Pages

Friday, November 29, 2013

ဗန်းမော်ခရိုင်ကျေးလက်ဒေသများတွင် ကျွဲနွားများပျောက်ဆုံးလျက်ရှိ

                  ကချင်ပြည်နယ် ၊ဗန်းမော်မြို့နယ် ၊ စဉ့်ကင်ကျေးရွာနေ ကိုကျော်ဌေး ၊ မညွှန့်ကြည်တို့သည်ရွာ၏
မြောက်ဖက် လယ်တော တဲအနီးလွှတ်ထေားသော ကျွဲ ၃ ကောင်မှာ သြဂုတ်လ ၂၂ က်နေ့တွင်ပျောက်ဆုံးသွား၍ဗန်းမော်မြို့တွင် တောင်သူများအား ကျွဲနွားများရောင်းချပေးကြောင်း သတင်းကြားသဖြင့် နိုဝင်ဘာ ၂၉ရက်နေ့ ၌ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ လာရောက်စုံစမ်းကြသည်။
                 “ဗန်းမော်တွင်ရောင်းချသောကျွဲများမှာကျွန်မတို့ကျွဲများပါမပါသိချင်လို့လာရောက်စုံစမ်း တာပါ ၊ကျွဲမကြီး ၁ ကောင်မှာ မျိုးရှိနေတယ်။ကျန်ကျွဲမကြီး၁ ကောင်ကကျွဲမကလေးမွေးထား
တယ် ၊ကျွဲ ၃ကောင်ပျောက်ဆုံးသွား၍ ကာလတန်ကြေးငွေ ကျပ် သိန်း ၂၀ ကျော်ဆုံးရှုံးခဲ့တယ်။ ကျွဲမကြီး ၂ ကောင်၏ ၀ဲဖက်နားရွက်များကိုကတ်ကြေးဖြင့်ကိုက်ထားပြီးအမှတ်အသားပြုလုပ်ထား တယ်” ဟု ကျွဲပိုင်ရှင် မညွန့်ကြည်ကပြောပြသည်။
                  နိုဝင်ဘာ ၂၆ ရက်နေ့က တရားမ၀င်သယ်ဆောင်လာသော ဖမ်းဆီးရမိကျွဲနွားများကို ဗန်းမော်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင်တောင်သူလယ်သမားများအား လေလံဈေးဖြင့်ရောင်းချပေးနေသည့် နည်းတူ ကျေးလက်ဒေသများတွင် ကျွဲနွားများ ပျောက်ဆုံးမှု များက သိသိသာသာတိုးတက်လာလျက်ရှိသောကြောင့်ကျေးလက်နေ တောင်သူလယ်သမားများ မိမိတို့ကျွဲနွားများ ပျောက်ဆုံးမှုအတွက်စိုးရိမ်မကင်းဖြစ်နေကြကြောင်းသိရှိရသည်။

၁၅၀

No comments:

Post a Comment