ဗန်းမော်မြို့အထင်ကရ ဂေါ်ရာကန် လှပရေးပြုပြင်

ဗန်းမော်မြို့၏အထင်ကရဖြစ်စေသော ဂေါ်ရာကန်ကြီးကိုကချင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့်ကန်ပတ်လမ်းများဖောက်လုပ်ပေး၍သန့်ရှင်းသာယာလှပစေရန် မြို့နယ်စည်ပင်သာယာအဖွဲ့က ဆောင်ရွက်ပေးလျှက်ရှိသည်။
နှစ်ပေါင်းတစ်ရာကျော်ကြာသည်အထိကန်ရေပြင်ရှိသော်လည်းကန်ပတ်လမ်းမရှိခဲ့ပေ။ယခင်က နှစ်စဉ်သီတင်းကျွတ်လ တွင်လှေပြိုင်ပွဲများကျင်းပခဲ့သည်။လှေပြိုင်ပွဲများကြောင့် ဂေါ်ရာကန်၏အလှသည် လည်းသရုပ်ပေါ်လွင်ခဲ့သည်။ဂေါ်ရာ ကန်အလှအပတွင်သာမက သိမ်မဟာစေတီပွဲ/သီတင်းကျွတ်ပွဲကျင်းပချိန်လည်းဖြစ် ၍ ပွဲတော်မှာစည်ကားလျက်ရှိသည်
ဆို၏။အင်္ဂလိပ်ဂေါ်ရာတပ်များကန်အနီးတွင်တပ်ဆွဲနေထိုင်ခဲ့၍ ဂေါ်ရာကန်ဟု ခေါ်ဆိုကြသကဲ့သို့ ဂေါ်ရာစစ်သားတစ်ဦး ကန်ရေပြင်အတွင်းရေနစ်သေဆုံးခဲ့၍ ဂေါ်ရာကန်ဟုလည်းခေါ်ဆို ကြ၏ဟုရှေ့မှီနောက်မှီ များပြောပြခဲ့ဖူးသည်။မည်သို့ပင်ဆိုစေဂေါ်ရာကန်ဟုယနေ့တိုင် အထင်ကရမှတ်တိုင်အဖြစ်ဗန်းမော်မြို့သာစည်ရပ်ကွက်တွင်မီးလုံးအလှအပများကန်ပတ် လမ်းများဖြင့်ဖူးပွင့်ဝေဆာ ခန့်ညားထည်ဝါစွာ တွေ့မြင်နေရသည်မှာကြည်နူးစရာကောင်းနေပေသည်။
ယခင်ကလမ်းလျှောက်ရဖို့နေနေသာသာကန်အတွင်းသွားလာရဖို့ခက်ခဲ့သည်။ယခုအခါ မြို့နယ်စည်ပင်သာ ယာရေးကော်မတီက ကန်ပတ်လမ်းဖောက်လုပ်ပေးပြီး ကတ္တရာလမ်းခင်းပေးခြင်း ၊လျှပ်စစ်မီးတိုင် ၂၂ တိုင်စိုက်ထူ ၍ မီးလုံး ၄၄
လုံးထွန်းပေးခြင်းတို့ကြောင့် ကန်ပတ်လမ်းတွင်
လမ်းလျှောက်သူများ၊စစ်ဘီးဆိုင်ကယ်စီးသွားသူများစည်ကားလျှက်ရှိသည်။
အေးမြသောဆောင်းရာသီ၏ဆောင်းနှင်းမြူအကြားကန်ရေပြင်ကိုဖြတ်ကျော်လာသည့် လေပြေ၊လေအေးများ ကိုရှုရှိုက်ရင်းကျန်းမာရေးအတွက်နံနက်စောစောလမ်းလျှောက်ကြသူများကြောင့် ကန်၏အလှအပသည် ကျက်သရေ မင်္ဂလာအဖြာဖြာနှင့်ပြည့်စုံနေ၏။မိဘပြည်သူများ၊ ကျောင်းသား/သူကလေးသူငယ်များကျန်းမာရေးအတွက်လမ်း
လျှောက်ခြင်း ၊လေကောင်းလေသန့်ရှုခြင်း ၊ အပန်းဖြေအနားယူခြင်း ၊
သာစည်ရပ်ကွက်မှ မင်းကုန်းအလယ်ရပ် ၊ခွန်သာ ရပ်ကွက်များသို့
ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရေး တို့အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က
ဒီဇင်ဘာ ၁၂ရက်နေ့ နံနက် ၁၁ နာရီ က မြို့မရဲစခန်းတောင်ဘက် အကျယ် ၁၀ ပေရှိ
ဂေါ်ရာကန်ပတ်လမ်းကို ကတ္တရာခင်း
ခြင်းလုပ်ငန်းများဆောင်ရွက်ပေးလျှက်ရှိခြင်းကြောင့် ပြည်သူအများ ၊အပန်းဖြေသူများနှင့်စည်ကားလျှက်ရှိသည်။
ဆီမီးခုံ-နန်းရီ
No comments:
Post a Comment