မိချောင်းကန်
သပိတ်စခန်းမှ တာဝန်ရှိသူများနှင့် သင်္ဃန်းကျွန်းမြို့နယ် ပြည်
သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်တို့ ဒီဇင်ဘာ ၈ ရက်နေ့လည် ၁၂ နာရီ
အချိန်တွင် တွေ့ဆုံခဲ့ပြီး သပိတ်စခန်း ရုတ်သိမ်းရေးအတွက်
ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်
မိကျောင်းကန်သပိတ်စခန်းမှာ တာဝန်ရှိသူများက တောင်းဆိုချက် (၇) ချက်ကို တောင်းဆိုခဲ့ပြီး ဦးသိန်းညွန့် ကသပိတ်မှောက်ဆန္ဒပြသူများအားပုဒ်မ၁၈ ဖြင့်အရေးမယူရေး၊တရားစွဲဆိုထားသောအမှုများကိုပြန်လည်ရုတ်သိမ်းးပေးရေး၊ အသိမ်းခံရသောမြေများအတွက် လျော်ကြေးငွေပြန်လည်ရရှိအောင်ဆောင်ရွက်ပေးရေးတို့ကိုသက်ဆိုင်ရာရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့်ညှိနှိုင်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ဆန္ဒပြသူများအနေနှင့်လည်း ဆီးဂိမ်းပွဲရှိနေ၍သပိတ်စခန်းကိုပြန်လည်ရုတ်သိမ်းပေးဖို့ကိုလည်းဦးသိန်းညွန့်ကညှိနှိုင်းခဲ့ပါတယ်၊ညှိနှိုင်းခဲ့သည်များကို မိကျောင်းကန်သပိတ်စခန်းမှ ယနေ့ ညနေ (၄) မှာအကြောင်းပြန်မှာဖြစ်ကြောင်းသိရပါတယ်
သတင်း-ဓာတ်ပုံ ယမင်းဦး
Credit To >DVB TV News

No comments:
Post a Comment