Pages

Tuesday, December 17, 2013

ဗန်းမော်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ



ကချင်ပြည်နယ် ၊ဗန်းမော်မြို့ ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်စု (၁) မှ ရဲအုပ်အောင်
ကိုနိုင် ၊ တပ်ကြပ်ကြီး ဆိုင်းအောင် ၊ ဒုတပ်ကြပ်အောင်မိုးနိုင် ၊ ဒုတပ်ကြပ် စောနန္ဒ တို့သည် ဟန်းတဲရပ်ကွက်အုပ်ချုပ်ရေးမှူးဦးအေးလွင် ၊ ကန်တော်ရပ် ရာအိမ်မှူး ဦးမြင့်ဆွေတို့နှင့်အတူ ဒီဇင်ဘာ ၁၅ ရက်နေ့ နံနက်၁၀ နာရီခွဲက ဟန်းတဲရပ်ကွက် ၊ကန်တော်ရပ် အိမ်အမှတ်(ဟတ/၈၉) နေဦးအောင် လွင်ဦး၏ နေအိမ်တွင် မူးယစ်ဆေးဝါးရောင်းချနေကြောင်းသတင်းအရမူးယစ်ဆေးဝါး နေအိမ်ရှာဖွေခွင့် ၀ရမ်းအမှတ် ၄၁/၂၀၁၃ ဖြင့်ဝင်ရောက်ရှာဖွေကြရာ ၄င်းနေအိမ်အိပ်ခန်းအတွင်း တွင် အောင်လွင်ဦး အားတွေ့ရှိပြီး ရှာဖွေစစ်ဆေးကြရာ၎င်းအိပ်သည့် အိပ်ရာခေါင်းအုံးအောက်မှ အနက်ရောင် ကြွပ်ကြွပ် အိတ်အပိုင်းအစဖြင့် ထုတ်ထားသည့်WY စာတမ်းပါ အနီရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ၊ အလေးချိန် ၂၀ ဂရမ်ခန့် ပါတစ်ထုတ် ၊ အနက်ရောင်ကြွပ်ကြွပ် အိတ်အပိုင်းအစဖြင့် ထုတ်ထားသည့် WY စာတမ်းပါ အနီရောင်စိတ်ကြွရူးသွပ်ဆေးပြား(၇၀) အလေးချိန် (၇) ဂရမ်ခန့်ပါ တစ်ထုပ် နှင့်အောင်လွင် ဦးဝတ်ဆင် ထားသည့် အစိမ်းရောင် ပျောက်ကျားအနွေးထည်အင်ကျီ လက်ရှည် ၀ဲဖက်အောက် အိပ်ကပ်အတွင်းမှ အနက်ရောင် ကြွပ်ကြွပ်အိတ်အပိုင်းအစဖြင့်ထုတ်ထားသည့် WY စာတမ်းပါအနီရောင် စိတ်ကြွ ရူးသွပ်ဆေးပြား  ၁၀၀ ၊ အလေးချိန် ၁၀ ဂရမ်ခန့်ပါ တစ်ထုတ် ၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၃၇၀ 
( အလေးချိန် ၃၇ ဂရမ်ခန့်) ရှာဖွေတွေ့ရှိသဖြင့် ဥပဒေအရအရေးယူပေးရန် ရဲအုပ်အောင် ကိုနိုင် ကတိုင်တန်းခဲ့သဖြင့် မြို့မ ရဲစခန်းမှ မယ (ပ)၁၀၆/၂၀၁၃ မူး/စိတ်ပုဒ်မ၁၅/၁၉(က) အရအမှုဖွင့် ၍ အောင်လွင်ဦး (၄၂) နှစ် ၊ (ဘ) ဦးသန်းထွန်း ၊ တောင်သူ ၊ ဗမာ/ဗုဒ္ဓ ကန်တော်ရပ် ၊ဟန်းတဲရပ်ကွက် ၊ဗန်းမော်မြို့နေထိုင်သူနှင့် စိတ်ကြွရူးသွပ်ဆေးပြားရောင်းချပေးသူ ဦးမာဂမ် ၊နန့်လင်းပါကျေးရွာ မန်စီမြို့နယ် (ထွက်ပြေး) တို့ကို အမှု စစ်ရဲအုပ်ဇော်လေး က စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဆီမီးခုံ-နန်းရီ

No comments:

Post a Comment