Pages

Tuesday, December 3, 2013

နိုးထလာသော မြစိမ်းတော်လှန်ရေး Tuesday, 03 December 2013 09:54 Written by ဖိုးဆွေ(သစ်လုပ်ငန်း)


အိန္ဒိယအနောက်ပိုင်း မဟာရတ်ရှ်ထရာပြည်နယ်၊ ဝီဒါဘ ဒေသ တွင်ဖြစ်သည်။ တက္ကရခေဒရှန်ဘူရွာမှ ပရာရှန့်သာကရေ၏ ဝါဂွမ်းစိုက်ခင်း အလယ်တွင် ၆၅ ပေကျယ်၍ ဆယ် ပေနက်သော ရေကန်တစ်ခုကို တွေ့ရသည်။ ရုတ်တရက် ကြည့်ပါက သဘာဝ ရေကန်ဟု ထင်ရသော်လည်း သဘာဝရေကန် မဟုတ်ပါပေ။ ပြည်နယ်အစိုးရက ထောက်ပံ့၍ တူးပေး ခဲ့သော ရေကန်ဖြစ်သည်။

ဝီဒါဘဒေသသည် ခြောက်သွေ့ သောဒေသဖြစ်သည်။ မုတ်သုံမိုးကို အားကိုး၍ ဝါနှင့်ပဲပိစပ်စိုက်ပျိုးကြ သည်။ မိုးမရွာသောနှစ်များတွင် ဒုက္ခ ရောက်ကြရသည်။ ကောက်ပင်များ ညှိုးခြောက်ပျက်စီးကြရသည်။ ဝင်ငွေ မရ၊ ရင်းနှီးစရိတ်များ ဆုံးရှုံးရသည်။ စိုက်ပျိုးချိန်ရောက်သည်နှင့် မိုးကို မျှော်ရပြန်သည်။ မိသားစုဘဝအတွက် မိုး ရွာစေကြောင်း ဆုတောင်းရသည်။ တတ်စွမ်းသမျှ ပူဇော်ကြရသည်။
ယခုတော့ ဒီရေကန်ကို ပြည် နယ်အစိုးရကတူးပေးခဲ့သည်။ ဒေသ စိုက်ပျိုးမှုတိုးတက်ရေး ရန်ပုံငွေဖြင့် ရေကန်တူးစရိတ် ဒေါ်လာ ၆ဝဝ ကို ကျခံခဲ့သည်။ မုန်သုံမိုး စီးလမ်းတွင် ရှိသော ဒီရေကန်သည် အလဟဿ ဖြစ်မည့်ရေတို့ကို စုဆောင်းပေးခဲ့သည်။ လယ်ယာများရှိ ရေတွင်းများကို ရေပို မိုရရှိစေခဲ့သည်။ ပိုမို၍ စိတ်ချရသော ရေရှိသောကြောင့် သာကရေ၏ စိုက်ပျိုးရေးသည် တိုးတက်လာခဲ့ သည်။ ဒါကြောင့် ဂျုံသာမက ဆောင်းတွင်နေကြာကိုပါ တိုးချဲ့ စိုက်ပျိုးခဲ့သည်။ ပဲနီကလေးကလည်း အထွက်နှစ်ဆ တိုးလာသည်။ ဒီနှစ်တွင် ဝင်ငွေ ဒေါ်လာ ၁ဝဝဝ ပိုမိုရရှိ ခဲ့သည်။ အသက် ၃၆ နှစ်ရှိသော သာကရေက သူ့ဘဝသည် လုံခြုံစိတ် ချရပြီဟုတွေးနေသည်။
ပြည်နယ်အစိုးရသည် ဒီလို ရေ တွင်းမျိုးကို ဒီထက်စောစောက ဘာကြောင့် မတူးခဲ့ပါသနည်း။ စင်စစ်မူ သာကရေတို့လို အနည်းငယ်မျှသာ စိုက်ပျိုးနိုင်သော စိုက်ပျိုးသူများ အပစ် ပယ်ခံနေရသည်မှာကြာပြီ။ ဆယ်စု နှစ် သုံးစုခန့် ရှိခဲ့ပြီဖြစ်သည်။ အိန္ဒိယ မှာသာမဟုတ်ပါ ဖွံ့ဖြိုးဆဲနိုင်ငံ အား လုံးလိုလိုတွင်ဖြစ်သည်။ ဖွံ့ဖြိုးဆဲ နိုင်ငံ များတွင် စိုက်ပျိုးရေးသည် စီးပွားရေး လုပ်ငန်းတွင် နောက်တန်းသို့ ရောက် ခဲ့ရသည်။ အစိုးရများသည် စီးပွားရေး တိုးတက်စေရန် စက်မှုလုပ်ငန်းများ၊ သတ္တုလုပ်ငန်းများ၊ လူသုံးကုန်ပစ္စည်း ထုတ်လုပ်ရေးများကို ဦးစားပေးခဲ့ သည်။ မြို့ဆင်ခြေဖုံးနေသူတို့သည် အခြေအနေ ကောင်းမွန်လာကြပြီး မြို့ အလယ်နေသူတို့သည် ချမ်းသာ ကြွယ်ဝလာကြသည်။ သို့သော် သန်း ပေါင်းများစွာသော တောင်သူတို့မှာ တိုးတက်မလာခဲ့ပေ။
ယခုတွင်မူ အစားအစာ ရှားပါး လာမည်ကို စိုးရွံ့မှု၊ ဆင်းရဲမွဲတေမှု ကိုတိုက်ဖျက်ရန် လိုအပ်လာမှု၊ စီးပွား ရေး ဆုတ်ယုတ်မှုကို ကျော်လွှားနိုင် ရေးတို့အတွက် စိုက်ပျိုးရေးကို ပြန် လည်ဦးလှည့်လာကြရသည်။ စိုက်ပျိုး ရေးကဏ္ဍကိုပိုမိုဖြည့်ဆည်းလာကြရ သည်။ ယခုတော့ ကမ္ဘာကြီးက အစားအစာ လုံခြုံစိတ်ချရမှုရှိစေရန် ဂျင်စီများက ပို၍ ကူညီထောက်ပံ့လာ ကြသည်။ ဆောင်ရွက်မှုအချို့ကမူ အစ ပျိုးဆဲသာရှိသေးသည်။ အကျိုးရလဒ်ကို စောင့်ကြည့်ရဦးဖြစ်သည်။ အချို့အစီအမံတို့သည်လည်း အချည်း အနှီးဖြစ်မည်သို့ မြင်တွေ့နေရသည်။ သို့သော် လွန်ခဲ့သော ဆယ်စုနှစ်များက စိုက်ပျိုးရေးအပေါ် ကမ္ဘာ့အသိုင်း အဝိုင်း၏ ပျက်ကွက်ခဲ့မှုတို့သည် ရှင်း လင်းစွာ ပေါ်လွင်လာခဲ့ရပြီဖြစ်သည်။
ပြီးခဲ့သော ကြီးရှစ်ကြီးခေါင်း ဆောင်တို့တွေ့ဆုံပွဲတွင် လူသားမျိုး နွယ်အား ငတ်မွတ်မှုမှ လွတ်မြောက် စေရန် အရေးတကြီး ဆုံးဖြတ်ဆောင် ရွက်ရန်လိုအပ်ပါသည် ဟု ထုတ်ဖော် ပြောကြားခဲ့သည်။ စိုက်ပျိုးရေး အပေါ် နှစ် ၂ဝ ကျော် မေ့လျော့ ပျက်ကွက်ခဲ့ မှုကို ထုတ်ဖော်ပြောကြား ခဲ့သည်။ စိုက်ပျိုးရေး အတွက် ဒေါ်လာ ဘီလီယံ ၂ဝသုံးစွဲရန် ကတိ ပြုခဲ့ကြသည်။
''၂ဝဝ၇ ကစပြီး ဖွံဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေက ကမ္ဘာ့ခေါင်း ဆောင်တွေဟာ စိုက်ပျိုးရေးကို ပိုပြီး အလေးထား လာကြတယ်''ဟု ကမ္ဘာ့ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ - Food and Agricultural Organization-FAQ စိုက်ပျိုးရေး ဖွံ့ဖြိုးမှုစီးပွား ရေးဆိုင်ရာ ဒါရိုက်တာ ကော့စ်တတ်စ် စတာမောလစ် - Ko sras Stamoulis က ပြောကြားခဲ့သည်။
ကမ္ဘာ့တောင်သူလယ်သမား များသည် ၁၉၇ဝ ခုနှစ်မှစ၍ ယခုကဲ့ သို့ အရေးယူ ဂရုစိုက်မှု ခံခဲ့ရသည် မဟုတ်ပေ။ အစားအစာ ဈေးများမြင့် တက်လာသောအခါတွင်မူ ကမ္ဘာ ကြီးသည် တိုးတက်လာသည့် လူဦး ရေအတွက် ကောက်ပဲသီးနှံနှင့် အသား ငါး လုံလောက်စွာ ထုတ် လုပ်ပေးနိုင်ပါမည်လားဟု တွေးတော လာကြရပြန်သည်။ ၁၉၆ဝ-၇ဝ ခုနှစ် များက ဖွံ့ဖြိုးဆဲတိုင်းပြည်များနှင့် အပြည်ပြည်ဆိုင်ရာ ထောက်ပံ့ရေး အဖွဲ့များသည် စိုက်ပျိုးရေးတွင် များစွာ ရင်းနှီးမြှုပ်နှံခဲ့သည်။ အထွက်တိုး သီးနှံများကို ထုတ်ဖော်နိုင်ခဲ့ သည်။ သီးနှံအထွက် သိသာစွာ တိုးတက်လာခဲ့သည်။ မြစိမ်းတော်လှန်ရေး ထွက် ပေါ်လာခဲ့သည်။ ၁၉၆ဝ ဆယ်စုနှစ် နောက်ပိုင်းမှ ၁၉၈ဝ ဆယ်စုနှစ် အလယ်ပိုင်းအထိ အိန္ဒိယ၏ သီးနှံ အထွက်သည် နှစ်ဆတိုးလာခဲ့သည်။
သို့သော် မြစိမ်းတော်လှန်ရေးသည် မိမိ၏ သားကောင်ပြန်ဖြစ်ခဲ့ရသည်။ အစားအစာဈေးနှုန်းများသည် ၁၉၇ဝ ဆယ်စုနှစ် အလယ်တွင် အမြင့် ဆုံးတက်ခဲ့ရာမှ ၁၉၈ဝ ဆယ်စုနှစ် နောက်ပိုင်းတွင် ၆ဝ ရာခိုင်နှုန်း ထိုးကျ သွားသည်။ မူဝါဒ သမားများ နှင့် ထောက်ပံ့ရေး အဖွဲ့များ၏ ကူညီ ထောက်ပံ့ရေး အစီအစဉ်များသည် ကျန်းမာရေးနှင့် ပညာရေးဘက်သို့ ရောက်ရှိသွားသည်။ စိုက်ပျိုးရေး ကဏ္ဍသည် ၁၉၇၉ ခုနှစ်တွင် ကမ္ဘာ တစ်ဝန်း ထောက်ပံ့ငွေများ၏ ၁၈ ရာခိုင်နှုန်းကို ရရှိခဲ့သည်။
၂ဝဝ၄ တွင်မူ ၃.၅ ရာခိုင်နှုန်းသာရရှိ ၂ဝဝ၄ တွင်မူ ၃.၅ ရာခိုင်နှုန်းသာရရှိ ခဲ့သည်။''စိုက်ပျိုးရေးရဲ့ ရွှေရောင် ခေတ်ကုန်သွားပါပြီ။ ကမ္ဘာ့ အဝန်းအဝိုင်းဟာ အစားအစာ ထုတ်လုပ် ရေးကို အဓိကအချက်အဖြစ် မရှုမြင် ကြတော့ဘူး။ အစားအစာတွေက ပေါတယ်လေ။ ဈေးကလဲ ချိုနေတယ်'' ဟု FAQ မှ စတာမောလစ်က ပြောသည်။
သို့သော် စိုက်ပျိုးရေး အပေါ် နှစ်များစွာ လျစ်လျူရှုမှုသည် အကျပ် အတည်း၏ အခြေခံ အုတ်မြစ်ဖြစ် လာခဲ့သည်။ မြစိမ်းတော်လှန်ရေး တွင် အိန္ဒိယ၏ သီးနှံထွက်သည် နှစ် စဉ် လေးရာခိုင်နှုန်းမှ ခြောက်ရာခိုင် နှုန်း တိုးတက်ခဲ့သည်။ ၁၉၈ဝ ခုနှစ် နောက်ပိုင်းတွင်မူ နှစ်ရာခိုင်နှုန်း ကျ ဆင်းသွားသည်။ ထိုအချိန်တွင် အစား အစာလိုအပ်ချက်က တိုးလာသည်။ လူဦးရေများပြားလှသော တရုတ် နှင့် အိန္ဒိယသည် ချမ်းသာလာသည်။ အသားကိုပို၍ စားသုံးလာကြသည်။ လူ့အစားအစာအဖြစ် သုံးစွဲခဲ့သော ကောက်နှံတို့သည် တိရစ္ဆာန်အစား အစာအသွင်ပြောင်းသွားသည်။ မြေယာများနှင့် အရင်းအမြစ်တို့ကို ဇီဝ လောင်စာ ထုတ်လုပ်ရန်အသုံးပြုလာ ကြခြင်းက အခြေအနေကို ပို၍ ဆိုးရွားစေခဲ့သည်။ များပြားစွာ စုဆောင်း ထားသော အရန်ရိက္ခာတို့သည် လျော့ ပါးခဲ့ရသည်။
၂ဝဝ၈ ခုနှစ်ဦးပိုင်းတွင် သီးနှံ ဝယ်ယူသော နိုင်ငံတို့၏ အစိုးရိမ်လွန်ကဲစွာ ဝယ်ယူမှု၊ ထုတ်လုပ်သူတို့၏ ကန့်သတ်မှုများကြောင့် ကောက်နှံ ဈေးနှုန်းသည် နှစ် ၃ဝ အတွင်း အမြင့်ဆုံးသို့ ထိုးတက်သွားသည်။ ဒေသအသီးသီးတွင် မကျေနပ်မှု၊ ဆန္ဒ ပြမှုများ ပေါ်ပေါက်ခဲ့သည်။ ဟေတီ အစိုးရသည် ဤအရေးအခင်းများ ကြောင့် ပြုတ်ကျခဲ့ရသည်။
အစားအစာအရေးအခင်းသည် ကမ္ဘာ့ခေါင်းဆောင်များအား ကြိမ်တို့ ပေးခဲ့သည်။ ''အစားအစာဖူလုံစိတ်ချ ရရေးဟာ အလေးထားဆောင်ရွက်ရ မယ့်အခြေခံအချက်ဆိုတာ သူတို့ သဘောပေါက်လာကြတယ်''ဟု ကမ္ဘာ့ဘဏ်၊ စိုက်ပျိုးရေးနှင့် ကျေး လက်ဖွံ့ဖြိုးရေးမူဝါဒအကြံပေးပုဂ္ဂိုလ် ခရစ်တိုဖာ ဒယ်လ်ဂါဒို- Christopher Delgado က ပြောခဲ့သည်။ ဇူလိုင်လ တွင် ဗြိတိသျှပါလီမန်အမတ်များ ကော်မတီက အစိုးရအား စိုက်ပျိုး ရေးသုတေသနများတွင် ပိုမိုရင်းနှီး မြှုပ်နှံရန်နှင့် တောင်သူများအား ပိုမို စိုက်ပျိုးကြရေးကို တိုက်တွန်းပံ့ပိုး ပေးရန်အကြံပေးခဲ့သည်။ အစဉ်အလာ အားဖြင့် မိမိပိုလျှံသီးနှံများကို လို အပ်သောနိုင်ငံများသို့ ထောက်ပံ့ကူညီ ခဲ့သော အမေရိကန်ပြည်ထောင်စု သည် ပုံစံပြောင်းကာ ယင်းနိုင်ငံများ ၏ စိုက်ပျိုးရေးတိုးတက်စေရန် ကူညီ ထောက်ပံ့ခဲ့သည်။

မြစိမ်းတော်လှန်ရေးအသစ်
ပထမ မြစိမ်းတော်လှန်ရေးတွင် အာဖရိကသည် မူဝါဒညံ့ဖျင်းမှု၊ ရင်း မြစ်ကန့်သတ်ချက်တို့ကြောင့် မပါဝင် နိုင်ခဲ့ပေ။ ၂ဝဝ၈ ခုနှစ် အစား အစာ ဈေးနှုန်းကြီးမြင့်မှုကြောင့် ဆန္ဒပြမှု များသည် ဆီနီဂေါနိုင်ငံအား ၁၂ သန်း သော ပြည်သူတို့အတွက် အစား အစာလိုအပ်ချက်သည် ပြည်ပနိုင်ငံ များအပေါ် မှီခိုနေရမှုကို လျှော့ချရန် တပ်လှန့်ပေးလိုက်သည်။ မျိုးစေ့များ ဖြန့်ဝေပေးခြင်း၊ လယ်ယာသုံး ပစ္စည်း များ ထောက်ပံ့ပေးခြင်း၊ ဆည်မြောင်း တာတမံများ အမြန်တိုးချဲ့ ဆောက် လုပ်ခြင်းတို့ဖြင့် စိုက်ပျိုးရေးတိုး တက် အောင် လုပ်ဆောင်ခဲ့သည်။ စီမံချက် ကို အစားအစာ အလျှံပယ်ရန် စိုက်ပျိုးရေးစစ်ပွဲ Greate Agricultural Offensive for Food and Abundance-GOANA - ဟု အမည် ကြီးကြီးပေး၍ ဆောင်ရွက်ခဲ့သည်။
ဆီနီဂေါအနောက်ပိုင်း၊ ဖတစ် ဒေသမှ တောင်သူ ဂေါဆားနှင့် ကျေးရွာစိုက်ပျိုးရေး သမဝါယမအဖွဲ့ဝင် များသည် ဤအစီအစဉ်အရ သီးနှံ များ တိုးချဲ့စိုက်ပျိုးရန် သဘောတူညီ ခဲ့ကြသည်။ ရရှိသော မျိုးစေ့များသည် အကောင်းဆုံးများ မဟုတ်သော် လည်း သီးနှံထွက်သည် စိတ်ကျေ နပ်စရာ ဖြစ်ခဲ့သည်။ ဆား၏ စပါး ထွက်နှုန်းသည် ယခုနှစ်တွင် GPAMA နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက် ရန်အားပေးခဲ့သည်။ ''အစိုးရသစ်က ကျွန်တော်တို့ကို စိုက်ခင်းတွေ ချဲ့ဖို့ အလုပ်တွေ ပိုလုပ်ဖို့ အခွင့်အလမ်းတွေ ပေးခဲ့တယ်''ဟု ဆားကပြောနေသည်။
ဖွံ့ဖြိုးရေး ကျွမ်းကျင်သူများက စိုက်ပျိုးရေးကို အသွင်သစ်ဖြင့် ချဉ်း ကပ်ခြင်းသည် ကျေးလက်များတွင် ၇၅ ရာခိုင်နှုန်း နေထိုင်ကြသည့် ဆင်း ရဲသားများ၏ အခြေအနေမြှင့်တင် ပေးရေးအတွက် အလွန်အရေးကြီး သည်ဟု ယုံကြည်ကြသည်။ ဆင်းရဲ မှုတိုက်ဖျက်ရေးအခြေခံလုပ်ငန်းမှာ ကျေးလက်မှ ဆင်းရဲသားများအား မြို့ ကြီးများတွင် အလုပ်အကိုင်များ ဖန်တီးပေးရန်ဖြစ်သည်ဟု မူဝါဒ ရေး ဆွဲသူများက ယူဆကြသည်။ သို့သော် ဤနည်းဗျူဟာသည် လုံလောက်ခြင်း မရှိပေ။ နိုင်ငံများစွာတို့တွင် ကျေး လက်၏ ဝင်ငွေသည် မြို့ကြီးများ၏ ဝင်ငွေနှင့် ကွာခြားလှသည်။ ၂ဝဝ၉ ခုနှစ်တွင် ဆင်းရဲသူ ဦးရေသည် တစ် ဘီလီယံအထိ စံချိန်တင် မြင့်တက် ခဲ့သည်ဟု င်္ဗဥ က ခန့်မှန်းထား သည်။ ဝါရှင်တန်ရှိ အပြည်ပြည်ဆိုင် ရာ အစားအစာမူဝါဒ ချမှတ်ရေး သုတေသနသိပ္ပံ Internaltional Food Research Institute IFRI မှ ဆူရက် ရှ်ဘာဘူ - Surexh Babuက''သူတို့ကို ဆင်းရဲတွင်းက ကယ်တင်ဖို့ စိုက်ပျိုးရေးအပြင် တခြားမရှိပါဘူးဗျာ'' ဟု ပြောကြားခဲ့သည်။

စိုက်ပျိုးရေးကို လေ့လာသုံးသပ်ရန် အိန္ဒိယသည် စံနမူနာဖြစ်ခဲ့သည်။ သြဂုတ်လ ၁၅ ရက် လွတ်လပ်ရေးနေ့က အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန် ဆင်းက''မြစိမ်းတော်လှန်ရေး နောက် တစ်ခုပါပဲ။ အကောင်အထည်ဖော်ဖို့ လဲ လိုအပ်ပါတယ်''ဟု ပြောကြားခဲ့ သည်။ ၂ဝဝ၄ ခုနှစ်တွင် ရွေးကောက် ပွဲတွင် လက်ရှိအာဏာရ ဘီဂျေပီ ပါ တီသည် စက်မှုလုပ်ငန်း တိုးတက်မှု များကို ရည်ညွှန်းလျက် တောက်ပ နေသည့် အိန္ဒိယဟု ရွေးကောက်ပွဲ ကြွေးကြော်သံကို ချမှတ်ခဲ့သည်။ သို့သော် အိန္ဒိယ လယ်သမားများ၏ ဘဝသည် တောက်ပ မနေပါ။ အိန္ဒိယ ၏ စီးပွားရေးဖွံ့ဖြိုးမှုတွင် လယ်သမားများ မပါဝင်နိုင်ခဲ့ပါ။ ဘီဂျေပီပါတီ၏ ရွေးကောက်ပွဲကြွေးကြော်သံကို လယ်သမားများက လက်မခံခဲ့ပါ။ ဘီဂျေပီကို မဲမပေးခဲ့ကြပါ။
ဈေးကွက်ပြုပြင်ရေးကို ဆောင် ရွက်ခဲ့သည့် ၁၉၉၁ မှ ၂ဝဝ၄ ခုနှစ် အတွင်း အိန္ဒိယအမျိုးသား စုစုပေါင်း ထုတ်လုပ်မှုသည် ၅.၇ ရာခိုင်နှုန်း တိုးတက်ခဲ့သော်လည်း စိုက်ပျိုးရေး ကဏ္ဍသည် ၂.၉ ရာခိုင်နှုန်းသာ တိုး တက်ခဲ့သည်။ အိန္ဒိယ၏ စိုက်ပျိုးရေး သည် စွမ်းရည်ညံ့နေသည်။ အိန္ဒိယ ၏ သီးနှံအထွက်နှုန်းသည် ထိုင်းနိုင်ငံ တစ်ဝက်သာရှိသည်။ အစိုးရက စက် မှုလုပ်ငန်း တိုးတက်လာသကဲ့သို့ စိုက်ပျိုးရေးသည် အလိုအလျောက် တိုးတက်လာမည်ဟု ထင်ခဲ့သည်။ သို့သော် ထင်သလိုဖြစ်မလာခဲ့ပါ။
၂ဝဝ၄ ခုနှစ်တွင် အစိုးရသစ် အာဏာရလာသောအခါ ဝန်ကြီးချုပ် ဆင်းသည် နိုင်ငံတစ်ဝန်းမှ လယ် သမားများတိုးတက်ဖွံ့ဖြိုးလာစေရန် အားစိုက်လုပ်ဆောင်ခဲ့သည်။ ဘာရတ် နီယာမန်စီမံချက်ကို ချမှတ်ခဲ့သည်။ ၂ဝဝ၃-၂ဝဝ၄ ဘဏ္ဍာနှစ်မှ ၂ဝဝ၈-ဝ၉ အတွင်း စိုက်ပျိုးရေး အသုံးစ ရိတ်သည် လေးဆ တိုးတက်လာ သည်။ စိုက်ပျိုးထွက်ကုန်များ အလွယ်တကူ သယ်ပို့နိုင်ရန် လမ်း များဖောက်ပေးသည်။ စိုက်ပျိုးရေး ချေးငွေတို့ကို လျှော်ပေးသည်။ ဝါ ဂွမ်း၊ စပါးစသော သီးနှံများ ဝယ် ဈေးကို တိုးမြှင့်ပေးသည်။ လျှပ်စစ် မီးရရှိရေး၊ အိမ်ရာစီမံချက်များ၊ တာတမံတူးဖော်ရေးများကို ဆောင် ရွက်သည်။ လမ်းလုပ်ငန်းစသော လုပ် ငန်းများတွင် အနည်းဆုံး ရက်တစ်ရာ အလုပ်ရစေရန် စီစဉ်ပေးသည်။ နောက်ဆုံးထုတ်ပြန်ခဲ့သည့် ရသုံး ဘတ်ဂျက်တွင် ကျေးလက်အလုပ် အကိုင်ရရှိရေးအတွက် စီမံချက် အသုံးစရိတ်ကို ၁၄၄ ရာခိုင်နှုန်း တိုးမြင့် ပေးခဲ့သည်။ ယခင်နှစ်ထက် အမေရိကန် ဒေါ်လာ ရှစ်ဘီလီယံ ပိုမိုလာသည်။ ဘာရတ်နီယာမန်စီမံ ချက် အသုံးစရိတ်ကို ၄၅ ရာခိုင်နှုန်း တိုးမြှင့်ပေးခဲ့သည်။
''နိုင်ငံတိုးတက်ချင်ရင် စိုက်ပျိုးရေး တိုးတက်အောင် လုပ်ရမှာပါ'' ဟု စီမံကိန်းကော်မရှင် သဘာပတိ မွန် တက်ဆင်းအလူဝါလီယ - Montek Singh Ahluwalia က ပြောသည်။
မဟာရတ်ရှ်ထရာပြည်နယ်မှ ဝီဒါဘဒေသသည် အစိုးရ၏ အာရုံ အစိုက်ခံရဆုံး ဒေသဖြစ်လာသည်။ စိုက်ပျိုးရေး အခြေအနေ အညံ့ဆုံးဖြစ် သော ဝီဒါဘဒေသသည် မိမိကိုယ် ကိုယ်အဆုံးစီရင်မှုအများဆုံးဒေသဖြစ် နေသည်။ ၂ဝဝ၆ ခုနှစ်တွင် အမြင့်ဆုံး အဖြစ် ၁၂၅ဝ ဦးအထိရှိသည်။ အစိုး ရသည် အထူးအစီအစဉ်အဖြစ် ဝီဒါဘ ဒေသ ဖွံ့ဖြိုးရေးအတွက် US$ ၇၈ဝ ချမှတ်ပေးခဲ့သည်။ သုံးနှစ် ကြာသောအခါ ဒေသစိုက်ပျိုးရေး အရာရှိသည် ရှည်လျားလှသော ဝီဒါ ဘ၏ စိုက်ပျိုးရေး တိုးတက်မှုများကို ဖတ်ကြားပြခဲ့သည်။ အထွက်နှုန်း ကောင်းမျိုးသန့်များ ဖြန့်ဝေခြင်း အတွက် US$ ၃၉ သန်း၊ သစ်သီး မျိုးခြံများအတွက် US$ ၂၄ သန်း၊ အသေးစား ရေရရှိရေးလုပ်ငန်းများ အတွက် US$ ၂၄ သန်း စသည်ဖြင့် ဖြစ်သည်။''လယ်သမားတွေရဲ့ သီးနှံ အထွက်နဲ့ ဝင်ငွေတိုးအောင် ကျွန် တော်တို့ ကြိုးစားနေတယ်။ လုပ်စရာ အကုန်လုံး ကို သုံးနှစ်တည်းနဲ့ တော့ မပြီးနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော် တို့ အခုစလုပ်နေပါပြီ''ဟု သူက ပြောခဲ့သည်။ ဆည်ငယ် ၉ဝဝဝ ကျော်ဆောက်လုပ်ခဲ့သည်ဟု ဆိုသည်။
အချို့ကမူ အစိုးရသည် သက် သာချောင်ချိရေးတွင် ငွေသုံးစွဲမှုများ နေသည်။ ဆည်မြောင်းတမံဆောက် လုပ်ရေး စသော ရေရှည်အကျိုးဖြစ် ထွန်းစေမည့် လုပ်ငန်းတို့တွင် ပိုမို အသုံးပြုသင့်သည်ဟု ဝေဖန်နေကြ သည်။ စိုက်ပျိုးမြေ၏ ၄ဝ ရာခိုင်နှုန်း ကိုသာ ဆည်ရေပေးနိုင်မှုသည် အိန္ဒိယ စီးပွားရေးကို မုန်သုံမိုးလက်သို့ ဝကွက် အပ်ထားရသကဲ့သို့ဖြစ်နေ သည်။ ယခု နှစ်၏ မိုးခေါင်မှု သည် အိန္ဒိယ၏ စီးပွားရေးအတွက် ခါးသီး လှမည်ဖြစ်သည်။ နိုင်ငံထွက် ကောက်နှံတို့ဖြင့် မလုံလောက်သဖြင့် ပြည်ပမှ ဝယ်ယူတင်သွင်းရမည်ဖြစ် သည်။ မိုးခေါင်မှုကြောင့် သီးနှံ အထွက် ဆုတ်ယုတ်ရသကဲ့သို့ စီး ပွားရေးသည်လည်း ဆုတ်ယုတ်ခဲ့ရ သည်။ သာကရေ၏ ရေကန်သည် လည်း ရေမလုံလောက်နိုင်တော့ပေ။ ဝေဖန်သူအချို့ကမူ လယ်သမားများ အား နည်းပညာများ သင်ကြားပေး သင့်သည်။ ဈေးကွက်အခွင့်အလမ်းများ ဖွင့်ပေးသင့်သည်။ စီမံချက်များ ကို ပြန်လည်သုံးသပ်သင့်သည်။ အရင်းအမြစ်များကို ပို၍ အရေးထား သင့်သည်ဟု ဆိုကြသည်။
ဝီဒါဘဒေသ၊ ဗီဘရဘာဆရွာမှ တူလဆီဒမန်ဒေ့စ်ကမူ သူသည် အမှန်လိုအပ်သော ထောက်ပံ့မှုကို မရခဲ့ ဟု ဆိုသည်။ သူ့အား သတ္တုထယ် သွားနှင့် ပိုးသတ်ဆေးဖျန်း ကိရိယာ တို့ကို ထုတ်ပေးခဲ့သည်။ နှစ်ခုလုံး သည် သူ့အတွက် အသုံး မတည့်ပါ ဟု သူကဆိုသည်။ ထောက်ပံ့မျိုးစေ့ များရရှိနိုင်ရန်မြို့သို့ သုံးခေါက် သွား ရသည်။ တစ်နေကုန်အချိန်ကုန်ခဲ့ရ သည်။ သွားလာစရိတ်၊ အချိန်ကုန်ရ မှုတို့ကြောင့် မျိုးစေ့ထောက်ပံ့မှုကို ရယူ ရသည်မှာ မထိုက်တန်ပါဟု သူက ဆိုသည်။ သူလိုချင်သည်က ရေဖြစ်သည်။ စိတ်မချရသော မုတ်သုံ မိုးအပေါ် မှီခိုနေရမှုကို လျှော့ချချင် သည်။ သူက ရေတွင်း နက်နက်တူး ချင်သည်။ ရေစုပ်တင်ဖို့ စက်လိုချင် သည်။ စက်မောင်းရန် လျှပ်စစ် ဓာတ် အားလိုချင်သည်။ ရေတွင်းတူးရန် သူ့မှာ ငွေမရှိပါ။ အခုတော့ သူက ဒေဝတာတွေကိုပဲ အားကိုးပူုဇော်နေ ရသည်။
နက်ပါတွင် အခြေစိုက်သော ဝီဒါဘပြည်သူ့ဆန္ဒဖော်ထုတ်ရေး ဖိုရမ် မှ တက်ြ<ွကနိုးကြားသူ ကီရှော တီဝရီ က တောင်သူများအား ယခုထက်ပို ၍ ထောက်ပံ့ရန်လိုသည်ဟုဆိုသည်။ အစိုးရ၏ အထောက်အပံ့သည် တောင်သူတို့၏ အခက်အခဲတို့ကို အထိုက်အလျောက် ဖြေလျော့စေခဲ့ ပါသည်။ သို့သော် ဒီထက် နက်ရှိုင်း သော ပြဿနာများကို ဖြေရှင်းရပါ ဦးမည်။ ကမ္ဘာ့ဈေးကွက်သည် တောင်သူငယ်တို့အား ထိခိုက်စေ လျက်ရှိသည်။ ဓာတ်မြေသြဇာစသော သွင်းအားစုများ ဈေးနှုန်းက တက်နေ သည်။ ကမ္ဘာ့ဝါဂွမ်းဈေးသည် အမေ ရိကန်အစိုးရ၏ သူ့တောင်သူများ အပေါ် စိုက်ထုတ်ကာကွယ်ပေးထား မှုများကြောင့် နိမ့်နေသည်။ အိန္ဒိယ ဝါဂွမ်းစိုက်သူများအတွက် မည်သို့မျှ အမြတ်ရနိုင်စရာ မရှိ။ ''သွင်းအားစု ဈေးတွေကို တစ်ဖွဲ့က မြှင့်နေတယ်။ တစ်ဖွဲ့က ဝါဂွမ်းဈေးတွေကိုချနေ တယ်။ ကျွန်တော်တို့ ဝါစိုက်သူတွေ က ကြားက မြေစာပင်ပါပဲ။ ဝါစိုက် သူတွေကို ပိုထောက်ပံ့ပြီး အဝတ် အထည် သွင်းကုန်တွေကို ကန့်သတ် ပေးမှ ရှင်သန်နိုင်မှာပါ''ဟု သူက ပြောနေသည်။
တိုးပွားလာမည့် လူဦးရေ အတွက် ၂ဝ၅ဝ တွင် အစားအစာ ထုတ်လုပ်မှု နှစ်ဆတိုးလာရန် လို သည်ဟု FAQ က သုံးသပ်ထား သည်။ ထိုသို့ တိုးတက်လာစေရန် နှစ်စဉ် ဒေါ်လာ ၃ဝ ဘီလီယံ ရင်း နှီးမြှုပ်နှံရပါမည်။ အစိုးရအဖွဲ့သည် နိုင်ငံသားများကို အစားအစာဖူလုံ စေရန် စီမံပေးရပါမည်။ အစားအစာ ဈေးနှုန်းသည် ပြည်သူတို့၏ ဝင်ငွေနှင့် လက်လှမ်းမီစေရပါမည်။ လူဦးရေ ၁၁၄၈ သန်းရှိသော အိန္ဒိယ တိုက်ငယ်၏ မြစိမ်းတော်လှန်ရေးကို စောင့် ကြည့်ရမည်ဖြစ်ပါသည်။

စိုက်ပျိုးရေးကို လေ့လာ သုံးသပ်ရန် အိန္ဒိယသည် စံနမူနာဖြစ်ခဲ့သည်။

Ref: Time, 25.10.2009, The New Green Revolution by Michaei Schuman

ဖိုးဆွေ(သစ်လုပ်ငန်း)
ဈေးကွက်ဂျာနယ်မှ....

No comments:

Post a Comment