Pages

Saturday, December 14, 2013

မိုးမောက်(၇) မိုင်ကျေးရွာတွင် ခင်ပွန်းက ဇနီးအားဓါးဖြင့် ခုတ် ၍ ဇနီးသေဆုံး

ကချင်ပြည်နယ် ၊ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့နယ် မြို့မရဲစခန်းမှဒုရဲအုပ် ဇော်
ထက်အောင်သည်ဒီဇင်ဘာ ၁၄ ရက်နေ့ နံနက် က စခန်း၌ တာဝန်မှူးဆောင်
ရွက်နေစဉ် နံနက် ၇ နာရီခွဲတွင် (၇)မိုင်အောင်မြေကျေးရွာ၌ လူသတ်မှုဖြစ်ပွား
ကြောင်း ၊ (၇) မိုင်ကျေးရွာနေ စိုင်းထွန်းထွန်းနိုင်မှ ၄င်း၏ဇနီး မနန်းအေဦး (ခ)
မခင်မာလာဦးအား ဓါးဖြင့် ခုတ် ၍ သေဆုံးသွားကြောင်း ကျေးရွာ အုပ်ချုပ်ရေး
မှူးဦးကျားယုံမှ သတင်းပေးပို့သဖြင့် စခန်းမှူး၊ဒုရဲမှူး အေးကျော်ထံ တင်ပြပြီး
စခန်းမှူး ၊ဒုစခန်းမှူး၊ သက်သေ များနှင့်အတူ (၇) မိုင်အောင်မြေကျေးရွာသို့
သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ မနန်းအေဦး(ခ) မခင်မာလာဦး (၂၁) နှစ်
(ဘ) ဦးအောင်ငြိမ်း ၊ရှမ်း/တရုတ် ၊ မှာ နေအိမ်ရှေ့တံစက်မြိတ်အောက်တွင်
မှောက်လျှက်အနေအထားဖြင့် နောက်ကျောတင်ပါးအထက် ခါးတွင် အရှည်
(၉)လက္မခန့် ၊ အနက် (၃) လက္မခန့် ပြတ်ရှ ဒဏ်ရာ (ဆက်လျက်) (၂) ချက်၊
ဝဲဖက်လည်ပင်းတွင် အရှည် (၃) လက္မခန့် ၊ အနက် (၃) လက္မခန့် ပြတ်ရှ ဒဏ်
ရာ (၁) ချက် ၊ ဒဏ်ရာများရရှိခဲ့ပြီးအခင်းဖြစ်နေရာတွင် သေဆုံးခဲ့ရာ ဥပဒေ
အရ အရေးယူပေးရန် ဒုရဲအုပ် ဇော်ထက်အောင်က တိုင်ကြားခဲ့သဖြင့် မြို့မရဲစ
ခန်းက (ပ)၃၂/၂၀၁၃ ၊ ပြစ်မှု ပုဒ်မ=၃၀၂ အရ အမှုဖွင့် ၍ စိုင်းနိုင်နိုင်ထွန်း
(၃၆) နှစ် (ဘ)ဦးစိုင်း စပ်မောင် ၊ ရှမ်း/တရုတ် ၊ တောင်သူ (၇) မိုင်အောင်မြေကျေး
ရွာ ၊ မိုးမောက်မြို့နယ် နေထိုင်သူကို အမှုစစ် ဒုရဲမှူး အေးကျော် ( စခန်းမှုး) က                      စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ဆီမီးခုံ-နန်းရီ

No comments:

Post a Comment