၂၀၁၃
ခုနှစ်အတွက် ရက်ရောစွာပေး ကမ်းမှုအခြေပြဇယား (World Giving Ind- ex) ကို
Charities Aid Foundation အဖွဲ့က ထုတ်ပြန်ခဲ့ရာ၌ ကမ္ဘာ့
အဆင်းရဲဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည်
ဒုတိယရက်ရောမှုအရှိဆုံးနိုင်ငံအဖြစ် သတ်မှတ်ဖော်ပြခြင်းခံခဲ့ရသည်။
အဆိုပါစာရင်းကို ထုတ်ပြန်ခဲ့သည့် Charities Aid Foundation သည်
ဗြိတိန်နိုင်ငံအခြေစိုက်အဖွဲ့အစည်း တစ်ခုဖြစ်ပြီး တိုက်ကြီးခြောက်ခုတွင် ရုံးခွဲများ ဖွင့်လှစ်ထားသည့် အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
၂၀၁၃ ခုနှစ်အတွက် ရက်ရောစွာပေးကမ်းမှုအခြေအနေကို တိုင်းတာရာတွင်
နိုင်ငံပေါင်း ၁၃၅ နိုင်ငံကို စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။လူစိမ်းများအားအကူအညီပေးမှု၊ ငွေကြေးလှူဒါန်းမှုနှင့်အခမဲ့လုပ်အားပေးမှု
အခြေအနေများပေါ်တွင်မူတည်တိုင်းတာထားခြင်းဖြစ်ပြီးရက်ရောမှုအရှိဆုံးနိုင်ငံအဖြစ်အမေရိကန်နိုင်ငံက ဖော်ပြခံရပြီး
မြန်မာနိုင်ငံက ဒုတိယအဖြစ် ကနေဒါ၊ နယူးဇီလန် တို့နှင့်အတူ
သတ်မှတ်ဖော်ပြခံခဲ့ရသည်။
မြန်မာနိုင်ငံကိုအမှတ်ပေးရာတွင်သူစိမ်းတစ်ရံများအားကူညီမှုအတွက်၄၆ရာခိုင်နှုန်း၊အခမဲ့လုပ်အားပေးခြင်းအတွက် ၄၃ရာခိုင်နှုန်းနှင့် ငွေကြေးလှူဒါန်းမှုအတွက်၈၅ရာခိုင်နှုန်းရရှိခဲ့သည်။ မြန်မာနိုင်ငံ၏လူဦးရေ၁၀ ယောက်တွင် ကိုးယောက်ကမိမိကိုယ်မိမိဗုဒ္ဓဘာသာအဖြစ်သတ်မှတ်ကြပြီးစစ်တမ်းကောက်ယူရာ၌ငါးယောက်တွင်
လေးယောက်သည် ၎င်းတို့အနေဖြင့် တစ်လအတွင်း အနည်းဆုံး ငွေကြေးလှူဒါန်းမှု
တစ်ကြိမ်ပြုလုပ်ခဲ့သည်ဟု ဖြေဆိုခဲ့ကြသည်။
လက်ရှိစာရင်းဇယားများအရ မြန်မာနိုင်ငံသည်အရှေ့တောင်အာရှတွင်တစ်ဦးချင်းဝင်ငွေအနည်းဆုံးနိုင်ငံဖြစ်ပြီး အာရှတွင်
အာဖဂန်နစ္စတန်နိုင်ငံအပြီး အဆင်းရဲဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်သည်။

No comments:
Post a Comment