ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်း၌ ဖွင့်လှစ်ထားသော ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ လေ့ကျင့်သင်ကြားရေး ကောလိပ် (Leadership and Management Training College-LMTC)မှ ကျောင်းသူကျောင်းသားများနှင
မယ်လစခန်း(ဇုံ-စီ) ရပ်ကွက်(၂)အတွင်းရှိ LMTC ကျောင်းဝင်းတွင် ပထမဆုံးအကြိမ် ပြုလုပ်သည့် ၎င်းပြပွဲ၏ ရည်ရွယ်ချက်ကို ကျောင်းအုပ်ကြီး ဆရာစောအားသာက “ပြပွဲလုပ်ဖြစ်တာက ကျောင်းမှာ သိပ္ပံဘာသာရပ်နဲ့ တက်ရောက်သင်ယူတဲ့ ကျောင်းသူ ကျောင်းသားတွေက အရမ်းနည်းတယ်။ ဒါကြောင့် သိပ္ပံဘာသာရပ်ကို အာရုံထား စိတ်ဝင်စားလာအောင်၊ လက်တွေ့ သင်ကြားမှု အပိုင်းမှာလည်း ပိုတိုးတက်အောင် ပြပွဲလုပ်ရ တာပါ။”ဟု ကေအိုင်စီသို့ ပြောသည်။
၈ ရက်ကြာ ပြုလုပ်သွားမည့် အဆိုပါသိပ္ပံပြပွဲတွင် ရူပဗေဒ၊ ဓာတုဗေဒ၊ ရုက္ခဗေဒ၊ ဇီဝဗေဒ ဘာသာရပ်များနှင့် ပတ်သက်၍ စမ်း သပ်ပြခန်းများ၊ အင်ဂျင်နီယာနည်းပညာပြခန်း ဟူ၍ ပြခန်း (၆)ခန်း ပြင်ဆင်ပြုလုပ်ထားပြီး စခန်းအတွင်းရှိ အထက်တန်းကျောင်း ၈ကျောင်းမှ အထက်တန်းကျောင်းသူကျောင်းသာ
LMTC တွင် နောက်ဆုံးနှစ်၌ ရူပဗေဒဘာသာရပ်ကို အဓိက သင်ကြားပို့ချပေးနေသူ ဆရာစောဂျက်ကော့ပ်က “လူ့အဖွဲ့အစည်း ဖြစ်ပေါ်တိုးတက်မှုအတွက် လူတန်းစားတိုက်ပွဲ၊ ကုန်ထုတ်လုပ်မှုနဲ့ သိပ္ပံပညာတိုက်ပွဲ သုံးခုထဲမှာ သိပ္ပံပညာရပ်က အခြေခံအကျ ဆုံး ဖြစ်တယ်။ ဒါဟာ အမှန်တရားကို လက်တွေ့ကနေ ရှာဖွေတာပဲဆိုတာ လာလေ့လာတဲ့ ကျောင်းသူကျောင်းသားတွေလည်း
ယနေ့ ပြပွဲကို စခန်းတွင်းရှိ အမှတ်(၁) အထက်တန်းကျောင်းမှ ဦးစွာ လာရောက်လေ့လာခဲ့ကြခြင်းဖြစ်
ပြပွဲတစ်ခုလုံးအတွက် မည်သည့်အဲန်ဂျီအိုများထံမှ အကူအညီရယူခြင်းမရှိဘဲ ကရင်အမျိုးသားအစည်းအရုံး-KN
LMTC ကျောင်းသည် ပြပွဲလှုပ်ရှားမှုအပြင် တတိယနှစ်နှင့် နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူများသည်
LMTC ကျောင်းကို မယ်လဒုက္ခသည်စခန်း၌ ၂၀၀၆ခုနှစ်တွင် စတင် တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ပထမနှစ်မှ စတုတ္ထနှစ်အထိ လေးနှစ်တာ သတ်မှတ်ထားရာ ယခုနှစ်တွင် ကျောင်းသူကျောင်းသားပေါင်း ၁၈၀ ဦးကို ကျောင်းဆရာ၊ဆရာမ ၂၈ဦးဖြင့် သင်ကြား ပို့ချလျှက်ရှိသည်။
ကေအိုင်စီ သတင်း - ကေအိုင်စီ

No comments:
Post a Comment