Pages

Wednesday, November 27, 2013

တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေအတွက် အဆောင်စီစဉ်ပေးမည် Written by အေးမင်းဖြူ

မြန်မာပြည်အထက်ပိုင်း တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေမှာ ကျောင်းသူ၊ ကျောင်းသားတွေအတွက် ဒီဇင်ဘာလကစပြီး အဆောင်ပေးဖို့ စီစဉ်ထားတယ်လို့ အထက်မြန်မာပြည် အဆင့်မြင့်ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဝင်းက ပြောပါတယ်။
ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နဲ့ မြစ်ကြီးနားတက္ကသိုလ်တွေက ပထမနှစ်ဝက်တက်မယ့် ကျောင်းသူ၊ ကျောင်းသားအားလုံးကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာပထမပတ်မှာ စတင်လက်ခံမှာဖြစ်ပြီး မကွေး၊ မိတ္ထီလာ၊ ရေနံချောင်းနဲ့ ပင်လုံတက္ကသိုလ်တွေမှာတော့ ပထမနှစ်တက်မယ့်သူတွေကိုသာ လက်ခံမှာဖြစ်ပါတယ်။
အခုလိုလက်ခံမှာက သက်ဆိုင်ရာစည်ပင်နယ်နိမိတ်ပြင်ပက ကျောင်းသူ၊ ကျောင်းသားတွေကိုသာ လက်ခံမှာဖြစ်ပြီး မန္တလေးတက္ကသိုလ်ရှိ ထူးချွန်ကျောင်းသူ၊ ကျောင်းသားတွေကိုတော့ စည်ပင်နယ်နိ မိတ်မခွဲခြားဘဲ လက်ခံမှာဖြစ်တယ်လို့ အထက်မြန်မာပြည် အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာစိုးဝင်းက ပြောပါတယ်။
အခုလက်ရှိ မန္တလေးတက္ကသိုလ်မှာ ထူးချွန်ကျောင်းသူ၊ ကျောင်းသား ၁၈၂ ဦးရှိပြီး ဂုဏ်ထူးတန်း၊ မဟာတန်း၊ ပါရဂူတန်းတက်ရောက်သူ ၅၇၉၊ စုစုပေါင်း ၇၆၁ ဦးကို အဆောင်စီစဉ်ပေးသွားမှာ ဖြစ် တယ်လို့ သိရပါတယ်။
ကုမုဒြာသတင်းဂျာနယ်
အတွဲ(၃)၊ အမှတ်(၃၄)၊ နိုဝင်ဘာ ၂၆၊ ၂၀၁၃

No comments:

Post a Comment