ပြည်တွင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းနှင့် ပတ်သတ်၍ သတင်းစာ
ရှင်းလင်းပွဲကို နိုဝင်ဘာ ၂၄ ရက် နေ့လယ် ၂ နာရီတွင် ၈၈ မျိုးဆက်
ငြိမ်းချမ်းရေးနှင် ပွင့်လင်းလူ့အဖွဲ့စည်းရုံးတွင် အရပ်ဘက် လူ့အဖွဲ့စည်း ၅၁
ဖွဲ့မှ ပူးပေါင်းပြုလုပ်ခဲ့သည်။
အဆိုပါ ရှင်းလင်းပွဲတွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်
ပွင့်လင်းလူ့အဖွဲ့စည်း အပါအ၀င် ဗမာတစ်နိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊ ဒီမိုကရေစီ အင်အားစု၊ ဒီမိုကရေစီအရေး
အစဉ်ဆက်မပြတ် လှုပ်ရှားတောင်းဆိုသူများ၊ GENE RATION WAVE အပြင် အရပ်ဘက်
လူ့အဖွဲ့စည်း ၅၁ ဖွဲ့တို့မှ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူများ၊ နိုင်ငံရေး
လှုပ်ရှားသူများကို ဖိနှိပ်ချုပ်ချယ်၊ ဖမ်းဆီးထောင်ချမှုများ ပြုလုပ်နေသော
ပုဒ်မ-၁၈ ကို ပြင်ဆင်ပေးရန်နှင့် ယင်းအမှုဖြင့် ဖမ်းဆီးတရားစွဲဆို
ထားသူများအား ပြန်လွှတ်ပေးရန် အစိုးရအား တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။
"တစ်ချိန်တုန်းကလည်း ကျွန်တော်တို့ကို ၅ (ည) နဲ့ ထောင်ချခဲ့ဖူးတယ်။ ပုဒ်မ
၅၀၅ (ခ) နဲ့လည်း ထောင်ချခဲ့တယ်။ ဒီပုဒ်မတွေဟာ နိုင်ငံရေး လှုပ်ရှားသူတွေကို
တစ်ဖက်ကနေ ဖိနှိပ်ဖို့အတွက် လက်နက်သဖွယ် အသုံးချခဲ့တဲ့ ဥပဒေ ပုဒ်မတွေပါ။
အခြားပုဒ်မတွေနဲ့ ထောင်သွင်းအကျဉ်းချ တာတွေလည်း ရှိပါတယ်။ အခုလည်း ဒီပုဒ်မ
၁၈ နဲ့ဆက်ပြီးတော့ ဖမ်းဆီးထောင်ချမှုတွေ ပြုလုပ်နေတယ်။ ပုဒ်မမျိုးစုံနဲ့
လှုပ်ရှားသူတွေကို ထောင်ထဲအကျုဉ်းချ။ ပုဒ်မ ၁၈ နဲ့ နိုင်ငံရေး
လှုပ်ရှားသူတွေကို ဖိနှိပ်တာတွေ ဆက်မလုပ်ဖို့၊ ခေတ်တစ်ခေတ်မှာ အန္တရာယ်
ဖြစ်စေနိုင်တဲ့ ပုဒ်မတွေ ဆက်မသုံးဖို့ ပြောချင်ပါတယ်။ ၈၈ မျိုးဆက်
ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်း သဘောထားကတော့ ပုဒ်မ ၁၈ ကို
ပြင်ဆင်ဖို့ ပြောချင်ပါတယ်" ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်
ပွင့်လင်းလူ့အဖွဲ့စည်းမှ ဦးပြုံးချိုက ပြောကြားသည်။
ထိုသို့
သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သော အရပ်ဘက် လူ့အဖွဲ့အစည်း ၅၁ ဖွဲ့ အနေဖြင့်
ပုဒ်မ-၁၈ ဖြင့် ပတ်သက်သော သဘောထား ထုတ်ပြန်ချက်တွင်-မတရားသော
ပုဒ်မများဖြင့် ဖမ်းဆီထားသော တက်ကြွလှုပ်ရှားသူများ အားလုံးကို အမြန်ဆုံး
ပြန်လွှတ်ပေးရေး၊ ဖိနှိပ်ချုပ်ချယ်ထားသော ဥပဒေများကို အမြန်ဆုံး
ပြင်ဆင်ပေးကာ ပြည်သူလူထု လုံခြုံမှု အပြည့်အ၀ပေးရန် မိမိတို့ အဖွဲ့များမှ
လေးနက်စွာ တောင်းဆိုသည်ဟူ၍ သဘောထား ကြေငြာချက်ကို ထုတ်ပြန်ခဲ့သည်။
"နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ပုဒ်မ ၁၈ နဲ့ တရားစွဲပြီး
အလုပ်ကြမ်းနဲ့ ထောင်ချတာမျိုးတွေ ရှိလာတာက မဖြစ်သင့်ပါဘူး။ ပြီးတော့
ဆန္ဒထုတ်ဖော်တဲ့ မြို့နယ်တွေအလိုက် အမှုတွေများပြီး တရားစွဲဆို တာမျိုးကလည်း
ဥပဒေမှာ မရှိပါဘူး။ ဒီလို နိုင်ငံရေး လှုပ်ရှားသူတွေကို ဖိနှိပ်ချုပ်ချယ်တဲ့
ပုဒ်မတွေ၊ ရှေ့နောက်မညီတဲ့ ပုဒ်မတွေကို ပြင်ဆင်သင့်ပါတယ်" ဟု
ရှင်းလင်းပွဲတွင် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က
သုံးသပ်ပြောကြားသည်။
Eleven Media Group
No comments:
Post a Comment