Pages

Tuesday, December 24, 2013

မောင်ကိန်းရွှေဆိုင်ဓားမြမှုနှင့်ပတ်သတ်၍တရားခံဟုယူဆရသူနှစ်ဦး လွတ်မြောက်နေဆဲ မန္တလေး ၊ဒီဇင်ဘာ ( ၂၄)


ယနေ.ညနေ၅နာရီခွဲက ဖြစ်ပွားခဲ.သောမန္တလေးရှိမောင်ကိန်းရွှေဆိုင်ဓားမြ တိုက်မှုတွင်ပါဝင်ကျူးလွန်ခဲ.သူ
ုံးဦးအနက်တစ်ဦးအားဖမ်းဆီးရမိပြီးဖြစ်သော်လည်းကျန်နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားသည့်အတွက် သက်ဆိုင်ရာမှအမြန်ဆုံးဖမ်းဆီးရမိရေးအတွက်မြို.အနှံပိတ်ဆို.ရှာဖွေလျှက်ရှိကြောင်း၊လက်ရှိဖမ်းဆီးရမိသူမှာဖမ်းဆီးစဉ်ကဒဏ်ရာများရရှိခဲ.သည့် အတွက်မန္တလေးဆေးရုံသို.ပို.ဆောင်ထားပြီးအမှုမှန်ပေါ်ပေါက်ရေးအတွက် ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်းမန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ.မှသ တင်းရရှိသည်။သတင်းပေးပို့ပါတယ်။

ဓါးပြတိုက်သူဟာ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားဖြစ်ပြီး လုံးထွေးသတ်ပုတ်တဲ့ ဒဏ် ကြောင့် ဆေးရုံတက်ရောက်ကုသနေရပါတယ်။

မန္တလေးမြို့ လမ်း ၈၀ × ၂၉လမ်းထောင့် ရှိ မောင်ကိန်းရွှေဆိုင်မှာ ယနေ့ ဒီဇင်ဘာ ၂၄ ရက် ညနေ ၅ နာရီအချိန်က ဓါးပြတိုက်မှုဖြစ်ပွားပါတယ်။ ဓါးပြရဲ့ လက်ထဲမှာ သေနတ်ကိုင်ဆောင်ထားပြီး ပစ်ဖောက်လုယက်တာဖြစ်ပါတယ်။ ရွှေဆိုင်က ရွှေတွေယူပြီးအထွက် ဆိုင်ကယ်ပေါ်အတက် ရွှေဆိုင်လုံခြုံရေးဝန်ထမ်းတွေက လုံးထွေးဖမ်းဆီးတာကြောင့် တစ်ဦးကို ဖမ်းမိသွားပါတယ်။

No comments:

Post a Comment