Friday, November 29, 2013
မိုးမောက်ကျောက်စခန်းကျေးရွာတွင် ဆိုင်ကယ်စီးလာသူများထံမှ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
ကချင်ပြည်နယ်၊ မိုးမောက်မြို့ ၊မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်ဇော်ထက်အောင်
ဦးစီးတပ်ဖွဲ့ဝင် ၆ ဦး ၊ ကျောက်စခန်းကျေးရွာ အုပ်ချုပ်ရေးမှူးဦးသိန်းဖေ
၊အလင်းကောင်ရပ်ကွက် ရာအိမ်မှူး ဦးဂွမ်းလာ ၊မြို့မရဲစခန်းမှအမျိုးသမီးသက်ေ သမဦးတို့ပါဝင်သောပူးပေါင်းအဖွဲ့  သည် နိုဝင်ဘာ ၂၇ ရက်နေ့ည ၈နာရီအချိန်တွင်သတင်းအရ ကျောက်စခန်းကျေးရွာ လွယ်ဂျယ်
-မိုးမောက်ကားလမ်းပေါ်၌စောင့်ဆို င်းနေစဉ်လွယ်ဂျယ်ဘက်မှ
ရင်ဇင်း 125 အစိမ်းရောင်ဆိုင်ကယ် ကို မောင်ဇောင်းခေါင်း
မောင်းနှင်ပြီးနောက်မှ မဘောက်ဆန်စီးနှင်းလိုက်ပါသည့် ဆိုင်ကယ်အား ရပ်တန့်
၍မြို့မရဲစခန်းသို့ခေါ်ဆောင်ပြီး အမျိုးသမီးသက်သေ မဦး မှ မဘောက်ဆန်
၏ခန္ဒာကိုယ်အား စစ်ဆေးရှာဖွေရာ မဘောက်ဆန်ဝတ်ဆင်ထားသည့်လိမ္မော်ေ ရာင်အဖြူအ
စက် အပျောက်အနွေးထည်အင်းကျီ ၀ဲဖက် အိတ်အတွင်းမှ တစ်ရှုးစက္ကူဖြင့်ပတ်ထားသော
အစိမ်းရောင် ဆပ်ပြာခွက်ဖြင့်ထည့်လျက် ဘိန်းဖြူဟုယူဆရသည့် ဖြူ/၀ါ ကြားမှုန့်
အလေး
ချိန် ၁၅ ဂရမ်ခန့်ပါ ၁ ခွက် နှင့် အတွင်းခံအင်းကျီနှင့်ရင်ဘတ်ကြား မှတစ်ရှုးစက္ကူဖြင့်ပတ်
ထားသော ချီတုံဆန် ဖန်ပုလင်းဖြင့်ထည့်လျက် ဘိန်းဖြူဟုယူဆရသည့်ဖြူ/၀ါ
ကြားမှုန့် အလေးချိန် ပုလင်း ၁ လုံးလျှင် သုညဒသမသုံး ဂရမ် ခန့်စီပါ ပုလင်း
၁၀ လုံး အလေးချိန် (၃)
ဂရမ်ခန့် စုစုပေါင်း ဘိန်းဖြူမှုန့် အလေးချိန် ၁၈ ဂရမ် ၊ဒေသဈေးနှုန်း ငွေကျပ် ၁၀၈၀၀၀၀
တို့ကို ရှာဖွေတွေ့ရှိသဖြင့် ဥပဒေအရ အရေးယူပေးရန် ဒုရဲအုပ်ဇော်ထက်အောင်က
တိုင်တန်းခဲ့သဖြင့် မြို့မရဲစခန်းက မယ(ပ)၅၃/၂၀၁၃ မှုး/စိတ် ပုဒ်မ
၁၅/၁၉(က)/၂၁ အရ
အမှု့ဖွင့် ၍ မဘောက်ဆန် (၂၉) နှစ်(ဘ) ဦးအင်ဘရန်နော်ကချင်/ခရစ်ယာန် ၊ ခူးလီကျေး
ရွာ ၊ ဗန်းမော်မြို့နယ် နှင့် မောင်ဇောင်းခေါင်း (၂၅) နှစ် (ဘ) ဦးဇောင်းခေါင်း၊အောင်မင်္ဂလာ ရပ်ကွက် ၊လွယ်ဂျယ်မြို့နေထိုင်သူများကို အမှု စစ်ဒုရဲအုပ်ဇော်ထက်အောင်က စိစစ်ဆောင်
ရွက်လျက်ရှိကြောင်းသိရှိရသည်။
Thursday, November 28, 2013
“ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံချက်က အချိန်မတန်သေးဘူး” by ဧရာဝတီ
ဒေါ်အောင်ဆန်းစုကြည်က
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သမ္မတဦးသိန်းစိန်၊
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၊ လွှတ်တော်တို့နှင့်
တွေ့ဆုံဆွေးနွေးလိုကြောင်း
မေတ္တာရပ်ခံစာ တစောင် ပေးပို့ခဲ့ရာ ယင်းစာအပေါ် သမ္မတဦးသိန်းစိန်နှင့်
ကာကွယ်ရေးဦးစီးချုပ်တို့၏ တုံ့ပြန်မှုနှင့်ပတ်သက်၍ ဧရာဝတီအယ်ဒီတာအဖွဲ့ဝင်
သာလွန်ဇောင်းထက်က သမ္မတပြောရေးဆိုခွင့်ရှိသူ
ပြန်ကြားရေးဒုတိယ၀န်ကြီးဦးရဲထွဋ်နှင့်ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အဆင်ပြေချောမွေ့စေရန်ဆိုတဲ့ မေတ္တာရပ်ခံချက်နဲ့ပတ်သက်လို့ သမ္မတဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘယ်လို ပြန်ကြား ပါသလဲ။
ဖြေ။ ။ကျနော်တို့က အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီရဲ့ အစီရင်ခံစာထွက်ပြီးတော့မှ ပြန်လည် စဉ်းစားလုပ်ဆောင်သင့်တယ်လို့ ပြန်ကြားပါတယ်။ ကျနော်တို့ အယူအဆက အခု တွေ့လိုက်လို့ရှိရင် ကော်မတီအပေါ်မှာ ဖိအားပေးသလို၊ ဆန့်ကျင်တဲ့ အချက်တွေပါရင် ပိုရှုပ်ထွေးမှာပေါ့။ ကော်မတီရဲ့ အစီရင်ခံစာ ပေါ်လာပြီးတော့မှပဲ ဘယ်လိုတွေ့မလဲ။ ဘယ်လိုလုပ်မလဲ။ ဘယ်လိုနည်းလမ်းတွေ သုံးမလဲ။ အဲလိုစဉ်းစားမှာပါ။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တွေ့ဆုံချင်တယ်လို့ ပြောထားတယ်။ ဘာကြောင့် တွေ့ဖို့လိုတယ်ထင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့ဘက်က အယူအဆကို ပြောမယ်။ ဟိုဘက်က(ဒေါ်အောင်ဆန်းစုကြည်) အယူအဆကို ကျနော်တို့ မသိဘူး။ ကော်မတီ အစီရင်ခံစာ ပေါ်လာလို့ရှိရင် တချို့လုပ်ရမယ့် လုပ်ငန်းတွေ ပေါ်လာမှာပေါ့ဗျာ။ တချို့ဟာတွေကျရင် ကော်မတီကလည်း ပြတ်ချင်မှ ပြတ်မှာပေါ့။ ဘယ်လိုကိစ္စကို ဘယ်လိုစဉ်းစားသင့်တယ် ဆိုတာမျိုးတွေ ရှိလာနိုင်တာပေါ့။ ဥပမာဆိုရင် တပ်မတော်ဘက်က ဘယ်လိုစဉ်းစားမလဲ၊ အုပ်ချုပ်ရေးဘက်က ဘယ်လိုစဉ်းစားမလဲ၊ ပါတီတွေဘက်က ဘယ်လိုစဉ်းစားမလဲ။ ပါတီထဲမှာလည်း အယူအဆ အမျိုးမျိုးရှိသေးတယ်။ ၂၀၁၁ မတိုင်မီ ဖွဲ့စည်းခဲ့လို့ လွှတ်တော်ထဲမှာ ရောက်ရှိနေတဲ့ နိုင်ငံရေးပါတီတွေရှိသလို အဲဒီနောက်ပိုင်းမှာ ဖွဲ့စည်းခဲ့တဲ့ နိုင်ငံရေးပါတီတွေလည်း ရှိတာကိုးဗျ။ သူတို့က ယေဘုယျအားဖြင့် လွှတ်တော်ထဲမှာ လာမဲမပေးရဘူးဆိုပေမယ့် သူတို့ရဲ့ အသံကိုလည်း နားထောင်ရမယ်။ ကျနော်တို့က အခုလုပ်နေတာက အားလုံးပါဝင်တဲ့ နိုင်ငံရေးဖြစ်စဉ် တခုဖြစ်အောင် လုပ်နေတဲ့အတွက်ကြောင့်မို့ နောက်ကျပြီးမှ ရောက်လာတဲ့သူတွေကိုလည်း လွှတ်တော်မှာ မဲပေးခွင့်မရှိရင်တောင်မှ သူတို့ရဲ့ အယူအဆကို လွှတ်တော်မှာ ဆုံးဖြတ်မယ့် ကိုယ်စားလှယ်တွေ စဉ်းစားနိုင်အောင် အသိပေးရမှာပေါ့။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အသံတွေလည်းရှိသေးတာကိုး။ ဒါတွေကြောင့် ပြောတာပါ။
မေး။ ။ တွေ့ဆုံဆွေးနွေးဖို့က အစီရင်ခံစာကြည့်ပြီး ဆုံးဖြတ်ရမှာဆိုတော့ အစီရင်ခံစာ ထွက်လာရင်တောင်မှ တွေ့ဆုံဆွေးနွေးမှုက သေချာပေါက် ဖြစ်နိုင်၊ မဖြစ်နိုင်၊ တွေ့ဆုံဆွေးနွေးမှု လိုတယ်၊ မလိုဘူးဆိုတာ လတ်တလော မပြောနိုင်သေးဘူးလို့ ပြောချင်တာလား။
ဖြေ။ ။ မှန်ပါတယ်။ အဲဒီကျမှ လုပ်ငန်းတွေ ပေါ်လာမှာဗျ။ ခုနလို ရှင်းရမှာတွေတယ်။ ဒီကိစ္စတခုကို ကျန်တဲ့ ပါတီတွေက လက်ခံနိုင်မလား၊ နိုင်ငံရေးပါတီကတွေ လက်ခံမလား။ တပ်မတော်ကရော၊ အုပ်ချုပ်ရေး ကရော ဒီလို အမြင်တွေက တွေ့လာတဲ့ အပေါ်မှာ မူတည်ပြီးတော့မှ ပြောစရာတွေဖြစ်လာမှာပေါ့။ သူတို့(ဒေါ်အောင်ဆန်းစုကြည်) အယူအဆအတိုင်း ဒီလေးယောက်တွေ့ပြီးတော့ မင်းတို့ ဒီအတိုင်း ဆုံးဖြတ်ကြ ဆိုပြီးတော့လည်း ပြောလို့ရတဲ့ကိစ္စမှ မဟုတ်တာ။ အဲဒါဆိုလည်း လူတွေရဲ့အသံနားထောင်ရာ ရောက်တော့မလဲ။
မေး။ ။ ထပ်ပြီးမေးပါရစေ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက်အပေါ် သမ္မတနဲ့ ကာချုပ်ရဲ့ အဓိက ပြန်ကြားချက်က ဘာပါလဲ။
ဖြေ။ ။ သူ(ဒေါ်အောင်ဆန်းစုကြည်)က အခုတွေ့ဖို့လုပ်နေတယ်။ ဒါကို ကျနော်တို့က ဘယ်လိုတွေ့မလဲ။ ဘယ်သူတွေပါဝင်တွေ့မလဲဆိုတဲ့ ကိစ္စမျိုးက ကော်မတီရဲ့ အစီရင်ခံစာ ထပ်လာပြီးမှ စဉ်းစားသင့်တယ် ဒါကိုပြောတာ။ ဘယ်သူနဲ့မှ မတွေ့ဘူးလို့ ပြောတာမဟုတ်ဘူး။ မျက်စိပိတ်ပြီး ငြင်းတာမဟုတ်ပါဘူး။
မေး။ ။ အစီရင်ခံစာ ထွက်လာပြီးလို့ တွေ့သင့်တယ် ထင်မှ တွေ့မှာပေါ့။ မတွေ့သင့်ဘူးထင်ရင် မတွေ့ဘူးပေါ့။ တွေ့မယ်လို့ သေသေချာချာကြီး မဟုတ်ဘူးပေါ့။ ဒီလို ဆိုလိုတာလား။
ဖြေ။ ။ အစီရင်ခံစာ ပါလာရင်တော့ ကျနော်တို့ လုပ်စရာ အလုပ်တွေရှိကြဦးမှာပဲ။ နောက်ဆုံး ပြည်သူ့ဆန္ဒခံယူပွဲ လုပ်မယ်ဆိုရင်တောင်မှ အုပ်ချုပ်ရေးဘက်က လုပ်ပေးရမယ့် အပိုင်းတွေရှိသေးတယ်လေ။ ဆိုတော့ ပြောစရာတွေ ရှိလာမှာပဲ။ အစီရင်ခံစာ ထွက်လာပြီးမှပဲ စဉ်းစားလို့ရမှာပဲ။
မေး။ ။ ဒါဆိုရင် အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက်က အချိန်မကျသေးဘူး၊ စောနေတယ်လို့ ဆိုလိုတာပါလား။
ဖြေ။ ။ မှန်ပါတယ်။ ကျနော်တို့ နိုင်ငံရေးဖြစ်စဉ်မှာ တွေ့တာတော့ သမ္မတကြီးလည်း အကုန်လုံးနဲ့ တွေ့ဆုံ ဆွေးနွေးနေတာပဲလေ။ ပုဂ္ဂိုလ်ရေးအမြင်ဖလှယ်တာတွေ ဒါမျိုးတွေက ရှိနေတာပေါ့။ သို့သော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်လို့ ဒီလိုမျိုးတွေ့လိုက်မယ်ဆိုရင် ဟိုဘက်မှာ ကွဲပြားမှုတွေ၊ ဖိအားပေးမှုတွေ ဖြစ်မှာစိုး လို့ ဒါကို (ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံချက်က) အချိန်မတန်သေးဘူး လို့ပြောတာ။ ဘယ်သူနဲ့မှ မတွေ့ဘူးလို့ မျက်စိပိတ်ငြင်းနေတာမဟုတ်ဘူး။ နောင်ကျရင် ဘယ်လိုဖြစ်မယ် ဆိုတာလည်း ကော်မတီရဲ့ အစီရင်ခံစာ ပေါ်မှာပဲ မူတည်တာပဲ။ အဲဒီကော်မတီမှာလည်း NLD အပါအ၀င် လွှတ်တော်ထဲက နိုင်ငံရေးအင်အားစုတွေ အကုန်ရှိနေတာပဲ။
သမ္မတ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

မြန်မာ့ ရုပ်မြင်သံကြား ကြည့်ရှုဖြစ်သူများ သတိပြုမိလိုက်သည် ဆိုပါက ကူညီပေးပါရန်။ ရေးသားသူ..... နေမျိုးဇင်
မြန်မာ့ ရုပ်မြင်သံကြား ကြည့်ရှုဖြစ်သူများ သတိပြုမိလိုက်သည် ဆိုပါက ကူညီပေးပါရန်။ ယခုပင် မြန်မာနိုင်ငံသား တဦးက ဖုန်းဆက် အကူအညီတောင်းလာသည်။ ရုပ်မြင်သံကြား သတင်းက စာတမ်းထိုး ကြေငြာသွားသည့် သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ဆက်စပ်ပြီး ပြည်သူလူထု ထံမှ မေးမြန်းစစ်မေးမည် ဆိုသော အချက်၄၁ ချက် နှင့် ပိုင်ဆိုင်မှု များ ကို စီစစ်မည်ဆိုသည့် စာတမ်း တခု ထိုးသွားသည်ဟု ဆိုပါသည်။ ထို အချက်များကို အသေအချာ အရေရာ ရှင်းလင်းပြဆိုသွားခြင်း မရှိသဖြင့် စိတ်ပူနေမိပါကြောင်း။ ပိုင်ဆိုင်မှု လက်ရှီများကို တင်ပြရမည် ဆိုသဖြင့် လွှတ်တော်ကိုယ်စားလှယ်များကပင် ပိုင်ဆိုင်မှု ကြေငြာရေး အဆိုကို ကန့်ကွက်ထားသည်ဖြစ်ရာ ယခုမှ ပြည်သူ ထံ ကောက်ယူစစ်မေးမည် ဟု စာတမ်းထိုး ကြေငြာခြင်း ကို ရည်ညွန်းချက်များ သိလိုပါသည်ဟု မေးမြန်းလာပါသည်။ ကျနော်ကိုယ်တိုင် ရုပ်မြင်သံကြား ကြည့်ရှုမှတ်သား မိလိုက်သူ မဟုတ်ပါသဖြင့် မသိသေးကြောင်း။ အဆိုပါ အချက် ၄၁ ချက် ဆိုသည်ကို ကြားသိလိုက်မိသူများက ထပ်ဆင့် တင်ပြပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။ ........... နိုင်ငံသား ဖြစ်တည်မှု သန်းခေါင်စာရင်း ကောက်ခံမှု များသည့် ယနေ့ မြန်မာပြည်တွင်း ရှုပ်ထွေးနေဆဲဖြစ်သော နိုင်ငံသား ဖြစ်တည်မှု တိုင်းရင်းသား ခွဲခြားနိမ့်ချမှု ပြသနာများ၊ အိမ်နီးချင်း နိုင်ငံများမှ နည်းအမျိုးမျိုးဖြင့် ကျူးကျော် အခြေချ ၀င်ရောက်လာသူများ ပြန်လည်စီစစ်ဖေါ်ထုတ်ရေး လုပ်ငန်းစဉ်များ အတွက် အထူး အရေးကြီးသည့် လုပ်ဆောင်ချက်များ စစ်တမ်းကောင်ခံမှုများ ဖြစ် မဖြစ်...... မျိုးရိုးအစဉ်အဆက် အတွက် မမေ့မလျော့ မပေါ့ဆ သော သတိဖြင့် နိုင်ငံသား အားလုံးက အထူးကြပ်မတ် ဆင်ခြင်သော အမျိုးသားရေး လှုံ့ဆော်ချက်ဖြင့် ပူးပေါင်းပါဝင်ပြီး စစ်တမ်းကောက်ခံမည်ဆိုသော သန်းခေါင်စာရင်း ကောက်ခံမှု စစ်တမ်းပါ အချက်အလက် ရည်ညွှန်းချက်များ ဖြစ်မဖြစ်။ သန်းခေါင်စာရင်း ကောက်ခံရေး အဖွဲ့ ဖွဲ့စည်း ဆောင်ရွက်မှု ဖွဲ့စည်းပုံနှင့် ဦးဆောင် မည့်သူတို့၏ ကိုယ်ရည်ကိုယ်သွေး၊ နောက်ကြောင်း ရာဇ၀င်များ၊ အကျင့်ပျက် လာဘ်စားမှု ကင်းရှင်း ခဲ့သည့် ဦးဆောင်သူ ဟုတ်မဟုတ် ဆိုသည့် အချက်များ။ နိုင်ငံ အနာဂတ် နှင့် လူမျိုးရေး ပြသနာများ၊ ဘာသာရေး ဟန်ပြ ရှုပ်ထွေးသော နိုင်ငံရေး ကစားကွက် ဖန်တီးမှု နောက်ကွယ်မှ ခြေထိုး ခြေရှုပ်နေသည့် တရားခံ ကွင်းဆက်များ အတွက် အရေးကြီးသည့် ဆက်ကြောင်း ဖေါ်ထုတ်ရေး နည်းလမ်းများ ပါမပါ စီစစ်ခြင်း။ ပြည်ထောင်စု ကာကွယ်ရေး တပ်မတော် စင်စစ် ပေါ်ထွန်းလာရေး အတွက် အထောက် အကူဖြစ်စေမည့် ပြည်နယ် တောင်ပေါ် မြေပြန့် မခွဲခြားသော တတန်းတစားတည်း ဖြစ်စေမည့် နိုင်ငံသားတို့ အခွင့်အရေး ရပိုင်ခွင့် အတွက် ဖန်တီးစေ့ဆော် လမ်းခင်းပေးမည့် ဦးတည်ချက်များ ပါမပါ စီစစ်ခြင်း။ ........စသည် စသည် မျိုးဆက်သစ်များ အနာ၈တ် အတွက် လွှမ်းခြုံငုံပြည့်စုံသော စီမံချက် စစ်တမ်းကောက်ခံမှု ပုံစံ ဟုတ်မဟုတ် ၀ိုင်းဝန်း စဉ်းစား သုံးသပ် ကူညီ ထောက်ပြခြင်းဖြင့် နိုင်ငံတော် အစိုးရသစ်၏ ပြည်သူ့ အကျိုး ဦးတည်သော ဆောင်ရွက်ချက်များဖြစ်ပေါ်လာစေရေး........... နှင့် ပိုမို ချောမွေ့ ခိုင်လုံ လုံခြုံသည့် နိုင်ငံလုံးချီ အမျိုးသား အမျိုးသမီးတိုင်း ပါဝင် ထမ်းဆောင် ကူညီ ကြမည့် အမျိုးသားရေး လုံခြုံမှု စီမံချက် ရုပ်လုံးဖေါ် ခြင်း လှုပ်ရှားမှုကြီး ဖြစ်ပေါ်လာရေး ............... နှင့် နိုင်ငံစီးပွားရေး တိုးတက်မှု အတွက် အထောက်အကူဖြစ်မည့် မဟာ စီမံကိန်းကြီးများ အတွက် အထောက်အကူပြုသည့် လူဦးရေ နှင့် ဖြန့်ခွဲ နေထိုင်မှု ပုံစံ သန်းခေါင်စာရင်း ကောက်ခံမှု လုပ်ငန်းစဉ်ကြီး အဖြစ် အောင်မြင်စွာ ပေါ်ထွက် လာပါစေကြောင်း မျှော်လင့် တင်ပြလိုက်ပါသည်။
ဗြိတိသျှတို့က မြန်မာနိုင်ငံတွင်းမှာ အကောင်းတိုင်း အစိတ်အပိုင်းလိုက်မြှုပ်နှံထားခဲ့တဲ့ စပစ်ဖိုင်းယားတွေကို ပြန်လိုချင်ပါသတဲ့ ။
အခုမှသတင်းထုတ်ပြန်လိုက်တော့ 
အံများတောင်သြပါရဲ့ ။ လွန်ခဲ့တဲ့ ၁၂ နှစ်ကျော်ကတည်းက ရှာဖွေနေခဲ့ပါသတဲ့
။အခု မြှုပ်နှံခဲ့တဲ့ စစ်သားဟောင်းတွေရဲ့ မှတ်တမ်း မှတ်ရာတွေနဲ့ apple ရဲ့
နည်းပညာတွေပေါင်းစပ်ရှာဖွေမှုနဲ့ လေယာဉ်အစင်း ၂၀ ကျော်ကို ပြန်တူးပြီး အကောင်းတိုင်းပြန်ယူတော့မယ် တဲ့ ။
ကျွန်တော်တို့သဘောကတော့ မပေးရဘူး ။ဘာကြောင့်လဲ ။ဒီလေယာဉ်တွေဟာ ဗြိတိသျှ သမိုင်းတင် မဟုတ်ပါဘူး ။ကျွန်တော်တို့နိုင်ငံသမိုင်းလည်းဖြစ်ပါတယ်
။ကျွန်တော်တို့ နိုင်ငံမြေအောက်မှာ နှစ်ပေါင်း ၇၀ ကျော် အိပ်စက်နေခဲ့တာပါ
။ကျွန်တော်တို့လည်း ပိုင်တယ် ။ဒီလေယာဉ်တွေကို တူးဖော်ခွင့်ပေးခဲ့ မယ်ဆိုရင်
နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ခိုင်မာစေမှာလို့
ဒေးဗစ်ကင်မရွှန်းကပြောတယ် ။ဟုတ်ပြီ ။ဒီလေ ယာဉ်အစင်း၂၀ ပြန်ပေးမှ
ဆက်ဆံရေးကောင်းမွန်မှာလား ။ဒါဆိုရင် ဘဲစားဘဲခြေလေး ကစားကြည့် ရအောင်
။ကျွန်တော်တို့ဆီက သမ သွားတဲ့ ပတ္တမြား ငမောက်ကြီး ဘယ်ရောက်နေတုန်း ။
ကိုင်း ... ဒီစာရင်းထဲက နန်းစဉ်ရတနာတွေ ပြန်ပေးမလား ။
၁။သက္ကရာဇ် ၁၀၃၂ (အေဒီ ၁၆၆၁) လောက်ကတည်းက ရှိခဲ့တဲ့ အလေးချိန် ရတီကိုးဆယ်ကျော်ရှိသော ပတ္တမြား ငမောက်
၂။ဗဒုံမင်းလက်ထက်ကတည်းကရှိခဲ့တဲ့ရတီချိန် နှစ်ဆယ်ခန့်ရှိတဲ့ လှော်ကားတင် ကလေး ဟုခေါ်သော ပတ္တမြား
၃။သက္ကရာဇ် ၁၁၉၉ (အေဒီ၁၈၃၇) ခုနှစ် ရွှေဘိုမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန်လေးဆယ်ကျော် လှော်ကားတင်ကြီး ဟုခေါ်သော ပတ္တမြား
၎။အလေးချိန် လေးဆယ်ရတီရှိ ဆင်ဖြူတော် ဟုခေါ်သော ပတ္တမြား
၅။အလေးချိန် ဆယ်ရတီရှိ ဆင်မတော် ဟုခေါ်သော ပတ္တမြား
၆။စံထားအသုံးပြုရတဲ့ အချိန်ခြောက်ရတီရှိတဲ့ စံကျောက်တော် ဟုခေါ်သော ပတ္တမြား
ပြီးတော့ သူတို့ပြတိုက်ထဲက စစ်သူကြီး မဟာ ဗန္ဓုလ ရဲ့ သံချပ်ကာ ဝတ်စုံ ကြီးကို ရောပြန်ပေးနိုင်မလား ။
ဧကရီဘုရင်မကြီးကို ပေးပို့သည့်ပစ္စည်းတွေထဲက သီပေါ၏ အကောင်းဆုံး သရဖူတစ်ခု၊ ဒုတိယ သရဖူ မှ မြကျောက်ကြီးသုံးလုံး၊ သရဖူထဲမှ ကျွတ်ကျသည့် ကျောက်အလွတ် ၈ လုံးထည့်ထားသည့် စက္ကအိတ် တစ်လုံး၊ စိန်ဒေါင်းရုပ်ပါသည့် ဘယက်တစ်ကုံး နှင့် ရွှေဘီး တစ်ချောင်း
ဒါတွေဟာ နှစ်ဦးနှစ်ဘက်လုံးမနစ်နာတဲ့
တောင်းဆိုမှူပဲဖြစ်ပါတယ် ။ဒီသရဖူဟာ သီပေါမင်းဆီက သရဖူ
ဖြစ်နိုင်ပါတယ်ပီးတော့ ဗြိတိသျှ ပြတိုက်တွေထဲက မြန်မာ့ယဉ်ကျေးမှူ အနုပညာ
ပစ္စည်းတွေ ပြန်ပေး မလား ။ကျွန်တော်တို့ အစိုးရကရော ပြန်တောင်းပေးမလား
။အခုဗြိတိသျှ ဘုရင်မကြီးခေါင်းက သရဖူက ဘာနဲ့လုပ်ထားတယ် ထင်လဲ
။ကျွန်တော်တို့နိုင်ငံကနန်း စဉ်ကျောက်တွေနဲ့လုပ်ထားတာပါ ။တန်ဖိုးလား ။ဟုတ်ကဲ့ဗြိတိသျှနဲ့ပြင်သစ်နှစ်နိုင်ငံကမြေတွေကိုအကုန်ဝယ်လို့ရနိုင်ပါတဲ့တန်ဖိုး တွေပါ။
ဒါတွေပြန်ပေးမလား။စပစ်ဖိုင်းယားတွေဟာ ဗြိတိသျှရဲ့အမျိုးသားရေးဂု ဏ်တစ်ခုပါ။တကယ်လေးစားဖွယ်ကောင်းပါတယ်။ဒီတော့ကာ ဗြိတိသျှတွေဆီရောက်နေတဲ့ကျွ န်တော်တို့နန်းစဉ်ပတ္တမြားတွေကရောတန်ဖိုးမဲ့ခဲ့ပြီလား။ဓါးပြတိုက်ယူသွားတဲ့ ကျောက်တွေမို့ အောက်ဈေးနဲ့ပဲရနိုင်တာပေါ့ လို့ ဖြေသိမ့်တော့မှာလား။အဲဒီကျောက်တွေကရောကျွန်တော်တို့နို င်ငံရဲ့ဂုဏ်တစ်ခုမဟုတ်တော့ဘူးလား။ကမ္ဘာ့ကျောက်မျက်ရတနာေ လာကမှာပတ္တမြားငမောက်ဆိုတာဒဏ္ဍာရီအဆန်ဆုံးနာမည်အကြီးဆုံးပါ။BurmeseRoyalRubyလို့တသွယ်SuFaYarLatt'sRubyလို့တနည်းနဲ့ခုချိန်ထိနာမည်ကြီးဆဲပါ ။တသသပြောလို့မဆုံးတဲ့ကမ္ဘာ့ေ ကျာက်မျက်လောကရဲ့စနိုးဝှိုက်ပုံပြင်တစ်ခုပါ။ကိုင်း.... အဲဒါနဲ့တည့်-တည့် ပြန်ချိန်းလိုက်ရအောင်လား။နိုင်ငံရေးစကားနဲ့ဆိုရရင်Win Winအခြေအနေပါပဲဗျာ။
အခု ကမ္ဘာမှာ ဝေဟင်မှာ မောင်းနှင်နိုင်တဲ့ စပစ်ဖိုင်းယားဟာဆိုရင် ၃၆ စီးလို့ဆိုပေမယ့် လက်တွေ့မှာ အစီး ၃၀ သာ တကယ်မောင်းနှင်နိုင်ပါတော့တ ယ်
။အဲဒီ အစင်း ၃၀ ဟာလည်း တစ်စုတစ်စည်းတည်း မရှိပဲ နေရာ အနှံပြန့်ကျဲနေပါတယ်
။ဒီတော့ကာ ကျွန်တော်တို့နိုင်ငံမှာ အစင်း ၂၀ လုံလုံး တစုတစည်း တည်း
အကောင်းပတိ ရှိနေပါတယ် ။ ဒီအစီး ၂၀ ကိုပြတိုက်ထဲထည့် လိုက်ရင်
ကျွန်တော်တို့ နိုင်ငံခြားငွေ ဘယ်လောက်စီးဝင်လာမလဲ ။ ဒါမှမဟုတ် ၁၀ စီးကို
ပြတိုက်ထဲထည့် ၁၀ စီးကို အကောင်းအ တိုင်းပြန်ဆင်ပြီးအပျော်တမ်းကလပ်ပုံစံသို့မဟုတ်ကမ္ဘာလှည့်ခရီးသွားတွေ လေ့လာသူတွေအတွက် မောင်းနှင်စီးနင်းနိုင်အောင်လုပ်ထားခဲ့မယ်ဆိုရင်???? ။
သူတို့ဒီလေယာဉ်တွေကို စရှာဖွေကတည်းက အခုချိန်ထိ ဒေါ်လာ နှစ်သိန်းတစ်သောင်းကျော် ကုန်ကျပါတယ်လို့ ပြောခဲ့တယ် ။ဟုတ်ပြီ ကျွန်တော်တို့သာဆိုလျှင် ရှာဖွေပေးခဲ့တဲ့ ဒေးဗစ်ဂျေကန်ဒယ်လ် ကို ဒေါ်လာ သိန်းနှစ်ဆယ် ဆုချလိုက်ပါ့မယ် ။ဘာကြောင့်လဲ ။
ဗြိတိသျှ သားတွေဟာ ကျွန်တော်တို့လိုမျိုး ဇာတိဂုဏ်ကို သိပ်တန်ဖိုးထားသူတွေပါ ။ သူတို့နိုင်ငံရဲ့ ဂုဏ်ကျက်သရေကို ကျွန်တော်တို့ဆီလာကြည့်လာလေ့ လာရမှာပါ
။အဲဒီတစ်ခုတည်းနဲ့တင် ကျွန်တော်တို့ မီးခိုးမထွက်တဲ့ စက်ရုံတစ်ခုဖြစ်တဲ့
ကမ္ဘာလှည့်ခရီးသွားတွေဆီကနေ နိုင်ငံခြားငွေ ထိုင်ယူနေရုံပါပဲ
။ဘယ်လောက်ကြာအောင် ထိုင်ယူနေမှာလဲ ။ဒီလေယာဉ်တွေ မြန်မာနိုင်ငံမှာရှိနေသမျှ
နဲ့ နောင် သားစဉ်မြေးဆက်အထိ နှစ်ထောင်ပေါင်းများစွာ
နိုင်ငံခြားငွေသဲ့ယူလို့ရမဲ့  အရာတွေပါ ။
သူတို့ကလည်း သူတို့နိုင်ငံရဲ့ ဂုဏ်ယူစရာ အမွေအနှစ်ကြီးတွေကို ပြန်တောင်းတယ် ။ကျွန်တော်တို့ကလည်း ကျွန်တော်တို့နိုင်ငံရဲ့အဖိုးမဖြတ်နိုင်တဲ့
ရတနာတွေ ယဉ်ကျေးမှူအမွေအနှစ်တွေ ပြန်တောင်းတယ် ။ကဲ.ဒါ
ရာဇဝတ်မှူလည်းမဟုတ်ဘူး ။ မလုပ်ရတဲ့ စည်းမျဉ်းလည်း မဟုတ်ဘူး
။သူတို့လူမျိုးဟာကျတော့ သိတတ်ပြီး ကျွန်တော်တို့ ဟာတွေကျတော့ ခပ်တည်တည်နဲ့
ပြတိုက်ထဲထည့်ပြီး သူတို့နိုင်ငံက လုပ်စားပြစား ဂုဏ်ယူနေတာတော့
မဟုတ်သေးဘူးခင်ဗျ ။
ကျွန်တော်ကတော့ ဘာမှပြောစရာ မရှိပါဘူး ....... အဲ တစ်ခုတော့ရှိတယ် ရေအဆုံး ကုန်းတစ်ဝက်တဲ့ ဒါပဲ !!From Internet

ကျွန်တော်တို့သဘောကတော့ မပေးရဘူး ။ဘာကြောင့်လဲ ။ဒီလေယာဉ်တွေဟာ ဗြိတိသျှ သမိုင်းတင် မဟုတ်ပါဘူး ။ကျွန်တော်တို့နိုင်ငံသမိုင
ကိုင်း ... ဒီစာရင်းထဲက နန်းစဉ်ရတနာတွေ ပြန်ပေးမလား ။
၁။သက္ကရာဇ် ၁၀၃၂ (အေဒီ ၁၆၆၁) လောက်ကတည်းက ရှိခဲ့တဲ့ အလေးချိန် ရတီကိုးဆယ်ကျော်ရှိသော ပတ္တမြား ငမောက်
၂။ဗဒုံမင်းလက်ထက်ကတည်းကရှိခ
၃။သက္ကရာဇ် ၁၁၉၉ (အေဒီ၁၈၃၇) ခုနှစ် ရွှေဘိုမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန်လေးဆယ်ကျော် လှော်ကားတင်ကြီး ဟုခေါ်သော ပတ္တမြား
၎။အလေးချိန် လေးဆယ်ရတီရှိ ဆင်ဖြူတော် ဟုခေါ်သော ပတ္တမြား
၅။အလေးချိန် ဆယ်ရတီရှိ ဆင်မတော် ဟုခေါ်သော ပတ္တမြား
၆။စံထားအသုံးပြုရတဲ့ အချိန်ခြောက်ရတီရှိတဲ့ စံကျောက်တော် ဟုခေါ်သော ပတ္တမြား
ပြီးတော့ သူတို့ပြတိုက်ထဲက စစ်သူကြီး မဟာ ဗန္ဓုလ ရဲ့ သံချပ်ကာ ဝတ်စုံ ကြီးကို ရောပြန်ပေးနိုင်မလား ။
ဧကရီဘုရင်မကြီးကို ပေးပို့သည့်ပစ္စည်းတွေထဲက သီပေါ၏ အကောင်းဆုံး သရဖူတစ်ခု၊ ဒုတိယ သရဖူ မှ မြကျောက်ကြီးသုံးလုံး၊ သရဖူထဲမှ ကျွတ်ကျသည့် ကျောက်အလွတ် ၈ လုံးထည့်ထားသည့် စက္ကအိတ် တစ်လုံး၊ စိန်ဒေါင်းရုပ်ပါသည့် ဘယက်တစ်ကုံး နှင့် ရွှေဘီး တစ်ချောင်း
ဒါတွေဟာ နှစ်ဦးနှစ်ဘက်လုံးမနစ်နာတဲ့
ဒါတွေပြန်ပေးမလား။စပစ်ဖိုင်
အခု ကမ္ဘာမှာ ဝေဟင်မှာ မောင်းနှင်နိုင်တဲ့ စပစ်ဖိုင်းယားဟာဆိုရင် ၃၆ စီးလို့ဆိုပေမယ့် လက်တွေ့မှာ အစီး ၃၀ သာ တကယ်မောင်းနှင်နိုင်ပါတော့တ
သူတို့ဒီလေယာဉ်တွေကို စရှာဖွေကတည်းက အခုချိန်ထိ ဒေါ်လာ နှစ်သိန်းတစ်သောင်းကျော် ကုန်ကျပါတယ်လို့ ပြောခဲ့တယ် ။ဟုတ်ပြီ ကျွန်တော်တို့သာဆိုလျှင် ရှာဖွေပေးခဲ့တဲ့ ဒေးဗစ်ဂျေကန်ဒယ်လ် ကို ဒေါ်လာ သိန်းနှစ်ဆယ် ဆုချလိုက်ပါ့မယ် ။ဘာကြောင့်လဲ ။
ဗြိတိသျှ သားတွေဟာ ကျွန်တော်တို့လိုမျိုး ဇာတိဂုဏ်ကို သိပ်တန်ဖိုးထားသူတွေပါ ။ သူတို့နိုင်ငံရဲ့ ဂုဏ်ကျက်သရေကို ကျွန်တော်တို့ဆီလာကြည့်လာလေ
သူတို့ကလည်း သူတို့နိုင်ငံရဲ့ ဂုဏ်ယူစရာ အမွေအနှစ်ကြီးတွေကို ပြန်တောင်းတယ် ။ကျွန်တော်တို့ကလည်း ကျွန်တော်တို့နိုင်ငံရဲ့အဖိ
ကျွန်တော်ကတော့ ဘာမှပြောစရာ မရှိပါဘူး ....... အဲ တစ်ခုတော့ရှိတယ် ရေအဆုံး ကုန်းတစ်ဝက်တဲ့ ဒါပဲ !!From Internet

အွန်လိုင်းပေါ်မှ MBA အခမဲ့ တက်ခွင့်ရမည့် တက္ကသိုလ် Written by အောင်ခမ်း (TSJ team)
Written by အောင်ခမ်း (TSJ team)
http://www.themuse.com/
အထက်ပါ လခ့် ဖြစ်ပါတယ်။ အွန်လိုင်းကနေ MBA လျှောက်ထား တက် ရောက်ခွင့်ရတဲ့ ဝဘ်ဆိုဒ်တွေထဲ မြန်မာပြည်က လူသိနည်းနေသေးတဲ့ ဝဘ်ဆိုဒ်ပါ။ အမေရိကန် အခြေဆိုက် တက္ကသိုလ် တစ်ခု ဖြစ်ပါတယ်။
ကမ္ဘာ့ စီးပွားရေး လုပ်ငန်း ကုမ္မဏီပေါင်း များစွာနဲ့ ပါတနာဖွဲ့ပြီး အွန်လိုင်း ပညာသင်ကြားရေးစနစ် ပြုလုပ်နေတဲ့ ဝဘ်ဆိုဒ် ဖြစ်ပါတယ်။ တကယ်အခမဲ့ ပါ။ အားသာချက်ကတော့ ကျောင်းပြီးရင် ရနိုင်မယ့် အလုပ်ပါ တစ်ခါတည်း ချိတ်ဆက်ပေးခြင်း ဖြစ်ပါတယ်။ The Muse မှ တရားဝင် ပြောကြားထားတဲ့ အချက်ပါ။
ဝဘ်ဆိုဒ်ပေါ်က Course တွေကို လေ့လာ သင်ကြားဖို့အတွက် ငွေကြေး တစ်ပြားတစ်ချပ်မှမကုန်ကျတဲ့အပြင် အလုပ်ပါ တစ်ခါတည်း ရှာဖွေပေး မှာ ဖြစ်ပါတယ်။ လောလောဆယ်ကတော့ အခမဲ့အနေနဲ့သာ ပြုလုပ် ထားခြင်းဖြစ်ပြီး နောက်ပိုင်းဆိုရင် Paid feature နဲ့ သီးသန့်သင်မယ့် Course တွေလည်း ပါဝင်လာမယ်လို့ ဆိုပါတယ်။
ဒီတော့ ကျောင်းတက်ဖို့အတွက် မိမိမှာ အင်တာနက် ရဖို့လိုပါတယ်။ ကွန်ပြူတာမရှိရင်တောင် အင်တာနက်ဆိုင်မှာ ထိုင်ပြီး သင်ယူ နိုင်ပါ တယ်။ ကျောင်းတက်ဖို့အတွက် Sign up လုပ်ရပါမယ်။ ပြီးရင် Management 101 ကုဒ်နံပါတ်ရှိတဲ့ Course ကို ပထမဦးဆုံး လေ့လာ သင်ကြားရမှာပါ။ ပေးအပ်တဲ့ Assignment တွေကိုတော့ ပြီးမြောက်အောင် လုပ်ဖို့ လိုအပ်ပါတယ်။
Management 101 က တစ်လပဲ ကြာမြင့်မှာပါ။ ပြီးရင် MBA က Course အတိုင်း ဆက်လေ့လာ ရမှာ ဖြစ်ပါတယ်။ MBA တင်မကပဲ အခြား ယူနိုင်သေးတဲ့ ဘာသာရပ်များလည်း ရှိသေးပြီး မိမိနှစ်သက်ရာကို Specialize လုပ်နိုင်ကြောင်း ဆိုထားပါတယ်။
ဒါကြောင့် လက်ရှိမြန်မာပြည်ကနေ MBA ကို ငွေကုန်ကြေးကျ လုံးဝ မရှိပဲ တက်ရောက်နိုင်ဖို့ ဝဘ်ဆိုဒ်ကောင်းလေးတစ်ခုကို မျှဝေ ပေးလိုက်ရပါတယ်။
www.themuse.com
အောင်ခမ်း (TSJ Team)
http://www.themuse.com/အထက်ပါ လခ့် ဖြစ်ပါတယ်။ အွန်လိုင်းကနေ MBA လျှောက်ထား တက် ရောက်ခွင့်ရတဲ့ ဝဘ်ဆိုဒ်တွေထဲ မြန်မာပြည်က လူသိနည်းနေသေးတဲ့ ဝဘ်ဆိုဒ်ပါ။ အမေရိကန် အခြေဆိုက် တက္ကသိုလ် တစ်ခု ဖြစ်ပါတယ်။
ကမ္ဘာ့ စီးပွားရေး လုပ်ငန်း ကုမ္မဏီပေါင်း များစွာနဲ့ ပါတနာဖွဲ့ပြီး အွန်လိုင်း ပညာသင်ကြားရေးစနစ် ပြုလုပ်နေတဲ့ ဝဘ်ဆိုဒ် ဖြစ်ပါတယ်။ တကယ်အခမဲ့ ပါ။ အားသာချက်ကတော့ ကျောင်းပြီးရင် ရနိုင်မယ့် အလုပ်ပါ တစ်ခါတည်း ချိတ်ဆက်ပေးခြင်း ဖြစ်ပါတယ်။ The Muse မှ တရားဝင် ပြောကြားထားတဲ့ အချက်ပါ။
ဝဘ်ဆိုဒ်ပေါ်က Course တွေကို လေ့လာ သင်ကြားဖို့အတွက် ငွေကြေး တစ်ပြားတစ်ချပ်မှမကုန်ကျတဲ့အပြင် အလုပ်ပါ တစ်ခါတည်း ရှာဖွေပေး မှာ ဖြစ်ပါတယ်။ လောလောဆယ်ကတော့ အခမဲ့အနေနဲ့သာ ပြုလုပ် ထားခြင်းဖြစ်ပြီး နောက်ပိုင်းဆိုရင် Paid feature နဲ့ သီးသန့်သင်မယ့် Course တွေလည်း ပါဝင်လာမယ်လို့ ဆိုပါတယ်။
ဒီတော့ ကျောင်းတက်ဖို့အတွက် မိမိမှာ အင်တာနက် ရဖို့လိုပါတယ်။ ကွန်ပြူတာမရှိရင်တောင် အင်တာနက်ဆိုင်မှာ ထိုင်ပြီး သင်ယူ နိုင်ပါ တယ်။ ကျောင်းတက်ဖို့အတွက် Sign up လုပ်ရပါမယ်။ ပြီးရင် Management 101 ကုဒ်နံပါတ်ရှိတဲ့ Course ကို ပထမဦးဆုံး လေ့လာ သင်ကြားရမှာပါ။ ပေးအပ်တဲ့ Assignment တွေကိုတော့ ပြီးမြောက်အောင် လုပ်ဖို့ လိုအပ်ပါတယ်။
Management 101 က တစ်လပဲ ကြာမြင့်မှာပါ။ ပြီးရင် MBA က Course အတိုင်း ဆက်လေ့လာ ရမှာ ဖြစ်ပါတယ်။ MBA တင်မကပဲ အခြား ယူနိုင်သေးတဲ့ ဘာသာရပ်များလည်း ရှိသေးပြီး မိမိနှစ်သက်ရာကို Specialize လုပ်နိုင်ကြောင်း ဆိုထားပါတယ်။
ဒါကြောင့် လက်ရှိမြန်မာပြည်ကနေ MBA ကို ငွေကုန်ကြေးကျ လုံးဝ မရှိပဲ တက်ရောက်နိုင်ဖို့ ဝဘ်ဆိုဒ်ကောင်းလေးတစ်ခုကို မျှဝေ ပေးလိုက်ရပါတယ်။
www.themuse.com
အောင်ခမ်း (TSJ Team)
Wednesday, November 27, 2013
ပေးဆပ်သူတွေအတွက် သမ္မတ ဖြစ်ချင်တယ်လို့ ဆစ်ဒနီရောက် ဒေါ်အောင်ဆန်းစုကြည်ထပ်မံပြောကြား
ဩစတြေးလျနိုင်ငံကို ပထမဆုံး အကြိမ် အလည်အပတ်ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွက် လိုအပ်မယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့မူဝါဒတွေကိုအကောင်ထည်ဖော်လိုတဲ့ အတွက် သမ္မတ လုပ်လိုတယ်လို့ ပြောကြားလိုက်ပါတယ်။
ဆစ်ဒနီ အော်ပရာဟော့စ်ကို ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဩစတြေးလျရောက် မြန်မာအသိုင်းအ၀န်းက စည်တော်တီး ကြိုဆိုတဲ့ အသံတွေကို ကြားခဲ့ရတာပါ။
ဒီအခမ်းအနားမှာ ဆစ်ဒနီ တက္ကသိုလ်နဲ့ နည်းပညာတက္ကသိုလ်တို့က ဂုဏ်ထူးဆောင် ဒေါက်တာ ဘွဲ့ပေးအပ်ခဲ့ သလို သူရဲ့ သမ္မတ ဖြစ်လိုတယ်လို့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က ခုလို ဖြေကြားသွားခဲ့တာဖြစ်ပါတယ်။
သမ္မတဖြစ်ချင်တဲ့အကြောင်းကတော့ အရမ်းကို ရိုးရှင်းပါတယ်။ သမတဖြစ်မှ ကျမတို့ရဲ့ပါတီအနေနဲ့ တိုင်းပြည်အတွက် လိုအပ်မယ်လို့ထင်တဲ့ မူဝါဒတွေကို အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။ ဒါ့ပြင် မြန်မာရဲ့ ဒီမိုကရေစီရေး အတွက် အသက်နဲ့ဘ၀တွေအပါအ၀င် အရာအားလုံးကို ပေးဆပ်ခဲ့တဲ့သူတွေ အတွက်လည်း သမ္မတ ဖြစ်ချင် တာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောသွား တာပါ။
သူ့ကို သမ္မတမဖြစ်အောင် ပိတ်ပင်တားဆီးထားတဲ့ အခြေခံ ဥပဒေကို ကန့်ကွက်ကြောင်းနဲ့ ဘယ်အခြေခံဥပဒေကမှ လူတဦးတစ်ယောက်ထဲကိုရည်၇ွယ်ပြီး မရေးဆွဲသင့်ကြောင်းပြောကြား သွားပါတယ်။
တခါ သူ့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နေနဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ရာမှာ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး စတဲ့ အချက် ၃ ခု မူဝါဒလမ်းစဉ်ပေါ်မှာ မူတည်ပြီး မူတည်ပြီးတော့ ရွေးကောက်ပွဲ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတဲ့အကြောင်း လက်ရှိ အခြေခံ ဥပဒေဟာ မြန်မာနိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီ တိုင်းပြည်မဖြစ်အောင် တားမြစ်ထားသလို အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ကာကွယ်ရေး ဦးစီးချုပ်ကသာ ဆုံးဖြတ်နိုင်တယ်လို့ လည်း ပြောကြားသွားပါတယ်။
အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ အတွက် ရွေးချယ်မခံထားရတဲ့ လူတဦးတယောက်ရဲ့ ဆန္ဒနဲ့ ထိန်းချုပ်ထားတဲ့အတွက် အခြေခံ ဥပဒေက ဒီမိုကရေစီကျတယ်လို့ ဘယ်လို ပြောနိုင်မှာလဲလို့လည်း ဖွဲ့စည်းပုံပြင်ဆင်နိုင်ဖို့ လွှတ်တော်ထဲမှာ ရွေးချယ်ခံစရာမလိုဘဲ ရောက်နေတဲ့ စစ်တပ်ကိုယ်စားလှယ် အနည်းတဦးရဲ့ ထောက်ခံမှုလိုအပ်နေတာကို ရည်ညွန်းပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ကျမရဲ့ပြည်သူတွေကို ငြိမ်ဝပ်ပိပြားမနေစေချင်သလို တရားဥပဒေစိုးမိုးမှုဆိုတဲ့ လုံခြုံမှု အောက်မှာ ဦးမော့နေ စေချင်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာလ ၁ ရက်နေ့ မဲလ်ဘုန်းမြို့မှာ ကျင်းပမယ့် ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ် အခမ်းအနားမှာ တက်ရောက်မိန့်ခွန်းပြောဖို့ရှိပြီး ဩစတေးလျမှာ ကျင်းပဖို့ရှိတဲ့ အကြိမ် ၂၀ မြောက် နိုင်ငံတကာ အေအိုင်ဒီအက်စ် ညီလာခံ ၂၀၁၄ ကို ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ဒီဇင်ဘာ ၂ ရက်နေ့မှာ ပြန်လည်ရောက်ရှိလာမှာ ဖြစ်တဲ့အကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။
By ဒီဗွီဘီ
စကာင်္ပူ စာတိုက်တွေကနေ တဆင့် မြန်မာနိုင်ငံကို ငွေပို့ငွေလွဲ ၀န်ဆောင်မှုတွေ ပေးသွားမှာ ဖြစ်တယ်
စကာင်္ပူ စာတိုက်တွေကနေ တဆင့် မြန်မာနိုင်ငံကို ငွေပို့ငွေလွဲ ၀န်ဆောင်မှုတွေ
ပေးသွားမှာ ဖြစ်တယ်လို့ စကာင်္ပူ စာတိုက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကမ္ဘာမှာ ပထမဆုံးအဖြစ် စာတိုက်ကနေတဆင့် ငွေလွဲပို့မယ့် ၀န်ဆောင်မှုကို
မြန်မာကို ပေးသွားမှာလို့ ဗုဒ္ဓဟူးနေ့က စကာင်္ပူစာတိုက်က ထုတ်ပြန်ချက်မှာ
ကြေညာပါတယ်။ မြန်မာနိုင်ငံက အာရှ စိမ်းလန်းရေး ဘဏ်၊ စီဘီဘဏ်၊ ကမ္ဘောဇဘဏ်၊
ထွန်းဖောင်ဒေးရှင်းဘဏ်တို့နဲ့ ပူးပေါင်းလုပ်ဆောင်တာ ဖြစ်တယ်လို့လည်း
ပြောပါတယ်။ ငွေပို့ငွေလွဲလုပ်တာအပြင် ပေးပို့သူတွေက လစာကို
စုဆောင်းငွေတွေအဖြစ် အိမ်ကို ပေးပို့နိုင်သလို မြန်မာက ဘဏ်တွေက
အတိုးပေးသွားမယ်လို့လည်း ဆိုပါတယ်။ စကာင်္ပူမှာ မြန်မာနိုင်ငံသား ၁
သိန်းခွဲကနေ ၂ သိန်းရှိတယ်လို့လည်း ထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။
Credit To >DVB TV News <Thanks
Credit To >DVB TV News <Thanks
၉၃ နှစ်မြောက် ပြည်ထောင်စုနေ့ဗန်းမော်မြို့၌ ကျင်းပ
ကချင်ပြည်နယ် ၊ ဗန်းမော်မြို့ ၉၃ နှစ်မြောက် အမျိုးသားနေ့
အခမ်းအနားကို နိုဝင်ဘာ ၂၇ ရက်နေ့
(၁၃၇၅ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်) နံနက် ၈
နာရီက အထက ၁ အောင်တံခွန် ခန်မ၌ ကျင်းပရာ ကျောင်းသား/သူများက ပြည်မြန်မာသီချင်းသီဆို ၍ အခမ်အနားကိုဖွင့်လှစ်ကာ
ခရိုင်အုပ်ချုပ်ရေးမှူးဦးတေဇာအောင်မှ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ၊နိုင်ငံတော်
သမ္မတ ဦးသိန်းစိန်ထံမှပေးပို့သော ၉၃ နှစ်မြောက် အမျိုးသားနေ့ အထိန်းအမှတ် သ၀ဏ်လွှာကိုဖတ်ကြား ၍ ခရိုင်အုပ်ချုပ်ရေးမှူးဦးတေဇာအောင်
မြို့နယ်အုပ်ချုပ်ရေးမှူးဦညွန့်ဝင်း ၊ ခရိုင်ပညာရေးမှူး ဦးနိုင်းဟိုင်ကွန်း
၊ မြို့နယ် ပညာရေးမှူးဦးသောင်းစိန် တို့မှ၉၃ နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် ထက်/လယ်/မူ အဆင့်
စာစီစာကုံးနှင့် ကဗျာ ပြိုင်ပွဲဆုရကျောင်းသား/သူ (၁၆) ဦးတို့အား ဆုငွေများချီးမြှင့်ပေးအပ်ကြပြီး
ကျောင်းသား/သူများက ဇာတိမာန်သီချင်းဖြင့်သီဆိုဖျော်ဖြေ ၍အခမ်းအနားကိုရုတ်သိမ်းကြောင်း သိရသည်။
၁၅၀
၁၅၀
တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေအတွက် အဆောင်စီစဉ်ပေးမည် Written by အေးမင်းဖြူ
မြန်မာပြည်အထက်ပိုင်း
တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေမှာ ကျောင်းသူ၊ ကျောင်းသားတွေအတွက်
ဒီဇင်ဘာလကစပြီး အဆောင်ပေးဖို့ စီစဉ်ထားတယ်လို့ အထက်မြန်မာပြည်
အဆင့်မြင့်ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဝင်းက
ပြောပါတယ်။
ရန်ကုန်တက္ကသိုလ်၊
မန္တလေးတက္ကသိုလ်နဲ့ မြစ်ကြီးနားတက္ကသိုလ်တွေက ပထမနှစ်ဝက်တက်မယ့် ကျောင်းသူ၊
ကျောင်းသားအားလုံးကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာပထမပတ်မှာ စတင်လက်ခံမှာဖြစ်ပြီး
မကွေး၊ မိတ္ထီလာ၊ ရေနံချောင်းနဲ့ ပင်လုံတက္ကသိုလ်တွေမှာတော့
ပထမနှစ်တက်မယ့်သူတွေကိုသာ လက်ခံမှာဖြစ်ပါတယ်။
အခုလိုလက်ခံမှာက
သက်ဆိုင်ရာစည်ပင်နယ်နိမိတ်ပြင်ပက ကျောင်းသူ၊ ကျောင်းသားတွေကိုသာ
လက်ခံမှာဖြစ်ပြီး မန္တလေးတက္ကသိုလ်ရှိ ထူးချွန်ကျောင်းသူ၊
ကျောင်းသားတွေကိုတော့ စည်ပင်နယ်နိ မိတ်မခွဲခြားဘဲ လက်ခံမှာဖြစ်တယ်လို့
အထက်မြန်မာပြည် အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ်
ဒေါက်တာစိုးဝင်းက ပြောပါတယ်။
အခုလက်ရှိ
မန္တလေးတက္ကသိုလ်မှာ ထူးချွန်ကျောင်းသူ၊ ကျောင်းသား ၁၈၂ ဦးရှိပြီး
ဂုဏ်ထူးတန်း၊ မဟာတန်း၊ ပါရဂူတန်းတက်ရောက်သူ ၅၇၉၊ စုစုပေါင်း ၇၆၁ ဦးကို
အဆောင်စီစဉ်ပေးသွားမှာ ဖြစ် တယ်လို့ သိရပါတယ်။
ကုမုဒြာသတင်းဂျာနယ်
အတွဲ(၃)၊ အမှတ်(၃၄)၊ နိုဝင်ဘာ ၂၆၊ ၂၀၁၃
အွန်လိုင်းမှ လုပ်ငန်းလိုင်စင် လျှောက်ထားမှု မြို့နယ်ခုနစ်ခုတွင် ထပ်တိုးခွင့်ပြု
အွန်လိုင်းမှတစ်ဆင့် လုပ်ငန်းလိုင်စင် လျှောက်ထားမှုများကို
မြို့နယ်နှစ်ခုသာ ခွင့်ပြုထားရာမှ နိုဝင်ဘာလ တတိယအပတ်မှ စတင်၍
မြို့နယ်ခုနစ်ခုကို ထပ်တိုး လျှောက်ထားခွင့်ပြုကြောင်း ရန်ကုန် မြို့တော်
စည်ပင်သာယာရေး ကော်မတီ (Y.C.D.C) စီမံရေးရာဌာနမှ အကြီးတန်း အရာရှိတစ်ဦးက
ပြောကြားသည်။
အချိန်ကုန် သက်သာစေရန်နှင့် လွယ်ကူ မြန်ဆန်စေရန် အွန်လိုင်းမှတစ်ဆင့် လုပ်ငန်းလိုင်စင် လျှောက်ထားမှု များကို တာမွေမြို့နယ်နှင့် မရမ်းကုန်မြို့နယ် တို့တွင် စမ်းသပ် လျှောက်ထားခွင့် ပြုခဲ့ကြောင်း၊ နိုဝင်ဘာလ တတိယပတ်မှစ၍ လှိုင်၊ ကမာရွတ်၊ လမ်းမတော်၊ အလုံ၊ ကျောက် တံတား၊ သင်္ဃန်းကျွန်း၊ ပုဇွန်တောင် မြို့နယ်များတွင် ထပ်တိုးကာ စမ်းသပ် ဆောင်ရွက်ကြောင်း ၄င်းက ရှင်းပြသည်။
အဆိုပါ စမ်းသပ်မှုအောင်မြင်ပါက ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်တွင်းရှိ မြို့နယ်အားလုံးတွင် အွန်လိုင်းမှ လုပ်ငန်းလိုင်စင် လျှောက်ထားမှုကို မကြာမီ ဆောင်ရွက်သွားမည် ဖြစ်ပြီး အချိန်ကာလ အားဖြင့် လတ်တလောတွင် မပြောနိုင်သေးကြောင်း ၄င်းက ပြောကြားသည်။
"တိုးတက်လာတဲ့ နည်းပညာနဲ့အညီ အွန်လိုင်းကနေ ဝန်ဆောင်မှုပေးတယ် ဆိုတာ ကောင်းပါတယ်။ ပြည်သူတွေ အနေနဲ့က ကျွမ်းကျင်မှု မရှိရင် လုပ်ငန်းမှာ မှားယွင်းထိခိုက်မှုတွေ ကြုံလာနိုင်တာကြောင့် နည်းပညာနှင့်အညီ တိုးတက်အောင် လုပ်သလိုပဲ တစ်ဖက်ကလည်း ပြည်သူတွေရဲ့ ကျွမ်းကျင်မှု အနေအထားနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်သင့်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က သုံးသပ် ပြောကြားသည်။
လုပ်ငန်း၊ အစားအသောက်၊ တည်းခိုခန်း၊ ဘော်ဒါဆောင်၊ ယာဉ်ဖြင့်လှည့်လည် ရောင်းချခွင့်၊ ကိုယ်ပိုင်ဈေး လုပ်ကိုင်ခွင့်၊ ယာယီ ဇာတ်ရုံ လုပ်ကိုင်ခွင့် စသည့် အမျိုးမျိုးသော လုပ်ငန်းလိုင်စင် များကို အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်ကြောင်း စီမံရေးရာဌာန ထံမှ သိရသည်။
အွန်လိုင်းမှတစ်ဆင့် လုပ်ငန်းလိုင်စင် လျှောက်ထားရာတွင် (Y.C.D.C) ၏ အင်တာနက် စာမျက်နှာ www.ycde.com.mm တွင် လျှောက်ထားမည့် လိုင်စင် အမျိုးအစား ဖောင်ပုံစံကို ရွေးချယ် ဖြည့်စွက်ရမည် ဖြစ်ပြီး လိုအပ်သောစာရွက် စာတမ်းများကို ဓာတ်ပုံဖိုင်ဖြင့် ထည့်သွင်း လျှောက်ထားရမည် ဖြစ်ကြောင်း စီမံရေးရာ ဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
Credit The Voice Weekly

ဗန်းမော်မြို့တွင်တောင်သူလယ်သမားများအားကျွဲနွားများရောင်းချပေး
ကချင်ပြည်နယ် ၊ဗန်းမော်မြို့နယ် ၊ စီအင်ကျေးရွာအုပ်စု ၊ရေနီကျေးရွာအုပ်စု
၊စင်းခမ်းကျေးရွာ
အုပ်စုတို့တွင် တရားမ၀င်သယ်ဆောင်လာသော ကျွဲနွားများကို ဖမ်းဆီးရမိခဲ့ရာတရားရုံးမှအမှုစစ်ဆေးနေ စဉ် ကာလအတွင်းကချင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွန်ချက်အရ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်း
ရဲနွမ်းပါးမှု
လျော့ကျစေရေးအစီအစဉ်ဖြင့် ဆင်းရဲနွမ်းပါးသည့် တောင်သူလယ်သမားများထံ
လက်ဝယ်အရောက် တရားရုံး၏လေလံကြမ်းခင်းဈေးဖြင့်ကျွဲနွား(၆၇) ကောင်ကို ရောင်းချဖြန့်ဝေပေး ကြသည်။
မြို့နယ်
အထောက်အကူပြုအဖွဲ့ ၊မြို့နယ် စိုက်/ကြပ် အဖွဲ့ ၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၊ဆင်းရဲနွမ်းပါးမှု
လျော့ကျရေးလုပ်ငန်းကော်မတီတို့သည် နိုဝင်ဘာ ၂၅ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် ခရိုင်
အထွေထွေအုပ်ချုပ်ရေးရုံးအစည်းအဝေးခမ်းမ၌ ကျွဲနွားဝယ်လိုသူ တောင်သူ ၂၂၁ဦး၏ လျှောက်လွှာ များ ကို
အမှန်တကယ်တောင်သူလုပ်ငန်းလုပ်ကိုင်သူ/ ဆင်းရဲနွမ်းပါသူ /လယ်ယာမြေလုပ်ကိုင်မှု အထောက်အထားရှိ
သူ/ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်ရရှိသူ/ ကျွဲနွားများကိုရောင်း ချခြင်းမပြုပါကြောင်း
ကတိခံဝန်ချက် ရှိသည့်လျှောက်လွှာများကိုစိစစ်ရွေးချယ်ကြရာ တောင်သူ ၁၀၄ ဦးရွေးချယ်ကြသည်။
အဆိုပါ
၁၀၄ဦးအနက် ကျွဲနွားဝယ်ယူခွင့်ရရှိသူ ၅၂ ဦး ကိုမဲနှိုက် ၍ စိစစ်ရွေးချယ်ကြရာ မဲပေါက်
သူတောင်သူများထံသို့ ကျွဲ မဲပေါက်လျှင် ၁ ကောင်နှုန်း ၊ နွားမဲပေါက်လျှင်
၂ ကောင်နှုန်း (တစ်ရှဉ်း) ဖြင့် မဲဖောက်ပေးကြသည်။
နိုဝင်ဘာ
၂၆ ရက်နေ့ နံနက် ၉ နာရီခွဲက ခရိုင်အထွေထွေ အုပ်ချုပ်ရေးအစည်းအဝေးခမ်းမ၌ မဲပေါက်သည့်တောင်သူများကို ကျွဲနွားများပေးအပ်ပွဲအခမ်းအနားကျင်းပရာခရိုင်အုပ်ချုပ်ရေးမှူးဦးတေ ဇာအောင် ၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ရွှေ နှင့် ဦးထွန်းရှိန်၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးညွှန့် ၀င်း ၊ခရိုင်/မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ ၊ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးကော်မတီဝင်များ၊မြို့နယ် အထောက်အကူပြုကော်မတီဝင်များ၊မြို့နယ်လုံခြုံရေးတည်ငြိမ်းအေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေး
ကော်မတီဝင်များ၊
မြို့နယ်စိုက်/ကြပ်အဖွဲ့ဝင်များ၊တောင်သူလယ်သမားများ နှင့်ကျေးရွာအုပ်ချုပ်ရေး
မှူးများတက်ရောက်ကြသည်။အခမ်အနားတွင်ခရိုင်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး
ရှေ့ မြက်ခင်းပြင်၌ကျွဲနွားများလွဲပြောင်းပေးအပ်ပွဲကျင်းပသည်။
ခရိုင်အုပ်ချုပ်ရေးမှူး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ/မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိ
သူ များက ကျွဲနွားများအမှတ်စဉ် လိုက် မဲနှိုက် ၍ လွှဲပြောင်းပေးအပ်ကြရာကျွဲနွားဝယ်ယူသူတောင်သူ များက အသီးသီးလက်ခံယူကြသည်။
တရားရုံးလေလံကြမ်းခင်းဈေးမှာ
ကျွဲထီး ၁ ကောင်ငွေကျပ် (၂၃၀၀၀၀) ၊ ကျွဲမတစ်ကောင် ငွေ
ကျပ်(၂၀၀၀၀၀) ၊ နွားထီး ၁ ကောင် ငွေကျပ် (၁၃၀၀၀၀) ၊ နွားမ ၁
ကောင် ငွေကျပ်(၁၀၀၀၀၀) ဖြစ်သည်။ကျွဲထီး ၂၈ ကောင် ၊ ကျွဲမ
၅ ကောင် ၊နွားထီး (၃၁) ကောင် ၊ နွားမ (၃) ကောင် စုစုပေါင်း (၆၇) ကောင်အတွက်ငွေကျပ် (၁၁၆၉၀၀၀၀) ကို ကချင်ပြည်နယ်အစိုးရအဖွဲ့ ကကူညီစိုက်ထုတ်
ထောက်ပံ့ပေးသည်။
တောင်သူများဝယ်ယူရရှိခ
ဲ့သော ကျွဲနွား ၁ ကောင် ၏တန်ဖိုးများမှာ ဒေသကာလပေါက်ဈေး၏ ထက်ဝက်ကျော် လျော့နည်းစေပြီးဈေးနှုန်းချိုသာစွာဝယ်ယူရရှိသည့်အတွက်
ကျေးလက်နေတောင်သူ
လယ်သမားများက ကျေးဇူးတင် ၍ ၀မ်းမြောက်ဝမ်းသာရှိနေကြသည်။
၁၅၀
၁၅၀
Subscribe to:
Comments (Atom)