါက် ဂျီ ၁၃၁၃၉ နှင့် ဂျီ ၀၂၈၅၀ဖြစ်သည့် အမ်အေ 13 မတ် 1 အမျိုးအစား သေနက် (၂)လက် တို့မှာ ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ခဲယမ်းသေတ္တာအတွင်းမှ ၉ မမ ယမ်းပြင်းကျည် စုစုပေါင်း ၅၀၀ တောင့်နှင့် အမ်အေ ၁၃ ကျည်ကတ် (၅)ခုတို့ ပျောက်ဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

ထို့ကြောင့် မှော်ဘီရဲစခန်းက (ပ)၄၀/၂၀၁၄ဖြင့် အမှုဖွင့်လိုက်ပြီး ခိုးယူသူကို ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ်ပြစ်ဒဏ်စီရင်မှု)(ယာယီ)အက်ဥပဒေပုဒ်မ ၂(၁)(က)ဖြင့် အရေးယူရန် တိုင်းအဆင့် ရဲတပ်ဖွဲ့များဖြင့် ပူးပေါင်း ဖော်ထုတ်နေခြင်းလည်း ဖြစ်သည်။

Written by ဇော်ဇော်ထွေး Mizzima - News in Burmese

မန်း ဆေးရုံကြီးအနီး မီးလောင်မှု မိနစ် ၅၀ခန့်အကြာတွင် ငြိမ်းသတ်နိုင်ခဲ့ မန္တလေး၊ ဇန်န၀ါရီ ၂၃


မန္တလေးဆေးရုံကြီးအနီး ၇၅လမ်း၊ ၂၈-၂၉လမ်းကြားတွင် ယနေ့နေ့လယ် ၂နာရီ ၄၀ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ မိနစ်၅၀ခန့်အကြာ ၃နာရီခွဲခန့်တွင် မီးငြိမ်းသတ်နိင်ခဲ့သည်။

၇၅လမ်းမပေါ်ရှိ ခရစ်ယာန်ချက်ကျောင်းနှင့် စတ္တရမဟီရပ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကြားရှိ မြေစိုက်ပျဉ်ထောင်နှစ်ထပ်အိမ်မှ စတင်လောင်ကြွမ်းခြင်းဖြစ်ပြီး မီးလောင်ပြီး ၁၅မိနစ်ခန့်အကြာ ပျဉ်ထောင်အိမ်မှာ ပြိုကျသွားခဲ့ပြီး ဘေးနှစ်ဘက်ရှိ ချက်ကျောင်းအဆောက်အဦးနှင့် စတ္တရမဟီရပ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးအား ဆက်လက်လောင်ကြွမ်းခဲ့သည်။

မီးမှာ ဘေးနှစ်ဘက်လောင်ကြွမ်းနေ သောကြောင့် မီးသတ် နှစ်ဖွဲ့ခွဲငြိမ်းသတ်ခဲ့ရပြီး အိမ်အနောက်ဘက်ရှိ RC နှစ်ထပ်တိုက်အား အနည်းငယ်မီးစွဲခဲ့သည်။ စုစုပေါင်း အိမ်လေးလုံးလောင်ကျွမ်းခဲ့ပြီး စလောင်သည့် နှစ်ထပ်ပျဉ်ထောင်မှာ မီးလုံးဝလောင်ကျွမ်းခဲ့ပြီး ဘေးနှစ်ဘက်ရှိ တိုက်နှစ်လုံးနှင့် အနောက်ဘက် RC တိုက်တို့မှာ မည်မျှလောင်ကျွမ်းခဲ့ကြောင်း ဆုံးရှုံးမှုအသေးစိပ်တန်ဖိုး မသိရှိရေသေးပေ။ ကျွန်တော်တို့ကလည်း အမျိုးသမီးတစ်ယောက်က ဆူးဆူးဝါးဝါးအသံနဲ့လှမ်းအော်မှသိရတာ။ သိသိချင်းမီးသတ်ကို လှမ်းဖုန်းဆက်လိုက်တာပဲ။ လောင်ပြီး ၁၅မိနစ်လောက်နေတော့ စလောင်တဲ့ အိမ်က ပြာကျသွားတယ်။ နောက်တော့ဘေးနှစ်ဘက်ကို ကူးသွားတယ်။ အနောက်က RC နှစ်ထပ်ကိုတောင် မီးစွဲနေသေးတယ် ဟု မီးလောင်ကျွမ်းရာအနီး အဆောင်တွင်နေထိုင်သော ကုမ္မဏီဝန်ထမ်းအမျိုး သားတစ်ဦးကပြောသည်။

ဖိုးပြည့် Credit Popular Myanmar News Journal

ရန်ကုန်သားများ ကြွက်သား ဝယ်စားမိနေပြီလား


ရန်ကုန်မှာ ထမင်းဆိုင်ထိုင်တဲ့အခါ ကြက်အသည်းအမြစ် မှာစားသူ အများအပြားရှိတာ တွေ့ရမှာပါ။

အသည်းအမြစ်က ကြက်သားဟင်းထက်တောင် ဈေးပိုနေပါလိမ့်မယ်။

အဲသလို ရန်ကုန်ဈေးကွက်မှာလူကြိုက်များတဲ့ အသည်းအမြစ်ကို အင်ထုပြီးရောင်းနေတာတွေရှိတယ်လို့ အသည်းအထူးကု ပါမောက္ခဦးခင်မောင်ဝင်းက ပြောဆိုကြောင်း ဒီတပတ်ထုတ် လျှပ်တစ်ပြက်ဂျာနယ် စာမျက်နှာ ၅ မှာ ရေးထားပါတယ်။

"ကြွက်အကြီးကြီးတွေ အပုံလိုက်ကြီး၊ ရာနဲ့ချီပြီးပုံတယ်၊ ဘယ်လိုဖမ်းထားလဲတော့ မသိဘူး။ အဲဒီထဲက အသည်းတွေကိုထုတ်၊ အသည်းတွေကလည်း အကြီးကြီးတွေ၊ ကြက်အသည်းတွေလောက် ရှိတယ်။ အဲဒါတွေကို မြို့ထဲက စားသောက်ဆိုင်တွေမှာ သွင်းတာ တဲ့။ ဖြစ်ရပ်မှန်ပဲ။ လေးထောင့်ကန်မှာ မနက် (၅)နာရီလောက် သွားရင် ဒိုင်တွေ ရှိတယ်။ ကြွက်အကြီးကြီးတွေ၊ အသည်းတွေလည်း အစုံရှိတယ်။ အဲတော့ ကိုယ်စားတာ ကြက်အသည်းလား ကြွက်အသည်းလား ခွဲခြားကြပါ" လို့ ဦးခင်မောင်ဝင်းက ပြောဆိုကြောင်း ဂျာနယ်မှာ ရေးပါတယ်။

ကြွက်များရဲ့ အသားကို ဘာလုပ်ပစ်တယ်ဆိုတာကိုတော့ ပြောဆိုထားတာ မတွေ့ရပါဘူး။

အဲဒီဖြစ်ရပ်က တကယ်ပဲလား။
အင်း... လေးထောင့်ကန်ရပ်မှာ မနက်စောစော သွားကြည့်ရင် သိမယ် ထင်ပါရဲ့။
အဲ.... လေးထောင့်ကန် ဆိုတာ ရန်ကုန်မှာ ၂ ခု ရှိတယ် တဲ့။
သင်္ဃန်းကျွန်းမှာလည်းရှိ၊ ရွာသာကြီးဘက်မှာလည်း ရှိတယ် ဆိုပဲ။
ရွာသာကြီးဘက်မှာ လယ်ကွင်းတွေလည်း ရှိတယ် တဲ့။

ပါမောက္ခဦးခင်မောင်ဝင်းပြောတယ်ဆိုတဲ့ ကြွက်တွေက လယ်ကွင်းထဲက ကြွက်တွေလား၊ လမ်းကြိုလမ်းကြား အိမ်ကြိုအိမ်ကြားက ကြွက်တွေလား???

ဒါလည်း ကိုယ်တိုင်ကိုယ်ကျ သွားကြည့်မှ အဖြေသိရမှာပါ။

လယ်ကွင်းထဲကကြွက်တွေ ဆိုရင်တော့ ... အင်း .... ဟင်းအဖြစ် ကင်စား ကြော်စားနေကြတာပဲမဟုတ်လား။ အဲဒီကြွက်များရဲ့ အသည်းအမြစ်ကလည်း ဟင်းဖြစ်ဝါးဖြစ် ဖြစ်နိုင်ပါလိမ့်မယ်။

ရန်ကုန်လမ်းကြိုလမ်းကြား အိမ်ကြိုအိမ်ကြားက ကြွက်တွေဆိုရင်တော့ ... သေချာတာက အမှိုက်တွေကြားထဲနေတဲ့ကြွက်များပါပဲ။
သူတို့ရဲ့အသည်းအမြစ်၊ အသား ဆိုတာက စားဖို့ သင့်တော်မယ် မထင်ပါ။

ကြွက်နဲ့ကြက် လိမ်ရောင်းတာမျိုးက ကျင့်ဝတ်၊ ဥပဒေ ချိုးဖောက်ခြင်းပါ။
မြို့ကြွက် ဆိုရင် ကျန်းမာရေးအရ မသင့်တော်တဲ့အတွက် အရေးတကြီး ရှင်းရမယ့် ပြဿနာပါ။

ဒီတော့ ... ရန်ကုန်စားသောက်ဆိုင်ဈေးကွက်ထဲရောက်နေတယ်ဆိုတဲ့ အသည်းအမြစ်ကုန်ကြမ်းက မည်သို့သောကြွက်အမျိုးအစားဆီကလာသလဲ ဆိုတာကို စာဖတ်သူများ သိသင့်ပါတယ်။Credit The Irrawaddy

ကင်ဆာနဲ့ပတ်သက်တဲ့ ဆေးနည်းတစ်ခုပါ "ကင်ဆာအမြစ်ပြတ် သမြားနီဆေးကြီး"


(ခွဲစိတ်ကုသရန် မလိုဘဲ ငွေကြေးအကုန်အကျ သက်သာစွာဖြင့် ကိုယ်တိုင်ဖော်စပ်ခဲ့သည့် လက်တွေ့  အမြစ်ပြတ် ဆေးကောင်းတစ်လက်ဖြစ်ပါသည် )့

ဂန့်ဂေါမှာ တော်တော် နာမည်ရနေတဲ့ ဆေးစွမ်းကောင်းတစ်ခုပါ။ တစ်ခြားမြို့ တွေကလည်းမှာယူ သုံးစွဲနေကြပါပြီ။ ဂန့်ဂေါကို ပြန်ရောက်တော့ ဒီဆေးအကြောင်း တော်တော်စိတ်ဝင်စားနေပြီ။ လက်ရှိရောဂါ ဖြစ်နေသူတွေ လက်တွေ့ ပျောက်သွားကြတာကိုး၊ ဆရာကြီး ဦးမြင့်ကိုနှင့် သွားတွေ့ ပြီး မေးဖြစ်ခဲ့ပါတယ်။ ဆရာကြီးဦးမြင့်ကိုရဲ့ ဇနီးဒေါ်ကြံမေ ကိုယ်တိုင် သားအိမ်ကင်ဆာ အရှင်း ပျောက်သွားလို့ ဒီဆေးဖြန့်ဖြစ်သွားတာလို့ သိရပါတယ်။ လက်ရှိလက်လှမ်း မှီသလောက် တော်တော်များများနေရာတွေမှာ ဖြန့် နေပါပြီ ....

အဓိက ပျောက်ကင်းနိုင်တဲ့ ရောဂါတွေကတော့ - HIV - AIDS (A) ခုခံအားကျဆင်း သည့်ရောဂါ၊ သားအိမ်ကင်ဆာ၊ သားဥပြွန်ကင်ဆာ၊ ရင်သားကင်ဆာ၊ သွေးကင်ဆာ (လုံးဝ သွေးသွင်းရန်မလို)၊ အသည်း၊ လည်ချောင်း၊ အဆုတ်၊ အစာအိမ်စတဲ့ ကင်ဆာရောဂါများကို ဆေး(၂) လစားလျှင် အမြစ်ပြတ် ပျောက်ကင်းကြောင်း သိခဲ့ရပါတယ်။ လက်ရှိအသည်းရောင် အသားဝါ "B" ပိုး "C" ပိုးဖြစ်နေသူတွေပါ လက်တွေ့ ပျောက်ကင်းသွားပြီလို့ သိခွင့်ရခဲ့ပါတယ်။

ဆရာကြီးကလည်း သူ့ ဆီမှာယူသောက်ပြီး ရောဂါ ပျောက်ကင်းသွားသူတွေ ရဲ့ စာရင်းများကိုလည်း ပြုစုထားတာ တွေ့ ခဲ့ရပါတယ်။ ရောဂါပျောက်ကင်း သွားသူတွေ တော်တော်များနေပါပြီ။ HIV- AIDS (A) ခုခံအားကျဆင်းသူတွေ မှာယူသုံးစွဲပြီး တော်တော်ထူးခြားစွာ တိုးတက်လာကြတာလည်း တွေ့ ခဲ့ရ ပါတယ်။ ဆေးစားရန် အညွှန်းမှာ ခွဲစိတ်ပြီး ဓာတ်ကင်ထားသောလူနာများ။ ရောဂါ ဝေဒနာပြင်းထန်စွာ ခံစားနေသော လူနာများ တစ်ရက်လျှင် (၃) ကြိမ်။ တစ်ကြိမ်လျှင် (၅)လုံးစားရန်၊ သွေးအဖြူ အနီ ဆင်းနေသူများ။

ဒွါရများမှ သွေးထွက်နေသူများ တစ်ရက်လျှင်(၃)ကြိမ် တစ်ကြိမ်လျှင် (၃)လုံးစားရန်၊ အစာစားပြီးတိုင်း ပျို့အန်ခြင်း ပြန်လှန်ခြင်း စသည့် (အစာအိမ် ကင်ဆာ ရောဂါ လက္ခဏာ) ဖြစ်နေပါက တစ်ရက်လျှင် (၃)ကြိမ် တစ်ကြိမ်လျှင်(၂)လုံး စားရန် ရန်ကုန်ဖြန့်ချိရေးတွင် ဖုန်းဆက်မှာယူနိုင်ပါသည် ဖုန်းနံပါတ် - 09 421001025
@မြန်မာ့စွယ်စုံကျမ်း@ &Credit To : Myanmar News Media & # ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။#

မိုးကုတ်မြို့ပတ္တမြားဈေးတွင်လုယက်မှုဖြစ်ပွားသည့် နောက်ဆက်တွဲသတင်းမိုးကုတ် ဇန်န၀ါရီ ၂၁


ယနေ့နေ့လည် (၁၃း၄၅) အချိန်ခန့်တွင် မီလျံရွှေဆိုင်နှင့် နဂါးရွှေဆိုင် တို့အားလုယက်မှု တစ်ချိန် တည်းဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာဓါးပြ (၇) ခန့်က သေနတ် (၂)လက်ဖြင့် လည်းကောင်းရွှေဆိုင် (၂) ဆိုင် အားတစ်ပြိုင်နက် တည်း ၀င်ရောက်လုယက်ခဲ့သည်။

ထိုသို့ဖြစ်ပွာစဉ် သေနတ်ဖြင့် ပစ်ခတ်ရာဦးဒမ်းဗဟာဒူုး (၅၃) နှစ် နှင့် မောင်ပြည့်ကျော် (၂၆) နှစ်တို့ မှာဒဏ်ရာများရရှိခဲ့ပြီးဦးဒမ်းဗဟာဒူး သည် ဆေးရုံကြီးသို့ တက်ရောက်ကုသစဉ် သေဆုံးသွားခဲ့သည်။ နဂါးရွှေဆိုင်မှ ရွှေပိဿာချိန် (၄)ပိဿာနှင့် အပေါင် ခံပစ္စည်းသိန်း (၅၀၀)ဖိုး၊ မီလျံရွှေဆိုင်မှ ရွှေ (၂)ပိဿာတို့ကိုလုယက်ပြီး CZI ဆိုင်ကယ် (၃) စီးဖြင့် သေနတ်ပြစ်ဖောက်ထွက်ပြေးသွားကြောင်းသတင်းရရှိသည်။Credit MOI

အစိုးရ၏ အနာဂတ်ရေအားလျှပ်စစ်စီမံကိန်းတွင် မြစ်ဆုံစီမံကိန်းဆိုင်းငံ့အဖြစ် ဆက်လက်ပါဝင်


 အစိုးရ၏ အနာဂတ်ရေအားလျှပ်စစ် စီမံကိန်းတွင် နယ်ပယ်အသီးသီးမှ ပြည်သူများ၏ ကန့်ကွက်မှုများ ကြောင့် ရပ်ဆိုင်းထားခဲ့ရသည့် မြစ်ဆုံစီမံကိန်း ဆက်လက်ပါဝင်နေသည်ကို လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ ဒုတိယ၀န်ကြီး ဦးမော်သာထွေး၏ ဇန်န၀ါရီ ၂၁ ရက် ပြည်ထောင်စုလွှတ်တော်အတွင်း ရှင်းလင်း ပြောဆိုမှုတွင် တွေ့ရသည်။

လွှတ်တော်အမတ်များသို့ ဖြန့်ဝေထားသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ လျှပ်စစ်စွမ်းအင်ထုတ်လုပ် ရန် လျာထားသည့် အစီအစဉ်ဇယားတွင် ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထားသည့် စီမံကိန်းများ ခေါင်း စဉ်၏အောက်တွင် မြစ်ဆုံဆည်တည်ဆောက်မှုစီမံကိန်းကို ဆိုင်းငံ့အနေဖြင့် ဖော်ပြထားခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားလွှတ်တော်အမတ် ဦးမျိုး မြင့်တင်သွင်းသည့် “မြန်မာနိုင်ငံ၏ လက်ရှိအနာဂတ် လျှပ်စစ်လိုအပ်ချက်အတွက် အဓိကအားထားရ မည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ရေအားလျှပ်စစ်ကဏ္ဍကို ကာလတို/ကာလရှည် စီမံချက်များဖြင့် စီမံ ကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းသည့် အရေးကြီးအဆို”ကို လျှပ်စစ်စွမ်းအား ဒု-၀န်ကြီးက ပြန်လည်ရှင်းလင်းစဉ် ယင်းသို့ ပါဝင်ခြင်းဖြစ်သည်။

ပုဂ္ဂလိကပိုင် B.O.T စီမံကိန်း တစ်ခု၊ ဖက်စပ်ပိုင်စီမံကိန်း သုံးခု၊ MOA လက်မှတ်ရေးပြီးစီမံကိန်း ၂၁ ခု၊ MOU လက်မှတ်ထိုးပြီး စူးစမ်းလေ့လာဆဲ စီမံကိန်း ၁၅ ခုနှင့် MOU ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိ သော စီမံကိန်းငါးခုတို့ဖြစ်ကာ စုစုပေါင်း စီမံကိန်း ၄၅ ခု ရှိနေသည်ဆိုသည်။

“လျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ရေးအတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှု နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ စနစ်တကျပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားပါမည်”ဟု ဦးမော်သာထွေးက ပြောသည်။

မြစ်ဆုံစီမံကိန်းဆောင်ရွက်ရန် ယခင်အစိုးရလက်ထက်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး လက်ရှိ ဦးသိန်းစိန်က ၎င်း၏သမ္မတငါးနှစ်သက်တမ်းအတွင်း လုပ်ငန်းဆောင်ရွက်မှုများ ရပ်ဆိုင်းထားရန် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်တွင် ဆုံးဖြတ်ခဲ့သည်။ ၎င်းသည် စစ်အစိုးရလက်ထက်တွင် ၀န်ကြီးချုပ် တာဝန်အထိ ထမ်းဆောင်ဖူးသူလည်းဖြစ်သည်။

မဂ္ဂါဝပ် ၆,၀၀၀ ထုတ်လွှတ်နိုင်မည့် မြစ်ဆုံစီမံကိန်းကို ၂၀၀၇ ခုနှစ်မှစတင်၍ အမှတ် (၁) လျှပ်စစ်ဝန် ကြီးဌာန၊CPI ကုမ္ပဏီနှင့် အေရှားဝေါလ်ကုမ္ပဏီများက တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အစိုးရ အနေဖြင့် လာမည့် ၂၀၃၀-၃၁ ဘဏ္ဍာရေးနှစ်တွင် လျှပ်စစ်စီမံကိန်းများမှ တပ်ဆင်စက်အင်အား မဂ္ဂါဝပ် ၂၄,၉၈၁ ရရန် မျှော်မှန်းထားခြင်း ဖြစ်သည်။Written by စိုးသန်းလင်း၊ မင်းမင်း(mizzima)