ရန်ကုန်မြို့
စည်ပင်နယ်နိမိတ်အတွင်း လမ်းပေါင်း ၃၇ လမ်းကို
ယာဉ်မရပ်ရနေရာများအဖြစ်သတ်မှတ်ပြီး နိုဝင်ဘာ ၁၃ ရက်တွင်အရေးယူမှုများ
စတင်လိုက်သည်။ နောက်ဆွဲယာဉ်နှင့် ရွှေ့ပစ်ကာ ယာဉ်ရွှေ့ခ အဖြစ်ကျပ်ငွေ ၅၀,၀၀၀
မှ ၇၀,၀၀၀ အထိ ယာဉ်ပိုင်ရှင်များကို ပေးဆောင်စေသည်။ ယင်းသို့
စည်းကမ်းသတ်မှတ်လိုက်သည်တွင် အကောင်းအဆိုး ဒွန်တွဲပါလာတော့သည်။
အမြင်သာဆုံးအဖြစ်ကြည့်မည်ဆိုလျှင် ယာဉ်ရပ်စရာနေရာစီမံမှုအားနည်းပြီး
ရုတ်တရက်သတ်မှတ်လိုက်သည့် စည်းကမ်းကြောင့် ရေတိုကုထုံးအရ
စည်းကမ်းသတ်မှတ်သည့်လမ်းများ အဆင်ပြေသွားနိုင်သော် ငြားတခြားလမ်းများတွင်
ယာဉ်ကြောသွားကျပ်နေပြန်သည်။ ဘာပဲဖြစ်ဖြစ် စည်းကမ်းနှင့် မကိုင်၍မဖြစ်
သည့်ရန်ကုန်ယာဉ်ကြော အကျပ်ဆိုက်မှုပြဿနာသည် လမ်းပေါင်း ၃၇ လမ်းသာမကတော့ဘဲ
နောက် ထပ်လမ်း ၁၀ လမ်းကိုပါ ယာဉ်မရပ်ရနေရာများထပ်မံ တိုးချဲ့လိုက်သည်။
သည်တော့ လမ်းပေါင်း ၄၇ လမ်းတွင် စည်းကမ်းတကျထိန်းသိမ်း ကြပ်မတ်နိုင်ခဲ့ပါက
ယင်းကဲ့သို့လမ်းမ များပေါ် ယာဉ်မရပ်ရစည်းကမ်းတစ်ခုဖြင့် မည်မျှအထိ
ထိရောက်နိုင်မည်နည်း။ တကယ်တော့ လမ်းများ ကိုအပြည့်အဝ
အသုံးချရေးဖြေရှင်းရာတွင် ပြဿနာသည်လမ်းပေါ်လာရပ်သည့် ကားများတွင်သာရှိ
သည်မဟုတ်ပါ။ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာများနှင့် ပတ်သက်လျှင် ၂၀၁၁
စက်တင်ဘာအတွင်း ပြောင်းလဲလိုက်သည့် ကားတင်သွင်းမှု
မူဝါဒအပြောင်းအလဲများစသည်နှင့် ကြိုတင်ပြေးမြင်ကြပြီး
ဝေဖန်မှုများစွာရှိခဲ့သည်။
လက်ရှိတွင်
ယာဉ်ကြောပိတ်ဆို့မှုများဖြေရှင်းရေး စည်ပင်သာယာရေးကော်မတီ၏
အခန်းကဏ္ဍတွင်ဆိုခဲ့ ပါလမ်းများ ယာဉ်မရပ်ရသတ်မှတ်အရေးယူခြင်းအပြင်
အလွယ်တကူလုပ်ကိုင်နိုင်သည့် လုပ်ကိုင်စရာ တစ်ခုလည်းရှိနေပါသည်။
လမ်းမကြီးများပေါ်တွင် ရပ်နေသည့်ယာဉ်များကို အရေးယူမှုလုပ်သလို
ရပ်ကွက်လမ်းမများကို အပိုင်စားရနေသည့်အလား မောင်ပိုင်စီးထားသည်များကိုလည်း
ဖြေရှင်းရပါလိမ့်မည်။
အများပိုင်လမ်းကိုနေရာယူကာ
စီးပွားရေးလုပ်ငန်းလုပ်ခြင်း၊ လမ်းပေါ်ဆိုင်းဘုတ်ချိတ်ကာ ကိုယ့်မျက်နှာ
စာကိုအပိုင်ယူထားခြင်း၊ လမ်းပေါ်တွင် နှစ်ရှည်လများ ယာဉ်၊ ယန္တရားကြီးများ
ကျောက်ချရပ်နားထားခြင်း အပါအ၀င်သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေး
ကော်မတီများရှိနေပါလျက်လမ်းများကို အပိုင်ကျူး နေခြင်းများသည် မည်သူ့တွင်
တာဝန်ရှိနေသနည်း။
အဘက်ဘက်က အားနည်းနေသေးသည့်
ပြုပြင်ပြောင်းလဲရေးကာလတွင် ယာဉ်ကြောပိတ်ဆို့မှုကုစားနိုင် ရေးကိုတစ်ဖက်တွင်
ခုံးကျော်တံတားကြီးများ ဆောက်လုပ်ဖြေရှင်းနေသလို၊ ယာဉ်ရပ်နားစခန်းတွေ ဖော်
ဆောင်ခြင်းသည် ဘဏ္ဍာငွေများစွာအသုံးချရပါသည်။ ထိုသို့ ဘဏ္ဍာငွေသုံးစွဲပြီး
ဖြေရှင်းနေဆဲ ယာဉ် ကြောပိတ်ဆို့မှု ပြဿနာသည်စည်းမျဉ်းစည်းကမ်းများနှင့်
ပူးပေါင်းကုစားရမည်ဖြစ်သလို၊ စည်းမျဉ်းစည်း ကမ်းချမှတ်လိုက်တိုင်း
ပြည်သူတွေစည်းကမ်းလိုက်နာနိုင်အောင်လည်း စဉ်းစားရပါသည်။
ထို့အတူစည်းကမ်းရှိပါလျက် စည်းကမ်းကိုနားလည်မှုနှင့် အနိုင်ယူလွှမ်းမိုးသူများလည်း မရှိအောင်အပြတ် ရှင်းရပါလိမ့်မည်။
ဆိုရလျှင် ယာဉ်မရပ်ရသတ်မှတ်လိုက်သည့် လမ်းများပေါ်ပေါက်လာသလို၊
လမ်းများကိုအပိုင်စီးကာ လမ်းဘေးလုပ်ငန်းများကိုလည်း ထိထိရောက်ရောက်
အရေးယူရပါလိမ့်မည်။ မဟုတ်လျှင် လမ်းမကြီးများ ၏ယာဉ်ကြောပိတ်ဆို့မှုပြဿနာသည်
ရပ်ကွက်လမ်းမများ၊ ကြားလမ်းများသို့ ပြောင်းသွားလျှင်လည်း မဖြစ်သေးပါ။
ဆန်စင်ရာ ကျည်ပွေ့လိုက်ရှင်းနေရသည့် ဖြစ်စဉ်ဟောင်းများနှင့်
အကျင့်ပါခဲ့သည့် မြန်မာ့မူဝါဒများကို
လည်းအဖန်ဖန်သတိကပ်နှလုံးသွင်းထားရပါမည်။
လက်ရှိဖြစ်ပေါ်နေသောယာဉ်ကြောပိတ်ဆို့မှု ပြဿနာ ကို စည်းကမ်းနှင့်အတူ
အရေးယူမှုများ၊ အရေးယူမှုနှင့် အတူတာဝန်ယူမှုများဖြင့် အမြန်ဆုံးဖြေရှင်းရန်
သာမကသတ်မှတ်လိုက်သည့် စည်းကမ်းကိုလူတိုင်းလိုက်နာစေရန်နှင့်
စည်းကမ်းဖောက်သူများကို တစ် ပြေးညီအရေးယူနိုင်ရန် အရေးကြီးပါသည်။
Written by Mizzima News
အမြင်သာဆုံးအဖြစ်ကြည့်မည်ဆိုလျှင် ယာဉ်ရပ်စရာနေရာစီမံမှုအားနည်းပြီး ရုတ်တရက်သတ်မှတ်လိုက်သည့် စည်းကမ်းကြောင့် ရေတိုကုထုံးအရ စည်းကမ်းသတ်မှတ်သည့်လမ်းများ အဆင်ပြေသွားနိုင်သော် ငြားတခြားလမ်းများတွင် ယာဉ်ကြောသွားကျပ်နေပြန်သည်။ ဘာပဲဖြစ်ဖြစ် စည်းကမ်းနှင့် မကိုင်၍မဖြစ် သည့်ရန်ကုန်ယာဉ်ကြော အကျပ်ဆိုက်မှုပြဿနာသည် လမ်းပေါင်း ၃၇ လမ်းသာမကတော့ဘဲ နောက် ထပ်လမ်း ၁၀ လမ်းကိုပါ ယာဉ်မရပ်ရနေရာများထပ်မံ တိုးချဲ့လိုက်သည်။
သည်တော့ လမ်းပေါင်း ၄၇ လမ်းတွင် စည်းကမ်းတကျထိန်းသိမ်း ကြပ်မတ်နိုင်ခဲ့ပါက ယင်းကဲ့သို့လမ်းမ များပေါ် ယာဉ်မရပ်ရစည်းကမ်းတစ်ခုဖြင့် မည်မျှအထိ ထိရောက်နိုင်မည်နည်း။ တကယ်တော့ လမ်းများ ကိုအပြည့်အ၀ အသုံးချရေးဖြေရှင်းရာတွင် ပြဿနာသည်လမ်းပေါ်လာရပ်သည့် ကားများတွင်သာရှိ သည်မဟုတ်ပါ။ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာများနှင့် ပတ်သက်လျှင် ၂၀၁၁ စက်တင်ဘာအတွင်း ပြောင်းလဲလိုက်သည့် ကားတင်သွင်းမှု မူဝါဒအပြောင်းအလဲများစသည်နှင့် ကြိုတင်ပြေးမြင်ကြပြီး ဝေဖန်မှုများစွာရှိခဲ့သည်။
လက်ရှိတွင် ယာဉ်ကြောပိတ်ဆို့မှုများဖြေရှင်းရေး စည်ပင်သာယာရေးကော်မတီ၏ အခန်းကဏ္ဍတွင်ဆိုခဲ့ ပါလမ်းများ ယာဉ်မရပ်ရသတ်မှတ်အရေးယူခြင်းအပြင် အလွယ်တကူလုပ်ကိုင်နိုင်သည့် လုပ်ကိုင်စရာ တစ်ခုလည်းရှိနေပါသည်။ လမ်းမကြီးများပေါ်တွင် ရပ်နေသည့်ယာဉ်များကို အရေးယူမှုလုပ်သလို ရပ်ကွက်လမ်းမများကို အပိုင်စားရနေသည့်အလား မောင်ပိုင်စီးထားသည်များကိုလည်း ဖြေရှင်းရပါလိမ့်မည်။
အများပိုင်လမ်းကိုနေရာယူကာ စီးပွားရေးလုပ်ငန်းလုပ်ခြင်း၊ လမ်းပေါ်ဆိုင်းဘုတ်ချိတ်ကာ ကိုယ့်မျက်နှာ စာကိုအပိုင်ယူထားခြင်း၊ လမ်းပေါ်တွင် နှစ်ရှည်လများ ယာဉ်၊ ယန္တရားကြီးများ ကျောက်ချရပ်နားထားခြင်း အပါအ၀င်သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေး ကော်မတီများရှိနေပါလျက်လမ်းများကို အပိုင်ကျူး နေခြင်းများသည် မည်သူ့တွင် တာဝန်ရှိနေသနည်း။
အဘက်ဘက်က အားနည်းနေသေးသည့် ပြုပြင်ပြောင်းလဲရေးကာလတွင် ယာဉ်ကြောပိတ်ဆို့မှုကုစားနိုင် ရေးကိုတစ်ဖက်တွင် ခုံးကျော်တံတားကြီးများ ဆောက်လုပ်ဖြေရှင်းနေသလို၊ ယာဉ်ရပ်နားစခန်းတွေ ဖော် ဆောင်ခြင်းသည် ဘဏ္ဍာငွေများစွာအသုံးချရပါသည်။ ထိုသို့ ဘဏ္ဍာငွေသုံးစွဲပြီး ဖြေရှင်းနေဆဲ ယာဉ် ကြောပိတ်ဆို့မှု ပြဿနာသည်စည်းမျဉ်းစည်းကမ်းများနှင့် ပူးပေါင်းကုစားရမည်ဖြစ်သလို၊ စည်းမျဉ်းစည်း ကမ်းချမှတ်လိုက်တိုင်း ပြည်သူတွေစည်းကမ်းလိုက်နာနိုင်အောင်လည်း စဉ်းစားရပါသည်။
ထို့အတူစည်းကမ်းရှိပါလျက် စည်းကမ်းကိုနားလည်မှုနှင့် အနိုင်ယူလွှမ်းမိုးသူများလည်း မရှိအောင်အပြတ် ရှင်းရပါလိမ့်မည်။
ဆိုရလျှင် ယာဉ်မရပ်ရသတ်မှတ်လိုက်သည့် လမ်းများပေါ်ပေါက်လာသလို၊ လမ်းများကိုအပိုင်စီးကာ လမ်းဘေးလုပ်ငန်းများကိုလည်း ထိထိရောက်ရောက် အရေးယူရပါလိမ့်မည်။ မဟုတ်လျှင် လမ်းမကြီးများ ၏ယာဉ်ကြောပိတ်ဆို့မှုပြဿနာသည် ရပ်ကွက်လမ်းမများ၊ ကြားလမ်းများသို့ ပြောင်းသွားလျှင်လည်း မဖြစ်သေးပါ။
ဆန်စင်ရာ ကျည်ပွေ့လိုက်ရှင်းနေရသည့် ဖြစ်စဉ်ဟောင်းများနှင့် အကျင့်ပါခဲ့သည့် မြန်မာ့မူဝါဒများကို လည်းအဖန်ဖန်သတိကပ်နှလုံးသွင်းထားရပါမည်။ လက်ရှိဖြစ်ပေါ်နေသောယာဉ်ကြောပိတ်ဆို့မှု ပြဿနာ ကို စည်းကမ်းနှင့်အတူ အရေးယူမှုများ၊ အရေးယူမှုနှင့် အတူတာဝန်ယူမှုများဖြင့် အမြန်ဆုံးဖြေရှင်းရန် သာမကသတ်မှတ်လိုက်သည့် စည်းကမ်းကိုလူတိုင်းလိုက်နာစေရန်နှင့် စည်းကမ်းဖောက်သူများကို တစ် ပြေးညီအရေးယူနိုင်ရန် အရေးကြီးပါသည်။

No comments:
Post a Comment