Pages

Monday, December 9, 2013

ရှမ်းနှစ်သစ်ကူးပွဲတော် ဗန်းမော်၌စည်ကားသိုက်မြိုက်စွာကျင်းပ

       
ကချင်ပြည်နယ် ၊ဗန်းမော်မြို့နယ်ရှမ်းစာပေနှင်
့ယဉ်ကျေးမှု အဖွဲ့ကကြီးမှုးလျှက်
၂၀၀၈ ခုနှစ်မြောက်ရှမ်းနှစ်သစ်ကူးပွဲတော်ကို ဖိုးဒေ၀ကျေးရွာဘုန်းတော်ကြီးကျောင်း
၌ ဒီဇင်ဘာ ၇ ရက်မှ ၉ ရက်နေ့ ညအထိစည်ကားသိုက်မြိုက်စွာကျင်းပကြသည်။
ရှမ်းနှစ်သစ်ကူးပွဲတော်၌ မြို့နယ်အတွင်းရှိ ကျေးရွာ ၂၀ ကျော်နှင့် မြို့ပေါ်ရှိ ရှမ်းမျိုးနွယ်စုဝင်များက ဒီဇင်ဘာ ၇ ရက်နှင့် ၉ ရက်နေ့များတွင် နံနက် ပိုင်းမှ ည
ပိုင်းအထိ စတိတ်ရှိုးများကပြသီဆိုခြင်း ၊ရှမ်းအိုးစည်ဗုံမောင်းသီးခတ်ခြင်း ၊မီးရှုးမီး ပန်းများပြစ်ဖောက်လွတ်တင်ခြင်း ၊ရှမ်းရိုးရာယဉ်ကျေးမှု အကအလှများဖြင့် ဖျော်
ဖြေဆင်နွဲခဲ့ကြသည်။
ဒီဇင်ဘာ ၉ ရက်နေ့ နံနက် ၉နာရီတွင်ရှမ်း နှစ်သစ်ကူးပွဲတော်အခမ်းအနား ကျင်းပရာ မြို့နယ်ရှမ်းစာပေနှင့်ယာဉ်ကျေးမှု အဖွဲ့ဥက္ကဌ ဦးစိုင်းဖိုးနင်း ၊အဖွဲ့ဝင်ဦး
စိုင်းဖု ၊ဦးရီပွဲ ၊ ကျေးရွာအုပ်ချုပ်ရေးမှူးဦးမြင့်အောင် ၊ခရိုင်ရှမ်းစာပေနှင့်ယဉ်ကျေးမှု
အဖွဲ့ ယာယီဥက္ကဌ ဦးစိုင်းမြင့်တို့က အမှာစကားပြောကြားကြသည်။
ဆက်လက် ၍ နံနက် ၁၀ နာရီတွင် သံဃာတော်များအားနေ့ဆွမ်းဆက်ကပ်
လှူးဒါန်းကြပြီး နံနက် ၁၁နာရီတွင် ကျောင်းထိုင်ဆရာတော်ဦးဝါသ၀၏ နှစ်သစ်မ င်္ဂလာတရားတော်နာယူကြ ၍ရေစက်ချ အမျှပေးဝေကြပြီး ဆရာတော်သံဃာတော်
များကို လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြကြောင်းသိရသည်။

ဆီမီးခုံ-နန်းရီ

No comments:

Post a Comment