နိုင်ငံတော် သမ္မဦးသိန်းစိန် သမ္မတသက်တမ်း ကာလအတွင်း ၂ နှစ်နှင့် ၃ လခန့် ရပ်ဆိုင်းထားခဲ့သော မြစ်ဆုံရေးအားလျှစ်စစ်စီမံကိန်းအား
ပြန်လည်စတင်နိုင်ရန် တရုတ်ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်း China Power
Industry(CPI)မှ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် တရားဝင်
သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ကြသည်။ CPI ၏ စီမံကိန်း မန်နေဂျာ
မစ္စတာ Li Guanghua ကိုယ်တိုင် အစိုးရ၏ ချမှတ်ထားသော
မူဝါဒလမ်းစဉ်များအတိုင်း ဆက်လက်အကောင်အထည် ဖော်သွားမှာဖြစ်ပြီး စီမံကိန်း
ပတ်ဝန်းကျင်ရှိ ပြည်သူများအတွက် လူ့မှုကူညီမှုများစွာကို
ဆက်လက်ပေးသွားမည်ဟုလည်း ဆိုသည်။ မြန်မာနိုင်ငံအနေဖြင့်
ဆီးဂိမ်းပြိုင်ပွဲကို တရုတ်ကူညီမှုများဖြင့် အောင်မြင်စွာ
ကျင်းပလာခဲ့ပြီးနောက် ယခုကဲ့သို့ မြစ်ဆုံစီမံကိန်းစတင်မည့်
ရှင်းလင်းပွဲတစ်ခုကို CPI ဘက်မှ ပြုလုပ်ခွင့်ရခဲ့ခြင်းလည်း ဖြစ်သည်။Credit
Soe yazar
No comments:
Post a Comment