Pages

Monday, December 9, 2013

မံစီမြို့နယ် ၊ မံဖွကျေးရွာမှ ရှမ်းအမျိုးသားများ ကိုကေအိုင်အေမှ ဖမ်းခေါ်သွား



"ဒီရက်ပိုင်းမှာ နန့်ဟန်ရွာ တ၀ိုက်နဲ့ အောက်ချောင်းကျေးရွာများ၊ မုန်းဒိန်ပါကျေးရွာဒေသ
ဖက်တွေမှာ တိုက်ပွဲတွေနေရာအနှံ ဖြစ်နေတဲ့အတွက် ရွာသားတွေဟာ မံစီ ၊မိုင်းခေါင်နဲ့ ဗန်း
မော်ဖက်သို့ထွက်ပြေးနေကြတယ်။ရိတ်လက်စနဲ့လုံးဝ မရိတ်ရသေးတဲ့စပါးတွေကိုပစ်ပြီးပြေး
နေရတယ်ကြားလို့ ကျနော်တို့ အမြန်ပြီးအောင်စပါးပုံကြ ၊စပါးခြွေနေကြတဲ့ (၄.၁၂.၂၀၁၃)
မနက် ၉ နာရီခွဲခန့်မှာ ပစ္စည်းတခုလိုလို့ရွာပြန်ပြီးယူနေချိန် ကေအိုင်အေတွေဝင်လာပြီလို့
ကြားတယ်။ပစ္စည်းယူပြီးခပ်လှမ်းလှမ်းကနေ အပင်ပေါ်တက်ပြီး ကြည့်တော့ ယောင်္ကျားမှန်
သမျှ ဖမ်းခေါ်သွားတာပဲ ၊ ကျနော် တက်နေတဲ့အပင်နားကိုတောင်ရောက်လာတယ်။ကျနော်
လဲ ငြိမ်ငြိမ်လေးနေပြီးပုန်းနေလို့ သာသီသီလေးလွတ်ခဲ့တယ်" ဟု မံဖွရွာသားရှမ်းလူငယ်တဦး
ကပြောသည်။
မံဖွကျေးရွာသည် မံစီမြို့မှ တမိုင်ခွဲခန့်ဝေးပြီး ဗန်းမော် ၊နမ့်ခမ်းကားလမ်းဘေးတွင်ရှိ
သော ရှမ်လူမျိုးများနေသည့်ရွာဖြစ်ပြီး ၊လယ်ယာအလုပ်ဖြင့်အသက်မွေးကြကြောင်းသိရသည်။
မံဖွကျေးရွာ သားများဖြစ်ကြသည့် ဦးသန်းထွန်း၏သား မောင်အိုက်စိုင်း (၁၇)နှစ် ၊ဦးထွန်းမြင့်
၏သား မောင်အောင်စိန် (၁၇)နှစ် ၊ ဦးလား၏သား မောင်ဥာဏ်သိန်း (၁၇)နှစ် ၊ဦးမောက်ဟိန်း
၏သား မောင်မြင့်တင် (၁၇)နှစ် ၊ဦးညွန့်၏သား ကိုတာတီး (၁၉) နှစ် ၊ဦးကျန်ပေါင်း၏သား
မောင်ရွှေ (၂၀)နှစ် ၊ဦးမောင်လေး၏သား ကိုအေးကျော် (၂၂)နှစ် ၊ဦးအိုက်လွန်း၏သားကို
အောင်ဇော်ဦး (၂၄)နှစ် ၊ဦးဖိုးလှ၏သားကိုထွေးကိုကို (၂၅)နှစ် ၊ဦးခမ်း၏သားကိုဖါပေါင်း(၂၅)
နှစ် ၊ဦးထွန်းရွှေ၏သား ကိုမောက်စီ (၂၅)နှစ် ၊ဦးအောင်ဆာ၏သားကိုအောင်ပေါင်း (၂၅)နှစ်
၊ဦးလောဟူး၏သား ကိုထွန်းအောင်(၂၇)နှစ် ၊ဦးမောင်ကြီး၏သားကိုခမ်းအိုက် (၂၇) နှစ် ၊
ဦးစံဆမ်း၏သား ကိုသန်းမြင့် (၂၇)နှစ် ၊ဦးခမ်းစီ၏သား ကိုကျော်သိန်း (၃၅)နှစ် ၊ကိုကျော်
လင်း (၃၅)နှစ် ၊ဦးစံပိုက်၏သား ကိုအိုက်ခမ်း(၄၂)နှစ် ၊ဦးမိုင်ဟိန်း၏သားကိုထွေးမောင်(၄၂)
နှစ် ၊ဦးအိုက်စိ၏သား ကိုအောင်မြင့်(၄၀)နှစ် ၊ဦးအောင်ဖိန်၏သား ဦးလှရွှေ (၅၅)နှစ် (ဥက္ကဌ
ဟောင်း) တို့စုစုပေါင်း ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူ (၂၁) ယောက်ဖြစ်ပြီး ၊ခြံစည်းရိုး
ကျော်ပြီး ထွက်ပြေးလွတ်မြောက် သွားတဲ့ (၁၁) ယောက်မှာ မူယနေ့အထိရွာသို့ပြန်မရောက်
ကြသေးကြောင်း ကျားဖြူပါတီဝင်တဦးကပြောသည်။
ကေအိုင်အေ တပ်ရင်း(၁) နှင့် ရင်း (၂၇)တို့စိုးမိုးထားသည့် ဗန်းမော်-နမ့်ခမ်းကားလမ်း
ကိုပြန်လည်ထိန်းချုပ်နိုင်ရန် နှင့် သစ်တရားမ၀င်ခိုးထုတ်နေမှုများကိုဖမ်းဆီးအရေးယူနိုင်ရန်
အတွက် စကခ(၂၁) လက်အောက်ခံတပ်ရင်းများ မှ ထိုးစစ်ဆင်နေသောကြောင့် မုန်းဒိန်ပါ
၊နမ့်လင်းပါ ၊ ကောင်လွင် ၊မခေါ်ယံ ၊နန့်ဖူ စသည့် ကျေးရွာများတွင်တိုက်ပွဲကြီး /ငယ် (၄၀)
ကျော် ဖြစ်ပွားခဲ့ပြီး (၂) ဖက် အကျအဆုံးများစွာရှိနေကြောင်းစုံစမ်းသိရှိရသည်။

ဦးဦးငြိမ်း (ဗန်းမော်)

No comments:

Post a Comment