ကချင်ပြည်နယ် ၊ဗန်းမော်မြို့ ဘိုးဘွားရိပ်သာတွင် အဘိုး (၈)ဦး ၊အဘွား(၉)ဦး
စုစုပေါင်း ၁၇ဦးတို့အားအသက်ရှည်ခြင်း ၊ကျန်းမာခြင်း ၊စိတ်ချမ်းသာခြင်းများရရှိစေရန်ရည်ရွယ်၍ ခရိုင်/မြို့နယ်ဌာနဆိုင်ရာကုသိုလ်ရှင်များက ဒီဇင်ဘာ ၁၃ ရက်နေ့နံနက် ၁၀ နာရီက ဘိုးဘွားရိပ်သာ၌အဘိုးအ ဘွားများအားငွေကျပ် ၂၃၁၀၀၀လှူ ဒါန်းပူဇော်ခဲ့ကြသည်။
လှူဒါန်းငွေကျပ် ၂၃၁၀၀၀ တွင် အဟာရဒါန ကျွေးမွေးရန် ဒီဇင်ဘာ ၁၅
ရက်နေ့အတွက် ငွေကျပ် ၃၇၀၀၀ ၊ ၁၆ ရက်နေ့အတွက် ငွေကျပ် ၃၇၀၀၀ ၊ ၁၇
ရက်နေ့အတွက် ငွေကျပ် ၃၆၀၀၀ ၊၁၈ ရက်နေ့အ တွက်ငွေကျပ် ၃၆၀၀၀ ၊စုစုပေါင်းငွေကျပ် ၁၄၆၀၀၀ ၊အဘိုးအဘွားတစ်ဦးလျှင်ငွေကျပ် ၅၀၀၀ နှုန်းဖြင့် ၁၇ ဦးအတွက်ငွေကျပ် ၈၅၀၀၀ ၊အားလုံးစုစုပေါင်းငွေကျပ်၂၃၁၀၀၀ကိုဌာနဆိုင်ရာများကိုယ်စားရုပ်/ သံဦးစီးအ ရာရှိ ဦးနိုင်အောင်စိုးက ပေးအပ်ရာ ဘိုးဘွားရိပ်သာ ဂေဟာမှုးဦးညွန့်လွင်က လက်ခံယူပြီးအဘိုးဦးစိုးညွန့် ကကျေးဇူးတင်စကားပြောကြားသည်။
“ကချင်ပြည်နယ်အတွင်းမှာ ဗန်းမော်မြို့တစ်ခုထဲသာ ဘိုးဘွားရိပ်သာရှိတယ်။အဘိုးအဘွား၁၇ဦး တို့အား နေ့စဉ်နံနက်၆နာရီတွင်နံနက်စာ၊နံနက်၁၀နာရီခွဲတွင် နေ့လည်စာ ၊ မွန်းလွဲ ၂ နာရီတွင် လက် ဖက်ရေ/မုန့် ၊ ညနေ ၄ နာရီခွဲတွင် ညစာများ စားသုံးနိုင်ရန်စီစဉ်ပေးရတယ်။စေတနာရှင် ၊ကုသိုလ်ရှင်များက လစဉ်လှူဒါန်းငွေကျပ်၈၀၀၀၀၀ ခန့်ရရှိတယ်။မွေးနေ့ရှင်များ ၊အလှူဒါနပြုသူများကလည်းလာရောက်
လှူဒါန်းကြတယ်။အဟာရဒါနအတွက် တစ်ရက်အသုံးစရိတ် ငွေကျပ် ၃၇၀၀၀ ခန့်ရှိတယ်။ကျန်းမာရေး/အခြားအသုံးစရိတ်အတွက် အလှူငွေများလိုအပ်နေတယ်” ဟု ဂေဟာမှူးဦးညွန့်လွင်ကပြောပြသည်။
ဆီမီးခုံ-နန်းရီ
No comments:
Post a Comment