Pages

Wednesday, December 25, 2013

အိပ်မက်နဲ့ ပတ်သက်တဲ့ အချက်(၈) ချက်

၁။ သင်က သင့်အိပ်မက်ရဲ့ ၉၀% လောက်ကို မေ့သွားတယ်။ အိပ်ရထပြီး ၅ မိနစ်မှာ ၅၀% လောက်မေ့သွားပြီ။ ၁၀ မိနစ်အတွင်းမှာ ၉၀% လောက်မေ့သွားတယ်။

၂။ မျက်စိမမြင်တဲ့ သူတွေလည်း အိပ်မက်မက်ကြတယ်။ မွေးဖွားပြီးမှာ မျက်စိကွယ်တဲ့သူတွေက ပုံရိပ်တွေကို အိပ်မက်ထဲမှာ မြင်နိုင်တယ်။ မွေးကတည်းက မျက်စိကွယ်တဲ့ သူတွေကတော့ အသံ၊ အနံ့၊ အထိအတွေ့၊ ခံစားမှု တွေနဲ့ ပတ်သက်တဲ့ အိပ်မက်တွေ မက်ပါတယ်။

၃။ အိပ်မက်တွေထဲမှာ ကိုယ် မျက်နှာမြင်ဖူးတဲ့ သူတွေပဲမက်ပါတယ်။ ဦးနှောက်က ဘယ်တော့မှာ မျက်နှာ အသစ်တွေ မထွင်ဘူး။ နေ့တိုင်း ကျွန်တော်တို့က နေ့တိုင်း လူပေါင်း ၁၀၀၀ လောက်တွေ့မြင်နေရတယ်တဲ့!

၎။ လူတိုင်း အရောင်စုံစုံလင်လင်နဲ့ အိမ်မက် မမက်ဘူး။ ၁၂% က အဖြူအမည်း နဲ့ အိပ်မက်မက်ပါတယ်။ ကျန်တဲ့ ၈၈% ကတော့ color နဲ့ မက်ပါတယ်။ ၁၉၁၅ တုန်းက လူအများစုက အဖြူအမည်းနဲ့ အိပ်မက်မက်ပါတယ်။ ၁၉၆၀ ကျတော့မှ color နဲ့ တော်တော်များများ စမက်တာပါ။ ဒါက ဘာဖြစ်လို့လဲဆိုတော့ color TV တွေ စသုံးလာကြလို့ပါတဲ့။

၅။ အိပ်မက်တွေ စိတ်အနှောင့်အယှက်ဖြစ်တာ ပိုများတယ်တဲ့။ ကောင်းတဲ့ အိပ်မက်ထက် မကောင်းတဲ့ အိပ်မက်တွေက ပိုများနေပါတယ်။

၆။ တစ်ညကို ၄ ကြိမ်မှ ၇ ကြိမ်ထိ အိပ်မက်မက်ပါတယ်။ အိပ်မက်တစ်ခုက ၁နာရီမှ ၂နာရီ အတွင်း ကြာနိုင်ပါတယ်။

၇။ ယောကျာ်းတွေနဲ့ မိန်းမတွေက အိပ်မက်မက်ပုံ ကွဲပြားပါတယ်။ ယောကျာ်းတွေက တစ်ခြားယောကျာ်းအကြောင်းကို ၇၀% လောက် မက်ပါတယ်။ မိန်းမတွေကတော့ ယောကျာ်း၊ မိန်းမ မျှတစွာ မက်ပါတယ်။

၈။ ဟောက်နေတဲ့ အချိန်မှာ အိပ်မက်မက်ပါဘူး။
Credit ဗဟုသုတကျေးရွာ

No comments:

Post a Comment