ဤစာသည် တစ်စုံတစ်ယောက်၏ အသက်ကိုကယ်တင်ကောင်း ကယ်တင်နိုင်ပါ၏။နေ့စဉ်မနက်
အိပ်ရာထထချင်း ရေကိုချက်ချင်း သောက်သော အလေ့အထသည် ယနေ့ဂျပန်ပြည်တွင်
ခေတ်စားနေ၏။ သိပ္ပံပညာ စမ်းသပ်ချက် များသည်ပင် နံနက်ခင်းရေသောက်ခြင်းအလေ့အထ၏
တန်ဖိုးရှိပုံကို သက်သေပြခဲ့ကြပါ၏။ ကျွန်ုပ်တို့ စာဖတ်သူပြည်သူများ အတွက်
ရေ၏အသုံးဝင်ပုံကို ဆက်လက်ဖော်ပြသွားမည် ဖြစ်ပါ၏။ ဤရေကုထုံးဖြင့်
အသက်ကြီးရောဂါ၊ ပြင်းထန်သောရောဂါများနှင့် ခေတ်သစ်ရောဂါများကို တစ်ရာ
ရာခိုင်နှုန်း ပျောက်ကင်းနိုင်ကြောင်း ဂျပန်ဆေးပညာအဖွဲ့အစည်းတစ်ခုက
တွေ့ရှိခဲ့ပါ၏။ ပျောက်ကင်းနိုင်သော ရာဂါများမှာ ခေါင်းကိုက်ခြင်း
၊ဝက်ရူးပြန်ရောဂါ၊ ဦးနှောက်အမြေးရောင် ရောဂါ၊ အန်ခြင်း၊
မျက်စိရောဂါအမျိုးမျိုး၊ နား နှာခေါင်း လည်ချောင်းရောဂါများ၊
ခန္ဓာကိုယ်ကိုက် ခဲခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ပန်းနာရင်ကျပ်ရောဂါ၊
တီဘီရောဂါ၊ အဝလွန်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ အစာအိမ်နာရောဂါ၊ဝမ်းလျှောရောဂါ၊ လိပ်ခေါင်းရောဂါ၊ ဝမ်းချုပ်ခြင်း၊ ကင်ဆာရောဂါ နှင့် အမျိုးသမီးများရာသီလာမမှန်ခြင်း တို့ဖြစ်၏။
လိုက်နာရန် နည်းလမ်းများ ၁။ မနက်အိပ်ရာနိုးနိုးချင်း သွားမတိုက်ခင်တွင်
ရေတစ်လီတာဘူးကြီး တစ်ဘူးခန့်. သို့မဟုတ် သုံးပုံနှစ်ပုံခန့် သောက်ပါ။ ၂။
ပြီးနောက် သွားနှင့်ခံတွင်း သန့်ရှင်းရေးလုပ်ပါ။ရေ သောက်ပြီး
လေးဆယ့်ငါးမိနစ်အတွင်း မည်သည့်အစာ နှင့်ရေကိုမျှ မသောက်ပါနှင့်။ ၃။
လေးဆယ့်ငါးမိနစ်ကျော်ပြီးလျှင် နဂိုစားနေကျပုံစံ အတိုင်း
မနက်စာကိုစားနိုင်ပါပြီ။ ၄။ မနက်စာ၊ နေ့လည်စာ၊ နှင့် ညစာ
စားပြီးနောက်ပိုင်း နှစ်နာရီအ တွင်း မည်သည့်အစာနှင့်ရေကိုမျှ မသောက်ရ
မစားရပါ။ ၅။ အသက်ကြီးသူများနှင့် မကျန်းမာသူများဆိုလျှင် သောက်
နိုင်သည့်ရေပမာဏမှစ၍ သတ်မှတ်ထားသောရေပမာဏထိ လေ့ကျင့် သောက်ပေးပါ။ ၆။
အထက်ပါနည်းလမ်းသည် သာမန်လူအတွက် ကျန်မာပျော်ရွှင်သော
ဘဝတစ်ခုကိုပိုင်ဆိုင်စေနိုင်ပြီး
ရောဂါဖြစ်နေသူကို ပျောက် ကင်းအောင် ကုသနိုင်ပါ၏။ အောက်တွင်
ရောဂါအမျိုးအစားအလိုက် ပျောက်ကင်းသက်သာ လျှော့နည်းစေနိုင်သော ရက်များကို
ဖော်ပြထား၏။ (၁) သွေးတိုးရောဂါ - ရက်ပေါင်း ၃၀ ရက် (၂) အစာအိမ်ရောဂါ - ၁၀.
ရက် (၃) သွေးချိုဆီးချိုရောဂါ - ၃၀. ရက် (၄) ဝမ်းချုပ်ခြင်း - ၁၀. ရက် (၅)
ကင်ဆာရောဂါ - ၁၈၀. ရက် (၆) တီဘီရောဂါ - ၉၀. ရက် (၇) အဆစ်အမြစ်ရောင်ရောဂါ - ၃
ရက် - ၂ ပတ် ရေကုထုံးတွင် ဘေးထွက်ဆိုးကျိုး မရှိပါ။ဤရေကုထုံးကို
ကျွန်ုပ်တို့၏ ဘဝတစ်လျှောက်လုံး လုပ်ဆောင်သွားနိုင်လျှင်
ကောင်း၏။ကျန်းမာပြီး တက်ကြွသောဘဝကို ရေသောက်ပြီး ပုံဖော်နိုင်ပါ၏။ ဤစာသည်
အင်တာနက် page တစ်ခုမှ ဆေးပညာဆောင်းပါး တစ်ပုဒ်ကို
ဘာသာပြန်ဆိုထားခြင်းဖြစ်ပါ၏။စာဖ တ်သူသို့မတင်ပြမှီ ကျွန်ုပ်ကိုယ်တိုင် စမ်းသပ်သောက်သုံးခဲ့ပါ၏။အလြန္သေ ဘာက်လက္ခံမိပါ၏။ ဝမ်းမမှန်သောကျွန်ုပ် ဝမ်းမှန်လာ၏။တစ်နေ့လုံးလည်း လန်းဆန်းတက်ကြွနေ၏။ရေသည်ခန္ဓာကို ယ်၏
လုပ်ငန်းဆောင်တာများကို ပုံမှန်လည်ပတ်စေခြင်းအားဖြင့် ရောဂါများကို
သက်သာပျောက်ကင်းစေနိုင်သည်ဟု ယူဆမိ၏။ ထို့ကြောင့် ဓမ္မတာရာသီလာမမှန်သော
မိန်းမများအတွက် အထူးသင့်လျော်သည်ဟု ယူဆမိ၏။သို့သော်အတွေ့အကြုံအရ
ရေကုထုံးတွင် ရေနွေးကိုသုံးသင့်၏။ညသိပ်ရေနွေး
အဆိပ်ထက်ပြင်းသည်ကိုလည်း သိထားရန်လိုအပ်ပါ၏။ ကျွန်ုပ်သည် စာဖတ်လျှင်
စာများကိုစာအုပ်ထဲမှာဘ မထားတတ်ပေ။စရဏ အကျင့်အဖြစ်သို့ပြောင်းလဲတတ်၏။
ထိုသို့ပြောင်းလဲပေးမှသာ ဘဝသည်တဆင့်ပြီးတစ်ဆင့် အကောင်းဘက်သို့
တိုးတက်ပြောင်းလဲလိမ့်မည်ဟု ခံယူ ထားပါ၏။ထိုအချက်သည် ကျွန်ုပ်၏
ကောင်းသောအချက် ဖြစ် ပါ၏။ထိုအချက်ကြောင့် မိမိကိုယ် မိမိ ပြန်၍လေးစားမိပါ၏။
ဥပမာပြရလျှင် ကျွန်ုပ်သည် ကျန်းမာရေးစာပေများကိုဖတ် ၍ နံနက်ခင်း
ရေသောက်သောအကျင့် နှင့် ထမင်းစားလျှင်ကြက်သွန်ဖြူစားသော
အကျင့်တို့ရခဲ့ပါ၏။ ဗုဒ္ဓစာပေများကိုဖတ်၍ စိတ်ထဲတွင်
လောဘ၊ဒေါသ၊မောဟအစရှိသော ကိလေသာတရားများဝင်လာလျှင် သတိလေးနှင့်ကြည့်သော
ဝိပသာနာအကျင့်ကိုရခဲ့ပါ၏။" သတိလေးနှင့်ကြည့်ရမှာ ကိုယ့် အလုပ် ၊
ကိလေသာတွေကိုပယ်ပေးမှာကတရားအလုပ်" အစရှိသော ဆရာတော်ကြီးများ၏ ဆုံးမဩဝါဒများလည်း မှတ်သားခဲ့ပါ၏။ အကြင်မာရ်နတ်သည် ကျွန်ုပ်အား ကျပ်သိန်းပေါင်းတစ်သောင်းပေးမည် ၊မင်းရဲ့အကျင့်ကိုမလုပ်ပါနှင့်ေ တာ့ဟု
ပြောလာငြားအံ့။ကျွန်ုပ်သည် ထိုကျပ်သိန်း ပေါင်းတစ်သောင်းကိုသာစွန့်မည်
ဖြစ်၏။မိမိ၏အကျင့်ကို မည်သည့်နည်းနှင့်မျှ မစွန့်။အဘယ့်ကြောင့်ဆိုသော် မနက်
ကျပ်သိန်းသုံးထောင်ငါးရာ၊ နေ့လည်ကျပ်သိန်းသုံးထောင်ငါးရာ၊
ညနေ ကျပ်သိန်းသုံးထောင်သုံး၍ မြတ်ဘုရားနှင့်တကွရဟန်းသံဃာ
များကိုလှူ၍ရသောကုသိုလ်ထက် နွားနို့တစ်ညှစ်စာ
ပွားများအားထုတ်ရသောဝိပသာနာကုသိုလ်ထူးက သာ၍မြတ်၏။ကျပ်သိန်းပေါင်း တစ်သောင်းသည် လူ့ဘုံ တစ်ဘုံတည်းတွင်သာ သုံး၍ရသောငွေဖြစ်၏။ဝိပသာနာကုသို လ်ကား
သုံးဆယ့်တစ်ဘုံသာမက နိဗ္ဗာန်တိုင်အောင်သုံးနိုင်၏။
ထိုထိုအကြောင်းများကြောင့် မိမိ၌ရှိနေသော ကောင်းသော အလေ့အကျင့်တစ်ခုကို
မည်သည့်စည်းစိမ်ဥစ္စာတို့နှင့် မလဲလှယ်လိုခြင်း ဖြစ်ပါ၏။
အကျင့်ကောင်းတစ်ခုသည် ဘဝတစ်ခုကို တိုးတက်ပြောင်း
လဲနိုင်စွမ်းရှိပါ၏။လူသားတိုင်း
အကျင့်ကောင်းများကိုကျင့် သုံးပြီး တိုးတက်အောင်မြင်သော
ဘဝများကိုပိုင်ဆိုင်ရင်း နောက်ဆုံး၌မဂ်ဖိုလ် နိဗ္ဗာန်ကို
မျက်မှောက်ပြုနိုင်ကြပါစေ...။
Credit Myanmar News Media
Credit Myanmar News Media
No comments:
Post a Comment