အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
NLD အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြင်ဆင်မလား၊
အသစ်ပြန်လည်ရေးဆွဲမလားဆိုတဲ့ မြို့နယ်အဆင့် လူထုဆန္ဒခံယူပွဲတွေကို
ရခိုင်ပြည်နယ် တောင်ကုတ် မြို့နယ်နဲ့ စစ်တွေမြို့နယ်တွေမှာ မနေ့ကစတင် ပြီး
ပြုလုပ်နေတယ်လို့ သိရပါတယ်။
တောင်ကုတ်မြို့နယ်အတွင်း
ကျေးရွာပေါင်း ၆ ရွာလောက်ပါဝင်တဲ့ ကမ်းဒေးကျေးရွာအုပ်စုမှာ မနေ့က
စတင်ဆန္ဒခံယူခဲ့ရာမှာ အများစုက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ
ပြန်လည်ပြင်ဆင်ရေးကို ထောက်ခံ ခဲ့ကြတယ်လို့ တောင်ကုတ်မြို့နယ် NLD
အတွင်းရေးမှူး ဦးမင်းအောင်က ပြောပါတယ်။
"ကျနော်တို့
တောင်ကုတ်မြို့နယ်အတွင်းက ကမ်းဒေးကျေးရွာအုပ်စုပေါ့နော်၊ တောင်ကုတ်နဲ့ ၁ဝ
မိုင်ဝေးတယ်၊ အဲဒီကျေးရွာအုပ်စုမှာ သွားပြီးလုပ်တာပါ၊ ကျေးရွာသူ
ကျေးရွာသားတွေရဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်ပြင်မလား ဒါမှမဟုတ်
အသစ်ရေးဆွဲဖို့ ဆန္ဒရှိသလားဆိုတာကို ကျနော်တို့ ဆန္ဒတောင်းခံတာပေါ့နော်၊
အများစုကတော့ ပြန်လည်ပြင်ဆင်ဖို့ သူတို့သဘောထားပေးကြတာပေါ့ဗျာ"
ဒါ့အပြင် မနေ့က စစ်တွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
ဦးဆောင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး
ဆန္ဒခံယူခဲ့ရာမှာလည်း အများစုက ပြန်လည်ပြင်ဆင်ရေးအတွက်သာ
ထောက်ခံခဲ့ကြတယ်လို့ သိရပါတယ်။
စစ်တွေ၊ ကျောက်ဖြူ၊
သံတွဲစတဲ့မြို့တွေမှာ ပြီးခဲ့တဲ့ အောက်တိုဘာလနဲ့ နိုဝင်ဘာလ ပထမပတ်တွေမှာ
ခရိုင်အဆင့် လူထုဆန္ဒသဘောထားတွေကို ကောက်ယူခဲ့ရာမှာလည်း ၉၀ ရာခိုင်နှုန်းက
ပြင်ဆင်ရေးကို ထောက်ခံခဲ့ကြပါတယ်။
NLD ရဲ့ ရန်ကုန်တိုင်းအဆင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ
ပြည်သူ့ဆန္ဒသဘောထားရယူတဲ့ အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်
ဗိုလ်စိန်မှန် အားကစားကွင်းမှာ နိုဝင်ဘာလ ၁ဝ ရက်နေ့က ကျင်းပခဲ့စဉ်
Credit RFA/ photo:Kyaw Zaw Win

No comments:
Post a Comment