Pages

Thursday, December 12, 2013

ASUS PadFone Mini (Dual-SIM)


နာမည်ကြီးကုမ္ပဏီတွေရဲ့ နာမည်ကြီးဖုန်းတွေကို သုံးနေရတာ ငြီးငွေ့လာပြီ ဆိုရင်တော့ အခြား Brand, အခြား ဖုန်းအမျိုးအစား တွေကိုလည်း လှည့်လည်ကြည့်ရှု သင့်တယ်လို့ အကြံပေးပါရစေ။

ဒါကြောင့် MCG ပရိသတ်တွေ အတွက် အသစ်ထွက်ရှိလာတဲ့ ‘ASUS Padfone Mini’ နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ထိုင်ဝမ်အခြေစိုက် ကွန်ပျူတာကုမ္ပဏီ ASUS မှ ထုတ်လုပ်လိုက်တာ ဖြစ်ပြီး SIM ကဒ်နှစ်မျိုး သုံးနိုင်မယ့် (Dual-SIM) အမျိုးအစား ဖြစ်ပါတယ်။

အခုက ‘PadFone Mini’ ဆိုတော့ သူ့ရှေ့မှာ ASUS ရဲ့ PadFone အခြား Model တွေ ထွက်ရှိခဲ့ပါတယ်။ လေ့လာကြည့်ရှုချင်ရင် ဖြစ်စေ၊ ၀ယ်ယူလိုလျှင် ဖြစ်စေ “ရန်ကုန်မြို့၊ ၁၃လမ်း”မှာ ရှိတဲ့ ASUS Showroom ကို သွားရောက်နိုင်ပါတယ်။

GSM, WCDMA ကိုင်ဆောင်သူတွေ အတွက်ဖြစ်ပါတယ်။ 4G Network အထိတော့ ထောက်ပံ့ပေးထားခြင်း မရှိပါဘူး။ လိုင်းကဒ်လို့ ခေါ်ကြတဲ့ ‘SIM-Card’ နှစ်ခုကို တစ်ပြိုင်တည်းသုံးစွဲနိုင်ပြီး ကဒ်ချိုးထားတဲ့ Micro-SIM သုံးစွဲရမှာပါ။

နောက်ပိုင်းထွက် ဖုန်းတစ်လုံးအနေနဲ့ Android 4.4 (KitKat) OS ကို အသုံးပြုသင့်ပါတယ်။ ဒါပေမယ့် ဒီဖုန်းမှာ သုံးစွဲထားတာက Android 4.3 (Jelly Bean) ပါ။

အပြည့်အစုံ ဆက်လက်ဖတ်ရှုရန် > http://mmconsumerguide.com/?p=2161
Kangyi (MCG)
...ဘာပဲဝယ်ဝယ် Myanmar Consumer Guide ဖတ်ပြီးမှ ဝယ်ပါ။

No comments:

Post a Comment