နိုင်ငံတော် အာဏာ၏ ဗဟိုချက် နေရာသစ်များမှာ ဦးသိန်းစိန်အစိုးရ၊
လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ပဲ့ကိုင် နေသည့် ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦး ဆောင်နေသည့်
တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင် သည့် ဒီမိုကရက်တစ်
အတိုက်အခံများ ဖြစ်ကြသည်။အထက်ဖော်ပြပါ အင်အား စု ၄ စုမှ တစ်စုချင်းစီအား
သီးခြား ခွဲထုတ် ထားသော ဆက်ဆံရေးကို တရုတ်နိုင်ငံ က တည်ဆောက်နေပါသည်။
တရားဝင်အစိုးရချင်း ဆက်ဆံရေး အဆင့်တွင် အတိတ် ကာလနှစ်နိုင်ငံကြား
ပြဿနာများသည် ချောမွေ့ပြေပြစ်ခဲ့ပုံ ရပြီး မြန်မာနိုင်ငံနှင့်
အနောက်နိုင်ငံတို့ အကြား သံခင်းတမန်ခင်း နွေးထွေးလာ ခဲ့သော
၂ဝ၁၁ခုနှစ်ကာလနှင့် တိုက်ဆိုင် စွာပြဿနာများ ပေါ်ပေါက်လာခဲ့ရသည်။
၂ဝ၁၃ ခုနှစ် စောစောပိုင်းတွင် ကချင်ပဋိပက္ခကို တရုတ်နိုင်ငံက တင်း တင်းမာမာ
ဝင်ရောက်စွက်ဖက်ခဲ့ပြီး နောက် နယ်စပ်ဒေသများ၌ တည်ငြိမ်လု နီးပါးအခြေ အနေ
ပြန် ရခဲ့ပါသည်။ ယခု အခါ ဒေသခံများက ဆန့်ကျင်ကန့်ကွက် နေသော
လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းကိုလည်း ပြန်လည် လုပ်ကိုင် ရန်
ဦးသိန်းစိန်အစိုး ရက သဘော တူ ထားပြီးဖြစ်သည်။ ကန်ဒေါ်လာ ၃ ဒသမ ၆
ဘီလျံတန်ဖိုးရှိ မြစ်ဆုံရေကာ တာစီမံကိန်းကိုပင် ပြန်လည်အဖြေရှာ ရန်
ညှိနှိုင်းတိုင်ပင်နေကြပါသည်။
ဧပြီလက နှစ်စဉ်ကျင်းပသည့် Boao Forum တွင် တရုတ်ခေါင်းဆောင် သစ်ရှီကျင်းပင်နှင့်လည်းကောင်း၊ အောက် တိုဘာလကကျင်းပခဲ့သော အရှေ့အာရှ ထိပ်သီးအ စည်းအဝေးတွင် တရုတ်ဝန် ကြီးချုပ်လီခဲ့ချန်းနှင့်လည်းကောင်း
မြန် မာသမ္မတ ဦးသိန်းစိန်ကတွေ့ဆုံခဲ့ပြီး လူထုပရိသတ်အကြား၌ နှစ်နိုင်ငံ
ဆက် ဆံရေးသည် တည်ငြိမ်ေ ကာင်းမွန်လျက် ရှိပုံရပါသည်။
နှစ်နိုင်ငံအစိုးရပိုင် မီဒီ ယာများမှ သမိုင်းဝင်နှစ်နိုင်ငံ မိတ်ဖက်
တည်ရှိမှုတို့ကို ပုံမှန်ချီးမွန်းတင်ပြနေ သော်လည်း ယနေ့ မြန် မာနိုင်ငံ၏
လွတ် လပ်သော ပုဂ္ဂလိက မီဒီယာများကမူ နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပိုမို၍
ဝေဖန်ဆန်းစစ်နိုင်ကြသည်။
တရားဝင် ချစ်ကြည်ရေးပုံရိပ်များ က
နှစ်နိုင်ငံကြား မနွေးတနွေးဖြစ်နေ သော ပကတိအခြေအနေတို့ကို ဖုံးကွယ်
ထားသော်လည်း တရုတ်ခေါင်းဆောင် များ၏ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလမှ ပြန်
လည်ဖွဲ့စည်းခဲ့သည့် ပေါ်လစ်ဗျူရို အမြဲ တမ်းကော်မတီ (Politburo Standing
Committee (PBSC) မှ ခေါင်းဆောင် တစ်ဦးတစ်ယော က်မျှ မြန် မာနိုင်ငံသို့
လာရောက်လည်ပတ်ခြင်း မရှိသည်မှာ အံ့အားသင့်စရာ ဖြစ်သည်။တရုတ်သမ္မတရှီနှင့်
ဝန်ကြီးချုပ်လီတို့သည် ယခုဆောင်းဦးကာလ ချစ်ကြည်ရေးခရီး စဉ်များ အဖြစ်
အာဆီယံ အဖွဲ့ဝင်နိုင်ငံများကို သွားရောက်လည်ပတ်ခဲ့ပြီး PBSC ပေါ်လစ်ဗျူရို
အမြဲ တမ်းကော်မတီအဖွဲ့ဝင် အချို့လည်း စင်ကာပူနှင့်
ကမ္ဘောဒီးယားနိုင်ငံများသို့ သွားရောက်ခဲ့ကြသည်။ တရုတ်နိုင်ငံခြား
ရေးဝန်ကြီးဝမ်ယိသည်လည်း မြန်မာ နှင့် ဖိလစ်ပိုင်နိုင်ငံမှအပ အခြားအာဆီ ယံ
၈နိုင်ငံသို့ ၆ ကြိမ်သွားရောက် လည် ပတ်ခဲ့သည်။
စီးပွားရေး
မျက်နှာစာတွင် ၂ဝ၁၁ ခုနှစ် ဘဏ္ဍာရေးနှစ်နှင့် နှိုင်းယှဉ်ကြည့် လျှင် ၂ဝ၁၂
ခုနှစ်အတွင်း မြန်မာနိုင်ငံ ၌ တရုတ်တို့၏ တိုက်ရိုက် ရင်းနှီးမြှုပ်
နှံမှုများသည် ၉ဝ ရာခိုင်နှုန်းကျော် ကျ ဆင်းသွားပြီး တရုတ်စီမံကိန်းအချို့
ရပ် ဆိုင်းခံရခြင်းနှင့် မရေရာသော မူဝါဒ များက တရုတ်အစိုးရပိုင် ကုမ္ပဏီကြီး
များ၏ အစောပိုင်း စိတ်အားထက် သန်မှု များကို ဆုတ်ယုတ်စေခဲ့သည်။
ဦးသိန်းစိန် အစိုးရ၏ အချို့မူဝါဒများသည် ပေကျင်းကို စိတ်ပျက်စေသော်လည်း
ထိုအနုတ်လက္ခဏာဆောင်သော ကိစ္စများသည် ဦးသိန်းစိန်၏ တာဝန် သာ ဖြစ်ပြီး ပြည်ေ
ထာင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် သက်ဆိုင်ခြင်း မရှိဟု
တရုတ်နိုင်ငံက ယူဆသည်။ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သည်
တရုတ်နိုင်ငံ၏ မိတ်ဖက်နိုင်ငံရေး အင် အားစုတစ်ရပ်အနေဖြင့် ဆက်လက်
တည်ရှိနေလိမ့်မည်ဟု တရုတ်တို့က မျှော်လင့်ကြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လက်ရှိ ဥက္ကဋ္ဌ လည်းဖြစ်သူ
သူရဦးရွှေမန်း၏ နိုင်ငံရေးအင်အားနှင့် ရည်မှန်းချက်တို့ ကို
အမြော်အမြင်ကြီးစွာ ချီးမွန်းပြောဆို ကြသည်။
၂ဝ၁၅
ရွေးကောက်ပွဲတွင် ဦးရွှေ မန်းသမ္မတ ဖြစ်နိုင်သည်ဟု တရုတ်သု တေသီတို့၌
ပုဂ္ဂလိကအမြင်များ ရှိနေ ကြပြီး ပေကျင်းက သူရဦးရွှေမန်းနှင့် ရင်းနှီးသော
ဆက် ဆံရေးကို ထူထောင် ထား လိုကြသည်။ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ၏
စွမ်းရည်မြှင့်တင်ရေးအ တွက်လည်း တရုတ်တို့က ကူညီရန် စိတ် အား ထက်သန် လျက်
ရှိကြသည်။တရုတ်နိုင်ငံ၏ ရှင်းလင်းသော နိုင်ငံရေး
ခွဲဝေရင်းနှီးမြှုပ်နှံမှုတစ်ခုမှာ မြန်မာ့ ဒီမိုကရက်တစ်အတိုက်အခံများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့်လည်း ပိုမိုကောင်းမွန်သည့်ဆက်ဆံရေးတစ်
ရပ် ထူထောင်နေခြင်းပင် ဖြစ်သည်။ အ ထူးသဖြင့် တစ်နေ့တခြား နိုင်ငံရေးသြ
ဇာကြီးမားလာသော NLD ခေါင်း ဆော င် ဒေါ်အောင် ဆန်းစုကြည်အား ပြည်တွင်း ပြည်ပ
မူဝါဒကိစ္စများတွင် ဖော်ပြလာရပြီး သူမအား တရုတ်နိုင်ငံသို့ တရားဝင်
ချစ်ကြည်ရေးခရီးဖိတ်ခေါ်ရန် နှင့် နည်းလမ်းများ သည် တရုတ် မူဝါဒ
ချမှတ်သူတို့အတွက် ခေါင်းကိုက်စရာ အခြေအနေ ဖြစ်နေတုန်းပင်။ သူမ၏
နိုဘယ်ဆုရှင် ရဲဘော်ရဲဘက်များဖြစ်ကြ သည့် ဒလိုင်းလားမားနှင့် လျှူဇီယောင်
ဘိုတို့  သည် တရုတ်ပြည်၌ နိုင်ငံတော်၏ ရန်သူ စာရင်းဝင်များဖြစ်ကြကာ၊ ကမ္ဘာ့
ဒီမိုကရေစီခေါင်းဆောင် တစ်ဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ သင်္ကေတ ပြုသော
တန်ဖိုး များသည်လည်း လက်ရှိ တရုတ် အာဏာရှင်စနစ်နှင့် ပြဒါးတစ် လမ်း
သံတစ်လမ်း ဖြစ်နေသည်။
သို့သော် တရုတ်ရင်းနှီးမြှုပ်နှံမှု ဖြစ်ကာ
အငြင်းပွားဖွယ် လက်ပံတောင်း တောင် ကြေးနီစီမံကိန်းဆက်လက်လုပ် ကိုင်နိုင်ရန်
ဒေါ်အောင် ဆန်းစုကြည် ၏ ထောက် ခံ မှုကြောင့်လည်းကောင်း၊ နိုင်ငံ ရေးအရ
ထိလွယ်ရှလွယ်သော ဘင်္ဂါလီ ပဋိပက္ခတွင်လည်း သူမက ပြင်းထန်စွာ ဝေဖန်ပြောကြားမှု
မလုပ်ခြင်းကြောင့် လည်းေ ကာင်း ဒေါ်ေ အာင်ဆန်းစုကြည် အား နိုင်ငံရေး
အတွေးအခေါ်ပိုင်းထက် လက်တွေ့နိုင်ငံရေး လိုအပ်ချက်များကို ဦးစားပေး
နားလည်သူဟု တရုတ်တို့က မြင်နိုင် လာခဲ့ကြ သည်။
အနာဂတ်နိုင်ငံတကာ
”အုပ်စု”ရွေးချယ်မှုနှင့် ပတ်သက်ပြီး တရုတ်တို့ က ဒေါ်အောင်ဆန်းစုကြည်အပေါ်
ရှိ နေသည့် စိုးရိမ်မှုများသည်လည်း ခိုင်မာ သော တရုတ်-မြန်မာ ဆက်ဆံရေးကို
သူမက လူသိရှင်ကြား ထောက်ခံလိုက် သည့်အခါ လျော့နည်းသွားခဲ့ရပါသည်။ အတိုက်အခံ
နိုင်ငံရေးသမားတစ်ဦး အနေဖြင့် တရားဝင် လုပ်ဆောင်နိုင် စွမ်း အပေါ်အခြေခံကာ
၂ဝ၁၄ ခုနှစ်အတွင်း တရုတ်တို့က ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံတော်
ဧည့်သည်တစ်ဦးအဖြစ် ဖိတ်ကြားလိမ့်မည်ဖြစ်ကြောင်း တရုတ် သုတေ သီအချို့က
ယုံကြည်ကြသည်။
မြန်မာနိုင်ငံရေး အခင်းအကျင်း သစ်၌ အခြေတကျ ဖြစ်ရန်
ကြိုးစားရုန်း ကန်နေကြသည့် နိုင်ငံရေး အင်အားစု အားလုံးတွင် တပ်မတော်သည်
တရုတ် တို့၏ အရင်းနှီးဆုံး မိတ်ဖက်အဖွဲ့အစည်း ဖြစ်ပုံရသည်။ ယင်းကိစ္စမှာလည်း
ယ ခင် မြန်မာနိုင်ငံ စစ်အစိုးရနှင့် တရုတ် နိုင်ငံအကြား ရှိခဲ့သည့်
အထူးဆက်ဆံ ရေးကြောင့်လည်းကောင်း၊ ၂ဝ၁၁ ခုနှစ် မတိုင်ခင်က သြဇာကြီးမားခဲ့သော
ဗိုလ် ချုပ်တစ်ဦးချင်းစီတို့နှင့် ရှိခဲ့သော ပုဂ္ဂလိ က
ရင်းနှီးကျွမ်းဝင်မှုတို့ ကြောင့်လည်း ကောင်း ကျန်ရှိသည့် အခြေအနေတစ် စိတ်
တစ်ပိုင်းဖြစ်ပြီး နိုင်ငံရေး အမြင်နှင့် စီးပွားရေး
ဘုံအကျိုးအမြတ်တို့အတွက် ယင်းအထူးနှောင်ကြိုးများသည် ခိုင်မာ ခဲ့ရသည်။
နှစ်နိုင်ငံ အစိုးရ နှစ်ရပ်အကြား နိုင်ငံရေးအရ၊ စီးပွားရေးအရ ဆက်ဆံ
ရေးများ အေးစက်သွားသော်လည်း တပ်မတော် အဆင့်မြင့်အရာရှိများအ ကြား
အပြန်အလှန် လည် ပတ်မှုများ သည် ၂ဝ၁၃ ခုနှစ်တွင် အထူးတိုးတက် ခဲ့သည်ဟု
ပေကျင်းကမြင်သည်။ တရုတ်နိုင်ငံဗဟိုစစ်ရေးကော်မ ရှင် ဒုတိယဥက္ကဋ္ဌ
ဖန်ချန်လောင်းသည် ဇူလိုင်လက မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ပြီး
အပြန်အလှန်အားဖြင့် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီး
ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တရုတ်နိုင် ငံ ပေကျင်းသို့
သွား ရောက် လည်ပတ်ကာ တရုတ်ခေါင်း ဆောင်များနှင့် တွေ့ဆုံခဲ့သည်။ မြန်မာ
နိုင်ငံရှိ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ ရေးသည် တရုတ်-မြန်မာ တပ်မေ တာ်
နှစ်ရပ်အကြားရှိ စစ်သင်တန်းများ၊ စစ် ရေးအကူအညီများနှင့် စစ်လက်နက်
ရောင်းချမှုများအပေါ် သက်ရောက်မှု ရှိပုံ မရပေ။
မြန်မာ့နိုင်ငံရေးတွင် ခြားနားနေ သည့် နိုင်ငံရေးအာဏာ ဗဟိုချက်မများ အပေါ်
တရုတ်တို့က ခြားနားသော ချဉ်းကပ်မှုများ၊ ကွဲပြားသောမူဝါဒများကို
အသုံးပြုနိုင်နေခြင်း ကို က တရုတ်နိုင်ငံ ၏ ပါးနပ်သော မဟာဗျူဟာနှင့် သိမ်
မွေ့နက်နဲသော သံရေးတမန်ရေးတို့ကို ဖော်ပြနေသည်။ နှစ်နှစ်တာကာလမျှ
ရှုပ်ထွေးပွေလီ နားလည်ရခက်သော အ ခြေအနေများ နောက်ပိုင်း မြန်မာနိုင်ငံ၏ ပကတိ
နိုင်ငံရေးအခြေအနေသစ်ကို တရုတ်တို့က တက်ကြွစွာ ရင်ပေါင်တန်း အမီလိုက်နေပြီ
ဖြစ်သည်။
မူလဆောင်းပါးရှင် ယွင်ဆွန် (Yun Sun) သည် ကမ္ဘာ့လုံခြုံရေးစိန်ခေါ်မှုများနှ င့် ငြိမ်းချမ်းရေးကို လေ့လာနေသည့် အကျိုးအမြတ်မယူသော၊ ပါတီ ဘက်လိုက်မှုကင်းသော
Stimson Center မှ East Asia Program အဖွဲ့ ဝင်တစ်ဦး ဖြစ်သည်။
Credit by လက်ျာထွန်း in ဆောင်းပါးများ / Popular Myanmar News Journal
Asia Times :China adapts to new Myanmar reality, by Yun Sun ကို ဆီလျော်အောင် ပြန်ဆိုပါသည်။
၂ဝ၁၃ ခုနှစ် စောစောပိုင်းတွင် ကချင်ပဋိပက္ခကို တရုတ်နိုင်ငံက တင်း တင်းမာမာ ဝင်ရောက်စွက်ဖက်ခဲ့ပြီး နောက် နယ်စပ်ဒေသများ၌ တည်ငြိမ်လု နီးပါးအခြေ အနေ ပြန် ရခဲ့ပါသည်။ ယခု အခါ ဒေသခံများက ဆန့်ကျင်ကန့်ကွက် နေသော လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းကိုလည်း ပြန်လည် လုပ်ကိုင် ရန် ဦးသိန်းစိန်အစိုး ရက သဘော တူ ထားပြီးဖြစ်သည်။ ကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံတန်ဖိုးရှိ မြစ်ဆုံရေကာ တာစီမံကိန်းကိုပင် ပြန်လည်အဖြေရှာ ရန် ညှိနှိုင်းတိုင်ပင်နေကြပါသည်။
ဧပြီလက နှစ်စဉ်ကျင်းပသည့် Boao Forum တွင် တရုတ်ခေါင်းဆောင် သစ်ရှီကျင်းပင်နှင့်လည်းကောင်း၊
တရားဝင် ချစ်ကြည်ရေးပုံရိပ်များ က နှစ်နိုင်ငံကြား မနွေးတနွေးဖြစ်နေ သော ပကတိအခြေအနေတို့ကို ဖုံးကွယ် ထားသော်လည်း တရုတ်ခေါင်းဆောင် များ၏ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလမှ ပြန် လည်ဖွဲ့စည်းခဲ့သည့် ပေါ်လစ်ဗျူရို အမြဲ တမ်းကော်မတီ (Politburo Standing Committee (PBSC) မှ ခေါင်းဆောင် တစ်ဦးတစ်ယော က်မျှ မြန် မာနိုင်ငံသို့ လာရောက်လည်ပတ်ခြင်း မရှိသည်မှာ အံ့အားသင့်စရာ ဖြစ်သည်။တရုတ်သမ္မတရှီနှင့် ဝန်ကြီးချုပ်လီတို့သည် ယခုဆောင်းဦးကာလ ချစ်ကြည်ရေးခရီး စဉ်များ အဖြစ် အာဆီယံ အဖွဲ့ဝင်နိုင်ငံများကို သွားရောက်လည်ပတ်ခဲ့ပြီး PBSC ပေါ်လစ်ဗျူရို အမြဲ တမ်းကော်မတီအဖွဲ့ဝင် အချို့လည်း စင်ကာပူနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ သွားရောက်ခဲ့ကြသည်။ တရုတ်နိုင်ငံခြား ရေးဝန်ကြီးဝမ်ယိသည်လည်း မြန်မာ နှင့် ဖိလစ်ပိုင်နိုင်ငံမှအပ အခြားအာဆီ ယံ ၈နိုင်ငံသို့ ၆ ကြိမ်သွားရောက် လည် ပတ်ခဲ့သည်။
စီးပွားရေး မျက်နှာစာတွင် ၂ဝ၁၁ ခုနှစ် ဘဏ္ဍာရေးနှစ်နှင့် နှိုင်းယှဉ်ကြည့် လျှင် ၂ဝ၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ ၌ တရုတ်တို့၏ တိုက်ရိုက် ရင်းနှီးမြှုပ် နှံမှုများသည် ၉ဝ ရာခိုင်နှုန်းကျော် ကျ ဆင်းသွားပြီး တရုတ်စီမံကိန်းအချို့ ရပ် ဆိုင်းခံရခြင်းနှင့် မရေရာသော မူဝါဒ များက တရုတ်အစိုးရပိုင် ကုမ္ပဏီကြီး များ၏ အစောပိုင်း စိတ်အားထက် သန်မှု များကို ဆုတ်ယုတ်စေခဲ့သည်။
ဦးသိန်းစိန် အစိုးရ၏ အချို့မူဝါဒများသည် ပေကျင်းကို စိတ်ပျက်စေသော်လည်း ထိုအနုတ်လက္ခဏာဆောင်သော ကိစ္စများသည် ဦးသိန်းစိန်၏ တာဝန် သာ ဖြစ်ပြီး ပြည်ေ ထာင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် သက်ဆိုင်ခြင်း မရှိဟု တရုတ်နိုင်ငံက ယူဆသည်။ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သည် တရုတ်နိုင်ငံ၏ မိတ်ဖက်နိုင်ငံရေး အင် အားစုတစ်ရပ်အနေဖြင့် ဆက်လက် တည်ရှိနေလိမ့်မည်ဟု တရုတ်တို့က မျှော်လင့်ကြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လက်ရှိ ဥက္ကဋ္ဌ လည်းဖြစ်သူ သူရဦးရွှေမန်း၏ နိုင်ငံရေးအင်အားနှင့် ရည်မှန်းချက်တို့ ကို အမြော်အမြင်ကြီးစွာ ချီးမွန်းပြောဆို ကြသည်။
၂ဝ၁၅ ရွေးကောက်ပွဲတွင် ဦးရွှေ မန်းသမ္မတ ဖြစ်နိုင်သည်ဟု တရုတ်သု တေသီတို့၌ ပုဂ္ဂလိကအမြင်များ ရှိနေ ကြပြီး ပေကျင်းက သူရဦးရွှေမန်းနှင့် ရင်းနှီးသော ဆက် ဆံရေးကို ထူထောင် ထား လိုကြသည်။ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ၏ စွမ်းရည်မြှင့်တင်ရေးအ တွက်လည်း တရုတ်တို့က ကူညီရန် စိတ် အား ထက်သန် လျက် ရှိကြသည်။တရုတ်နိုင်ငံ၏ ရှင်းလင်းသော နိုင်ငံရေး ခွဲဝေရင်းနှီးမြှုပ်နှံမှုတစ်ခုမ
သို့သော် တရုတ်ရင်းနှီးမြှုပ်နှံမှု ဖြစ်ကာ အငြင်းပွားဖွယ် လက်ပံတောင်း တောင် ကြေးနီစီမံကိန်းဆက်လက်လုပ် ကိုင်နိုင်ရန် ဒေါ်အောင် ဆန်းစုကြည် ၏ ထောက် ခံ မှုကြောင့်လည်းကောင်း၊ နိုင်ငံ ရေးအရ ထိလွယ်ရှလွယ်သော ဘင်္ဂါလီ ပဋိပက္ခတွင်လည်း သူမက ပြင်းထန်စွာ ဝေဖန်ပြောကြားမှု မလုပ်ခြင်းကြောင့် လည်းေ ကာင်း ဒေါ်ေ အာင်ဆန်းစုကြည် အား နိုင်ငံရေး အတွေးအခေါ်ပိုင်းထက် လက်တွေ့နိုင်ငံရေး လိုအပ်ချက်များကို ဦးစားပေး နားလည်သူဟု တရုတ်တို့က မြင်နိုင် လာခဲ့ကြ သည်။
အနာဂတ်နိုင်ငံတကာ ”အုပ်စု”ရွေးချယ်မှုနှင့် ပတ်သက်ပြီး တရုတ်တို့ က ဒေါ်အောင်ဆန်းစုကြည်အပေါ် ရှိ နေသည့် စိုးရိမ်မှုများသည်လည်း ခိုင်မာ သော တရုတ်-မြန်မာ ဆက်ဆံရေးကို သူမက လူသိရှင်ကြား ထောက်ခံလိုက် သည့်အခါ လျော့နည်းသွားခဲ့ရပါသည်။ အတိုက်အခံ နိုင်ငံရေးသမားတစ်ဦး အနေဖြင့် တရားဝင် လုပ်ဆောင်နိုင် စွမ်း အပေါ်အခြေခံကာ ၂ဝ၁၄ ခုနှစ်အတွင်း တရုတ်တို့က ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံတော် ဧည့်သည်တစ်ဦးအဖြစ် ဖိတ်ကြားလိမ့်မည်ဖြစ်ကြောင်း တရုတ် သုတေ သီအချို့က ယုံကြည်ကြသည်။
မြန်မာနိုင်ငံရေး အခင်းအကျင်း သစ်၌ အခြေတကျ ဖြစ်ရန် ကြိုးစားရုန်း ကန်နေကြသည့် နိုင်ငံရေး အင်အားစု အားလုံးတွင် တပ်မတော်သည် တရုတ် တို့၏ အရင်းနှီးဆုံး မိတ်ဖက်အဖွဲ့အစည်း ဖြစ်ပုံရသည်။ ယင်းကိစ္စမှာလည်း ယ ခင် မြန်မာနိုင်ငံ စစ်အစိုးရနှင့် တရုတ် နိုင်ငံအကြား ရှိခဲ့သည့် အထူးဆက်ဆံ ရေးကြောင့်လည်းကောင်း၊ ၂ဝ၁၁ ခုနှစ် မတိုင်ခင်က သြဇာကြီးမားခဲ့သော ဗိုလ် ချုပ်တစ်ဦးချင်းစီတို့နှင့် ရှိခဲ့သော ပုဂ္ဂလိ က ရင်းနှီးကျွမ်းဝင်မှုတို့ ကြောင့်လည်း ကောင်း ကျန်ရှိသည့် အခြေအနေတစ် စိတ် တစ်ပိုင်းဖြစ်ပြီး နိုင်ငံရေး အမြင်နှင့် စီးပွားရေး ဘုံအကျိုးအမြတ်တို့အတွက် ယင်းအထူးနှောင်ကြိုးများသည် ခိုင်မာ ခဲ့ရသည်။
နှစ်နိုင်ငံ အစိုးရ နှစ်ရပ်အကြား နိုင်ငံရေးအရ၊ စီးပွားရေးအရ ဆက်ဆံ ရေးများ အေးစက်သွားသော်လည်း တပ်မတော် အဆင့်မြင့်အရာရှိများအ ကြား အပြန်အလှန် လည် ပတ်မှုများ သည် ၂ဝ၁၃ ခုနှစ်တွင် အထူးတိုးတက် ခဲ့သည်ဟု ပေကျင်းကမြင်သည်။ တရုတ်နိုင်ငံဗဟိုစစ်ရေးကော်မ ရှင် ဒုတိယဥက္ကဋ္ဌ ဖန်ချန်လောင်းသည် ဇူလိုင်လက မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ပြီး အပြန်အလှန်အားဖြင့် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီး
မြန်မာ့နိုင်ငံရေးတွင် ခြားနားနေ သည့် နိုင်ငံရေးအာဏာ ဗဟိုချက်မများ အပေါ် တရုတ်တို့က ခြားနားသော ချဉ်းကပ်မှုများ၊ ကွဲပြားသောမူဝါဒများကို အသုံးပြုနိုင်နေခြင်း ကို က တရုတ်နိုင်ငံ ၏ ပါးနပ်သော မဟာဗျူဟာနှင့် သိမ် မွေ့နက်နဲသော သံရေးတမန်ရေးတို့ကို ဖော်ပြနေသည်။ နှစ်နှစ်တာကာလမျှ ရှုပ်ထွေးပွေလီ နားလည်ရခက်သော အ ခြေအနေများ နောက်ပိုင်း မြန်မာနိုင်ငံ၏ ပကတိ နိုင်ငံရေးအခြေအနေသစ်ကို တရုတ်တို့က တက်ကြွစွာ ရင်ပေါင်တန်း အမီလိုက်နေပြီ ဖြစ်သည်။
မူလဆောင်းပါးရှင် ယွင်ဆွန် (Yun Sun) သည် ကမ္ဘာ့လုံခြုံရေးစိန်ခေါ်မှုများနှ
Stimson Center မှ East Asia Program အဖွဲ့ ဝင်တစ်ဦး ဖြစ်သည်။
Credit by လက်ျာထွန်း in ဆောင်းပါးများ / Popular Myanmar News Journal
Asia Times :China adapts to new Myanmar reality, by Yun Sun ကို ဆီလျော်အောင် ပြန်ဆိုပါသည်။
No comments:
Post a Comment