Pages

Wednesday, November 20, 2013

ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်မှုကို အောင်ပွဲခံရာမှ လူ ၁၂ ဦး သေဆုံး Thursday, November 21, 2013

အယ်လ်ဂျီးရီးယားနိုင်ငံ ဘောလုံးအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်မှု အတွက် အောင်ပွဲခံကြရာမှ လူ ၁၂ ဦး သေဆုံးပြီ အခြား လူ ၂၄၀ ဒဏ်ရာရရှိခဲ့

အယ်လ်ဂျီးရီးယားနိုင်ငံ ဘောလုံးအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်မှုအတွက် အောင်ပွဲခံကြရာမှ လူ ၁၂ ဦး သေဆုံးပြီ အခြား လူ ၂၄၀ ဒဏ်ရာရရှိခဲ့ကြကြောင်း အစိုးရတာဝန်သူများက ပြောကြားသည်။ အယ်လ်ဂျီးယားအသင်းသည် ဘူကီနာဖာဆိုအား ၁-၀ ဖြင့် အနိုင်ရရှိကာ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ခဲ့သည်။ အယ်လ်ဂျီးရီးယား အစိုးရက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ချက်အရ နိုင်ငံအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်သည့်အတွက် အောင်ပွဲခံသူများ လိုက်ပါစီးနင်းလာသည့် မော်တော်ယာဉ်မှာ ဘီဂျိုင်အီမြို့ငယ်အနီး လျှိုမြောင်အတွင်း ထိုးကျသွားမှုကြောင့် လူ ၅ ဦး သေဆုံးကြောင်း သိရသည်။

အခြား လူ ၄ ဦးမှာ နိုင်ငံတောင်ပိုင်းရှိ ဘစ်ခ်ရာမြို့တွင် မော်တော်ကား မတော်တဆမှုအတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။ နောက်ထပ် ၃ ဦးမှာမူ အခြား မြို့ငယ်များတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်ပြီး အသေးစိတ် အချက်အလက်များကိုမူ ပြောကြားခြင်း မရှိချေ။ နိုင်ငံအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ပြီးနောက် အယ်လ်ဂျီးရီးယားပြည်သူများမှာ လမ်းမများပေါ်တွင် အကြီးအကျယ် အောင်ပွဲခံခဲ့ကြသည်။ အင်္ဂါနေ့ညပိုင်းက အယ်လ်ဂျီးရီးယားမြောက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းနေသော်လည်း လူငယ်များမှာ ကားများ လှည့်လည်မောင်းနှင်ကာ ကားဟွန်းများ ဆူညံစွာတီးကာ အောင်ပွဲခံခဲ့ကြကြောင်း AP သတင်းတွင် ဖော်ပြသည်။
Credit Planet Myanmar Network

No comments:

Post a Comment