Pages

Wednesday, November 20, 2013

SMEs များ ခွဲခြားရာတွင် ကျပ်သန်း ၅၀၀ အောက်ကို အသေးစားလုပ်ငန်း၊ ကျပ်သန်း ၅၀၀ အထက်အား အလတ်စားလုပ်ငန်းများဟု သတ်မှတ် Thursday, November 21, 2013

SMEs ဥပဒေ မကြာမီ ထွက်ပေါ်လာမည်ဖြစ်ရာ လုပ်ငန်းများအား အမျိုးအစား ခွဲခြားရာတွင် ကျပ်သန်း ၅၀၀ အောက် လုပ်ငန်းများကို အသေးစားလုပ်ငန်းအဖြစ် သတ်မှတ်ပြီး ကျပ်သန်း ၅၀၀ အထက် လုပ်ငန်းများအား အလတ်စားလုပ်ငန်းဟု သတ်မှတ်လိုက်ကြောင်း သတင်းရရှိသည်။

"မြေဈေးကို ကြည့်လိုက်တော့ အသေးစားလုပ်ငန်းကို ကျပ်သန်း ၅၀၀ သတ်မှတ်ထားပြီးတော့ ၅၀၀ အထက်ဆိုရင်တော့ အလတ်စားလို့ သတ်မှတ်တယ်။ နောက်တစ်ခုရှိတာက ဒီအသေးစားထဲကို ၀င်ဖို့ကျတော့ သမ၀ါမ၀န်ကြီးဌာနက ကိုင်ထားတဲ့ Cottage Industries တွေကိုကျတော့ အသေးစား အဆင့်အထိတောင် မ၀င်သေးတဲ့ ပြည်တွင်းစက်မှု လုပ်ငန်းလေးတွေ ဖြစ်တယ်။ အခုရရှိထားတဲ့ ကိန်းဂဏန်းတွေအရဆိုရင် မြန်မာနိုင်ငံမှာ ၉၉ ဒသမ ၄ ရာခိုင်နှုန်းရှိတယ်လို့ ပြောတယ်။ Large Scale Enterprise တွေအနေနဲ့ ၇၂၁ ခုလောက်ပဲရှိတော့ ၀ ဒသမ ၆ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ အသေးစားက ၁၂၆၂၃၇ ခု ရှိတယ်။ ၉၉ ရာခိုင်နှုန်းလောက် ရှိတယ်။ စုစုပေါင်းဆိုရင်တော့ ၁၂၆၉၅၈ ခုလောက် ရှိတယ်။ ဒါပေမဲ့လည်း ဒီစာရင်းတွေက မငြိမ်သေးပါဘူး။ မှတ်ပုံမတင်သေးတဲ့ အသေးစားအလတ်စားတွေ အများကြီး ရှိပါသေးတယ်။ အဲဒီထဲမှာ Informal Sector ဆိုပြီးတော့ ၆၂၀၀၀ လောက် ရှိနေတယ်။ ဆိုတော့ ဒီကိန်းဂဏန်းတွေကလည်း အတည်ပြုချက်ယူလို့ မရသေးပါဘူး။ ဒါကြောင့် အသေးစားနဲ့ အလတ်စားလုပ်ငန်းရှင်တွေကို ကျွန်တော်တို့က အများကြီး အသိပညာ ပေးရဦးမှာပါ။ တချို့ဆို ကျွန်တော်တို့ အတွေ့အကြုံအရ မိမိက ဘယ်လုပ်ငန်းထဲကို ပါသလဲ၊ အသေးစားထဲမှာ ပါလား၊ အလတ်စားထဲမှာ ပါလားဆိုတာတောင် မသိဘူး" ဟု အသေးစားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လုပ်ငန်းရပ်များကို လိုက်ပါဆောင်ရွက်ပေးနေသော Eco Echo Journal အယ်ဒီတာချုပ် ဦးဇော်သန်းက ပြောကြားသည်။
အခုတော့ မှတ်ပုံတင်မယ့်ကိစ္စ၊ လိုင်စင်ကိစ္စတွေကို အမြန်ဆုံး ဆောင်ရွက်ပေးဖို့ဆိုပြီး ဒုတိယသမ္မတက ပြောလာတာရှိတယ်။ နည်းပညာ ပံ့ပိုးပေးဖို့၊ လျှပ်စစ်မီးတွေရဖို့ ပြောထားတယ်။ မဖြစ်မနေ လုပ်ရမယ့်ကိစ္စ ဖြစ်ပေမယ့် ဒါကို ဘယ်လို အကောင်အထည်ဖော်တဲ့ အပိုင်းကျတော့ ဘယ်သူတွေက လုပ်မှာလဲ . . .

"အခုတော့ မှတ်ပုံတင်မယ့်ကိစ္စ၊ လိုင်စင်ကိစ္စတွေကို အမြန်ဆုံး ဆောင်ရွက်ပေးဖို့ဆိုပြီး ဒုတိယသမ္မတက ပြောလာတာရှိတယ်။ နည်းပညာ ပံ့ပိုးပေးဖို့၊ လျှပ်စစ်မီးတွေရဖို့ ပြောထားတယ်။ မဖြစ်မနေ လုပ်ရမယ့်ကိစ္စ ဖြစ်ပေမယ့် ဒါကို ဘယ်လို အကောင်အထည်ဖော်တဲ့ အပိုင်းကျတော့ ဘယ်သူတွေက လုပ်မှာလဲ၊ ဘယ်လိုလုပ်မှာလဲဆိုတာက နည်းနည်း လက်ဝင်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့် မြို့နယ်အဆင့်၊ ရပ်ကျေးအဆင့်ကနေ စနစ်ကျတဲ့ စာရင်းကောက်ယူမှုတွေကို အရင်ဆုံး လုပ်ရမှာပါ"၎င်းက ဆက်လက် ပြောကြားသည်။

ခန့်မှန်းခြေအားဖြင့် မြန်မာနိုင်ငံ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှာ ၉၉ ရာခိုင်နှုန်းကျော်ရှိနေပြီး တိုင်းပြည်စီးပွားရေးအတွက် များစွာအရေးကြီးသော်လည်း ပြန့်ကျဲနေသည့် SMEs များကို စာရင်းကောက်ယူရာတွင် အခက်အခဲများ ရှိနေကြောင်း သတင်းရရှိသည်။

" SMEs တွေနဲ့ ပတ်သက်ပြီး စာရင်းကောက်ရတာ အရမ်းခဲယဉ်းနေပါတယ်။သူတို့က ဘယ်အလုပ်တွေ လုပ်တယ်။ ဘာလုပ်ငန်းတွေ လုပ်တယ်ဆိုတာကို မှတ်ပုံတင်နဲ့ လိုင်စင်ကိစ္စတွေလုပ်ဖို့ စာရင်းကောက်ယူရတာ ရှိပါတယ်။ ဒါနဲ့အတူ တစ်ဖက်ကလည်း ပြည်တွင်းပြည်ပ ၀ယ်လိုအားများတဲ့ ကုန်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချမှုကို ကွင်းဆက်ပေးမိဖို့အတွက် Cluster SMEs တွေ ဆောင်ရွက်ပေးဖို့ ရည်ရွယ်နေတာ ရှိပါတယ်။ ဒါပေမဲ့ ပြန့်ကျဲနေတဲ့ SMEs တွေကို စနစ်တကျ မလုပ်နိုင်ရင် တိုင်းပြည်တိုးတက်ဖို့ အလားအလာမရှိပါဘူး"ဟု ဦးဇော်သန်းက ပြောကြားသည်။

"အခု SMEs Law ကို ရေးဆွဲနေပါတယ်။ ဒီလို ရေးဆွဲတဲ့နေရာမှာ အခြားနိုင်ငံရဲ့ အတွေ့အကြုံတွေကို လေ့လာရတာလည်း ရှိပါတယ်။ ဒီဥပဒေမရှိဘဲနဲ့လည်း SMEs တွေကို အားပေးဖို့ဆိုတာ တော်တော်ခက်ပါတယ်။ ဒါကြောင့် အရေးကြီးတဲ့ ဥပဒေတစ်ရပ်အနေနဲ့ ဦးစားပေး လုပ်ဆောင်နေပါတယ်" ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ဆိုသည်။

Credit Eleven Media Group

No comments:

Post a Comment