မြန်မာစစ်တပ် အဆင့်မြင့်အရာရှိများကို မဟာဗျူဟာသင်တန်းများ ပေးရန်အတွက်
ဗြိတိသျှစစ်တပ်အရာရှိများ ဇန်နဝါရီလဆန်းတွင် မြန်မာပြည်သို့ ရောက်ရှိမည်ဟု
ဒီဇင်ဘာ ၂၅ရက်နေ့တွင် ဗြိတိန်အစိုးရက အတည်ပြုပြောဆိုလိုက်သည်။
အရပ်သားပြည်သူများအပေါ် ဖိနှိပ်ရက်စက်သည်ဆိုသည့် နာမည်ဆိုးဖြင့်
ကျော်ကြားနေသော မြန်မာစစ်တပ်အား ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့်
လိုက်လျောညီထွေဖြစ်စေရန် ကူညီခြင်းဖြစ်သည်ဟု သံတမန်များကဆိုကြောင်း
တယ်လီဂရပ်စ်သတင်းစာက ဆိုသည်။
လူသတ်မှု၊ အဓမ္မပြုကျင့်မှုနှင့် ကလေးစစ်သားစုဆောင်းမှု စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို
ကျူးလွန်နေဆဲ မြန်မာစစ်တပ်အား ဗြိတိန်အစိုးရအနေဖြင့်
နာမည်ကောင်းပြန်ရအောင် မည်မျှကူညီသင့်သနည်းဆိုသည့် မေးခွန်းကို
လွှတ်တော်အမတ်များနှင့် လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူများက
မေးခွန်းထုတ်ခဲ့ကြသည်။
အမေရိကန်အစိုးရက မြန်မာစစ်တပ်နှင့်
တိုက်ခိုက်ရေးမပါသော ပူးတွဲလေ့ကျင့်မှုများ လုပ်ဆောင်လိုခြင်းအပေါ် ကွန်ဂရက်က
ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုနေချိန်၌ ဗြိတိသျှစစ်ဖက်အရာရှိများ
လာမည့်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ လာရောက်ကြတော့မည်ဖြစ်သည်။Credit Irrawaddy
အရပ်သားပြည်သူများအပေါ် ဖိနှိပ်ရက်စက်သည်ဆိုသည့် နာမည်ဆိုးဖြင့် ကျော်ကြားနေသော မြန်မာစစ်တပ်အား ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် လိုက်လျောညီထွေဖြစ်စေရန် ကူညီခြင်းဖြစ်သည်ဟု သံတမန်များကဆိုကြောင်း တယ်လီဂရပ်စ်သတင်းစာက ဆိုသည်။
လူသတ်မှု၊ အဓမ္မပြုကျင့်မှုနှင့် ကလေးစစ်သားစုဆောင်းမှု စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများက
အမေရိကန်အစိုးရက မြန်မာစစ်တပ်နှင့် တိုက်ခိုက်ရေးမပါသော ပူးတွဲလေ့ကျင့်မှုများ လုပ်ဆောင်လိုခြင်းအပေါ် ကွန်ဂရက်က ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုနေချိန်၌ ဗြိတိသျှစစ်ဖက်အရာရှိများ လာမည့်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ လာရောက်ကြတော့မည်ဖြစ်သည်။Credit
No comments:
Post a Comment