Pages

Monday, December 9, 2013

ကချင်ပြည်နယ် ၊ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ ကေအိုင်အေက ဖမ်းဆီးခေါ်ဆောင် သွားခြင်းခံရသော မိသားစုဝင်များအားတွေ့ဆုံအားပေးစကားပြော

      
               ကချင်ပြည်နယ် ၊ရှမ်းမျိုးနွယ်စု ရေးရာအဖွဲ့ဥက္ကဌ ဦးစိုင်းထိန်လင်းနှင့်အဖွဲ့ဝင်
များ ၊ကချင်ပြည်နယ်သတင်းစာဆရာများအသင်းအလုပ်အမှု ဆောင်ကော်မတီဥက္ကဌ/အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များသည် ဒီဇင်ဘာ၉ ရက်နေ့ နံနက် ၈ နာရီကျော်က ဗန်းမော်မြို့မှထွက်ခွာ ၍ ၉ နာရီတွင် မန်စီမြို့သို့ရောက်ရှိကြပြီးရှမ်းမျိုးနွယ်စုဝင်များ ၊သက်ဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ ၍ ကေအိုင်အေ အဖွဲ့က အပြစ်မဲ
့ပြည်သူများဖမ်ဆီးခေါ်ဆောင်ခြင်းကိစ္စကိုဆွေးနွေးခဲ့ကြသည်။
           ဒီဇင်ဘာ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီက မန်စီမြို့နယ် ကျော်ခေါင်ရွာနှင့် မန်ဖွကျေးရွာအကြား စပါးခြွေလှေ့နေသော အပြစ်မဲ့ပြည်သူ ၂၁ ဦးကို ကေအိုင်အေအဖွဲ့ က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြရာ ၊ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော မိသားစုဝင်များ ၊ရှမ်းမျိုးနွယ်စုဝင်များ နှင့်ဘုန်းတော်ကြီးကျောင်းများတွင်တွေ့ဆုံဆွေးနွေးကြသည်။
          ဆက်လက် ၍ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ဥက္ကဌ နှင့်အဖွဲ့ဝင်များ ၊ပြည်နယ်သတင်းစာ ဆရာများအသင်းအလုပ်အမှုဆောင်ကော်မတီဝင်များသည် ဗန်းမော်မြို့နယ် သိန်လင်ကျေးရွာသို့ ညနေ ၄ နာရီတွင် ရောက်ရှိကြပြီး ဒီဇင်ဘာ ၇ ရက်နေ့ ညနေပိုင်းက ကေအိုင်အေ အဖွဲ့က သိန်လင်ကျေးရွာနေ လူငယ် ၆ ဦးကိုမန်စီမြို့ အရှေ့မြောက်ဖက် တစ်မိုင်ခန့်အကွာတွင်ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသောမိသားစု ၀င်များနှင့်တွေ့ဆုံ ၍ အားပေးစကားပြောကြားကြသည်။
        ဒီဇင်ဘာ၎ရက်နေ့ နှင့်၇ရက်နေ့တို့တွင်ကေအိုင်အေမှအပြစ်မဲ့ပြည်သူများ ဖမ်းဆီး ခေါ် ဆောင်ခြင်းခံရသော လူဦးရေပေါင်း (၂၇) ဦးရှိကြောင်းသိရှိရသည်။

ဆီမီးခုံ-နန်းရီ

No comments:

Post a Comment