နယ်စပ်စခန်းများမှ ကုန်သွယ်မှု ပမာဏ ကျပ် ၂ ဒသမ ၇ ဘီလျံကျော် ရရှိထားပြီး သွင်းကုန် တင်သွင်းမှုထက် ပို့ကုန်တင်ပို့မှု များပြားနေကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီမှ အောက်တိုဘာ လကုန်အထိ နယ်စပ်စခန်းများမှ ကုန်သွယ်မှု ဆောင်ရွက်ရာတွင် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နှင့် ကုန်သွယ်ခဲ့ပြီး နယ်စပ်စခန်းများမှ ကုန်သွယ်မှုပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၂၇၉၃ ဒသမ ၅၀၆ သန်း ရရှိခဲ့ကြောင်း သိရသည်။
နယ်စပ်စခန်းများမှ အိမ်နီးချင်း နိုင်ငံများနှင့် ကုန်သွယ်ရာတွင် တရုတ်နှင့် ကုန်သွယ်မှု ပမာဏ အများဆုံးဖြစ်ပြီး ထိုင်းနှင့် ဒုတိယအများဆုံး ကုန်သွယ်ကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ကုန်သွယ်မှု အနည်းဆုံး ဖြစ်ကြောင်း သိရသည်။
မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်၊ ထီးခီး၊ မောတောင်၊ စစ်တွေ၊ မောင်တော၊ တမူး၊ ရိဒ် စသည့် နယ်စပ်ကူးသန်း ရောင်းဝယ်ရေး စခန်းများမှ ယင်းကာလအတွင်း ပို့ကုန်အမေရိကန်ဒေါ်လာ ၁၇၅၈ ဒသမ ၂၀၆ သန်း တင်ပို့နိုင်ခဲ့ပြီး သွင်းကုန် အမေရိကန်ဒေါ်လာ ၁၀၃၅ ဒသမ ၃ သန်း တင်သွင်းခဲ့ကြောင်း သိရသည်။
လက်ရှိဘဏ္ဍာရေး နှစ်အတွက် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏကို အမေရိကန်ဒေါ်လာ ၂၅ ဘီလျံကျော် ရရှိရန် လျာထားပြီး နယ်စပ်ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၂၀ နှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၈၀ ကုန်သွယ်မှု ပြုလုပ်နိုင်ရန် လျာထားကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော အိမ်နီးချင်း နိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်နိုင်ရန် မြန်မာ -အိန္ဒိယ၊ မြန်မာ-ထိုင်း၊ မြန်မာ-တရုတ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့ နယ်စပ်ကုန်သွယ်ရေး စာချုပ်များ ချုပ်ဆိုထားပြီး ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ပို့ကုန်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ
မူဆည်နယ်စပ် ကုန်သွယ်ရေးဇုန်အား တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)

No comments:
Post a Comment