Pages

Thursday, December 12, 2013

ပလောင်နှင့် ကချင်တပ်ဖွဲ့တို့ ၏ နမ့်လိတ်တောင် (ဂေါင်မောဝ်ဟိုဝ်း) တိုက်ပွဲ စစ်တမ်း Thursday, 12 December 2013 06:46 Written by တအာင်းသားလေး



နမ့်လိတ်တောင် (ဂေါင်မောဝ်ဟိုဝ်း)သည်ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာမှ ၊ နမ့်ဆောင် ကျဲ ကျေးရွာ အုပ်စု၌ တည်ရှိပါသည်။ ၄င်းတောင်ထိပ် တွင် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA) တပ်ဖွဲ့တို့၏ ယာယီ ပျောက်ကျား စခန်းတခု ရှိပါသည်။

အဆိုပါ ပျောက်ကျား စခန်းတွင်(TNLA) တပ်ရင်း (၁၁၂) မှ တပ်ခွဲ (၃) နှင့် KIA တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၈) မှတပ်ခွဲ(၂) တို့နေရာယူ ထား ပါသည်။ အင်အား စုစုပေါင်း (၅၀) ခန့်ရှိပြီး အစိုးရ တပ်တို့၏ (၂) ရက်တာပြင်းပြင်း ထန်ထန်တိုက် ခိုက်မှုကို ခံရပြီး ဆုတ်ခွာ ပေးခဲ့ရသော ယာယီပျောက်ကျား စခန်းလေး တခုဖြစ်ပါသည်။

ယာယီ ပျောက်ကျား စခန်းဆိုသည်မှာ အင်အားမမျှသော ရန်သူကို ရင်ဆိုင်ရာတွင် မိမိအင်အား မပြုန်းတီးစေ ရန်ထိမ်း သိမ်းခြင်း အားဖြင့် လည်းကောင်း၊ အချိန် ကြာမြင့်စွာခံတိုက်မှုကို ရှောင်ရှား စေလိုသဖြင့် ခိုင်ခန့်သော စခန်းမျိုးမဟုတ်ဘဲ အချိန်မရွေး ပြုပြင်ပြောင်း လဲနိုင်သော၊ ဆုံးရှုံးမှု မရှိနိုင်သော ယာယီ စခန်းမျိုး ကိုဆို လိုခြင်း ဖြစ်ပါသည်။ (စာရေးသူ)

အစိုးရ တပ်များသည် အဆိုပါ စခန်းအား ဒီဇင်ဘာ (၄) ရက်နေ့နှင့် (၅) ရက်နေ့တွင်ပြင်း ထန်စွာတိုက် ခိုက်ခဲ့ပါသည်။ လက်နက်ကြီး များဖြင့်နာရီနှင့် ချီပြီး အကြိမ်ပေါင်း များစွာ ပစ်ခတ်ပြီးမှ တက်ရောက် တိုက်ခိုက်သော နည်းဗျူဟာကို ကျင့်သုံး ခဲ့ပါသည်။

ထို့အပြင် ဤသို့သော ပစ်ခတ်မှုဖြင့် စခန်းကြေ လောက်သည့် အခြေအနေသို့ ဆိုဒ်ရောက်ပြီးမှ စခန်းထဲသို့ လေးဖက်လေး တန်မှ အင်အားအလုံး အရင်းနှင့် တက်ရောက်ရှင်း လင်းခဲ့သည့် တိုက်နည်းကို ဆက်လက် အသုံးပြု ခဲ့သော နည်းဗျူဟာ မြောက် စစ်ဆင်ရေး ဖြစ်ပါသည်။

သို့သော်လည်း အဆိုပါနည်းနှင့် တိုက်ခဲ့ရာမှာ ပထမရက်တွင် နှစ်ကြိမ်တိုင် တိုင်ထိုးစစ်ဆင်ခဲ့ သော်လည်း အကျအဆုံး များစွာနှင့် ရပ်တန့်ခဲ့ ရပါသည်။ ဒုတိယ နေ့ဖြစ်သော ဒီဇင်ဘာ (၅) ရက်နေ့တွင် မနက်(၆) နာရီမှ နေ့လည် (၁၀) နာရီအထိ ကျင့်သုံးနေကျ နည်းကို သုံးပြီး ပြင်းပြင်း ထန်ထန် ထပ်မံစစ် ဆင်ပြန်ပါသည်။ သို့သော်လည်း ဘဲ TNLA နှင့် KIA တပ်ဖွဲ့တို့၏ ခုခံမှုကြောင့် ထိခိုက်မှု များစွာဖြင့် ရပ်တန့် သွားပြန်ပါသည်။

တိုက်ပွဲအခြေအနေသုံးသပ်ချက်။

TNLA နှင့် KIA တပ်ဖွဲ့တို့သည် ပျောက်ကျား စနစ်၏ ကျင့်ထုံးအရ မိမိ အင်အားကို အနစ်နာခံ တိုက်ခိုက်သော စနစ်ကို ရှောင်ကျဉ် ရမည်ဖြစ်သဖြင့် မိမိဖက်မှ အနာမခံ လိုသောကြောင့် နမ့်လိတ်တောင် စခန်းမှ ဒီဇင်ဘာ (၅) ရက်နေ့ညနေ ပိုင်းတွင် ဆုတ်ခွာပေး ခဲ့သည်ဟု TNLA အတွင်းရေး မှူးဒုတိယ ဗိုလ်မှူးကြီး ဝီဒွည်တာဘုန်းကျော် ကဆိုပါသည်။

ဤနမ့်လိတ်တောင် စခန်းကို ဒီဇင်ဘာ (၇)ရက်နေ့မနက်တွင် အစိုးရ တပ်မှ ခုခံမှုမရှိဘဲ တက်ရောက် သိမ်းပိုက်ခဲ့ပါသည်။ ဤအချိန်မှ စပြီးယနေ့ အထိ တိုက်ခိုက် မှုများ ရပ်တန့် နေပါသည်။ ထိခိုက် ကျဆုံးမှု အနေအထား များမှာအစိုးရ တပ် ဖွဲ့ ဖက်မှ ၂၀ ကျော် ကျဆုံးပြီး ၃၀ ကျော်ထိခိုက် ဒဏ်ရာ ရရှိကြောင်း၊နှင့်TNLA နှင့် ကချင်ဘက်မှ တဦး ကျဆုံးပြီး (၃) ဦး အနဲငယ် ဒဏ်ရာရရှိ ကြကြောင်း တာ ဘုန်းကျော်က ဆိုပါသည်။

“ အစိုးရ တပ်တွေ နမ့်လိတ်တောင် တိုက်ပွဲ အပြီးပေါ့လေ။ သူတို့ ထိခိုက်ဒဏ်ရာရ သူတွေကို ပြန်သယ်တဲ့ အချိန်မှာ မျက်မြင်တွေ့ ရှိသူတွေရဲ့ အဆိုအရ ကတော့ ကျဆုံးသူ တွေရဲ့ သေနတ် လက်နက်အပို ၂၆ လက်တွေ့ရတယ်။ ပြီး တော့ ဒါဏ်ရာရသူတွေကို ဖိုးဝီးကား နဲ့ ၃ စီး၊ ထော်လာဂျီ နဲ့ တစီး သယ်သွားတာ အယောက် ၃၀တော့မလျော့ ဘူး ပြောလို့ သိရတယ်လေ။” ဟု ဆိုပါသည်။

ထိုအထဲတွင် ပန်းဆေး ကျော်မြင့်၏ ပြည်သူ့စစ်အဖွဲ့ မှ ၃ ဦးကျဆုံးပြီး ၁ဦးအ ပြင်းအထန် ဒဏ်ရာရ ရှိကြောင်း ဆိုပါသည်။ TNLA တပ်ရင်း (၁၁၂) နှင့် အစိုးရတို့ ဖြစ်ပွားခဲ့ သော နိုဝင်ဘာ လနှင့် ဒီဇင်ဘာလ အတွင်း တိုက်ပွဲ များတွင် ပန်ဆေးပြည် သူ့စစ်များ အနဲဆုံး ၂၅ ဦးထက် မနဲကျဆုံးသည် ဟု ပလောင် ဖက်က ဆိုပါသည်။

အင်အား ချိန်ခွင်လျှာ အနေ အထားများ။

နမ့်လိတ်တောင် တိုက်ပွဲ၌TNLA မှ တပ်ရင်း ၁၁၂ ၊ တပ်ခွဲ (၃) နှင့် KIA တပ်ရင်း ၈ တပ်ခွဲ (၂) တို့ စုစုပေါင်း အင်အား ၅၀ မျှသာ နေရာယူ ခုခံ နေခြင်းဖြစ် သည်ဟု တာဘုန်းကျော်က ဆိုပါသည်။

အစိုးရ တပ်အင် အားများမှာ စခန်းသို့ စစ်ကူ မလာနိုင်ရန် အတွက် အင်အား (၂၀၀) ခန့် နှင့် ဖြတ်တောက် ထားပြီး နောက်ထပ် အင်အား (၂၀၀) ခန့်ဖြင့် လမ်းကြောင်း (၄)လမ်း မှ ထိုးစစ်ဆင် တိုက်ခိုက် ခဲ့သော ချေမျုန်းရေး စစ်ပွဲဖြစ် ပါသည်။

အစိုးရ စစ်ဆင်ရေး တပ်ဖွဲ့များ မှာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ကွတ်ခိုင်၊ နမ့်ဖက်ကာ အခြေစိုက် ခလရ (၁၂၃)၊ ဟိုပန် အခြေစိုက် ခလရ (၁၄၃)နှင့် ခလရ (၁၄၅)၊ ကွတ်ခိုင် အခြေစိုက် ခလရ (၄၅) နှင့် မြောက်ပိုင်း တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ဒေါပုန်ယမ်း အခြေစိုက် ခလရ (၁၄၂) တပ်ရင်းမှ ပူးပေါင်း စစ်ကြောင်း များ ဖြစ်ပြီး တပ်မ ၃၃ တပ်များ ဟု ယူဆရသော တပ်ရင်း စစ်ကြောင်း များမှ အရန် တပ်များပါဝင် သည်ဟုဆိုပါသည်။ တပ်မ တပ်များကို ဖြတ်တောက် အင်အားဖြင့် အသုံးပြုခဲ့ပြီး စုစုပေါင်း အင်အား (၄၀၀)ခန့် ရှိသည့် တပ်ပေါင်း စစ်ဗျူဟာ တခုဖြစ် ပါသည်။

TNLA နှင့်KIA တပ်ဖွဲ့တို့ သည် အင်အား မမျှသော ရန်သူကို ၄င်းတို့ ချီတက်လာ နိုင်သော လ မ်းကြောင်းတွင် ရှေ့ ထွက်မိုင်းများနှင့် လက် နက်ကြီးဖြင့် ထိမ်းပြီး လုံခြုံရေး ရှိသော နေရာကောင်း ကိုယူ၍ ကာပစ်ခဲ့သော ကြောင့် အစိုးရ တပ်များ ရှေ့မတိုးနိုင်ဘဲ ထိခိုက် ကျဆုံးမှု များခဲ့ရခြင်း ဖြစ်သည်ဟု သုံးသပ်ထား ပါသည်။

ထို့အပြင် အစိုးရတပ်ဖွဲ့ ၏ လက်နက်ကြီးများ သည် ပစ်အားကောင်း သော်လည်း ထိရောက်မှု မရှိဘဲ တာဝန်ကြေ အ ပျော်သဘော သဖွယ် အသွင် မျိုး ပစ် ခတ်နေကြ သဖြင့် ထိရောက်မှု မရှိဟု ဆိုပါသည်။ ဤသို့ကြောင့် ရန်သူ၏ ထိခိုက်မှု အတိုင်းအတာ ကို တွက်ချက်ပြီး မိမိအင်အား ထိခိုက်မှုကို ထိမ်းသိမ်းသော အားဖြင့် ဆုံးရှုံးမှု ဘာ မျှမရှိ သော ယာယီစခန်းကို လက်လွတ်လိုက် ခြင်း ပင်ဖြစ်ကြောင်း တာဘုန်းကျော်က ဆိုသွားခဲ့ပါသည်။
တိုက်ပွဲဖြစ်ပွားခဲ့သော ဂေါင်မောဝ်ဟိုဝ်းတောင်ခြေ တနေရာမှ အမှတ်တရ ဓါတ်ပုံ - ( TNLA )

No comments:

Post a Comment