Pages

Monday, November 25, 2013

မန်မာ့ရုပ်မြင်သံကြားအစီအစဉ်များကို ဒစ်ဂျစ်တယ်စနစ် ပြောင်းလဲထုတ်လွှင့်ရာတွင် ဖမ်းယူနိုင်မည့်စက်သုံးသိန်း အခမဲ့ပေးဝေမည် Monday, 25 November 2013 10:38


မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအစီအစဉ်များကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြောင်းလဲထုတ်လွှင့်မှုများနှင့်ပတ်သက်ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တာဝန်ရှိသူများက သတင်းစာရှင်းလင်ပွဲပြုလုပ်နေစဉ်။ (ဓာတ်ပုံ - ယုဝေ)

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အစီအစဉ်များကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြောင်းလဲထုတ်လွှင့်ရာတွင် ဖမ်း ယူနိုင်မည့် Set Top Box အလုံးရေသုံးသိန်းကျော်ကို အခမဲ့ပေးဝေသွားမည်ဖြစ်သည်ဟု မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး ဦးဝင်းကြည်က နိုဝင်ဘာ ၂၄ ရက်က ပြောသည်။

၎င်းက ယင်းသို့ပြောကြားခြင်းမှာ နိုဝင်ဘာ ၂၄ ရက်က ရန်ကုန်မြို့ သိမ်ဖြူရှိ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ် ဝေရေးလုပ်ငန်း၏ အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ဖြစ်ပြီး မြန်မာ့အသံ နှင့်ရုပ်မြင်သံကြားအစီအစဉ်များကို ယခုနှစ်ကုန်ပိုင်းမှစတင်ကာ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့ တွင် DVBT2 (Digital Video Broadcasting Teresstrial) စနစ်ဖြင့် စတင်ထုတ်လွှင့်မည်ဖြစ်သည်။

ယင်းသို့ထုတ်လွှင့်ရာတွင် ရုပ်သံလိုင်းသစ်လေးလိုင်းကို ထပ်မံထုတ်လွှင့်သွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အဆင့်ငါးဆင့်ခွဲခြားဆောင်ရွက်သွားမည်ဖြစ်ကာ ရုပ်သံဖမ်းစက်များကိုလည်း အဆင့် လိုက်ဝေပေးသွားမည်ဖြစ်သည်ဟုလည်း ဦးဝင်းကြည်က ပြောသည်။ အဆိုပါ ရုပ်သံဖမ်းစက်များကို အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ သန်း အကုန်အကျခံကာ ၀ယ်ယူထားခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

လက်ရှိတွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ဆီးဂိမ်းကာလမတိုင်မီ ဝေပေးမည်ဖြစ်ကာ အလုံးရေ ၂၀,၀၀၀ ကျော်ကို ဝေပေးသွားမည်ဖြစ်သည်ဟုလည်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဒုတိ ယအင်ဂျင်နီယာချုပ် ဦးလှိုင်မိုးက မဇ္ဈိမကို ပြောသည်။

၎င်းက “ဆီးဂိမ်းအမီကိုတော့ စက်လုံးရေ ၂၀,၀၀၀ လောက်ပဲဝေနိုင်ဦးမှာပါ။ လောလောဆယ် DVBT2 စနစ်ကို ဖမ်းယူရရှိနိုင်မယ့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတိုင်းဒေသကြီးတွေကို အခမဲ့အရင်ပေးဝေ သွားမှာပါ”ဟု ပြောကြားသည်။

ယင်းစက်များကို ဝေပေးရာတွင် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရများ၏ အစီအစဉ်ဖြင့် ဝေပေးသွား မည်ဖြစ်ကာ မရရှိသည့်သူများအနေဖြင့် ဈေးကွက်အတွင်းရှိ တင်သွင်းရောင်းချမည့်ဆိုင်များတွင် ၀ယ် ယူနိုင်မည်ဖြစ်သည်ဟုဆိုသော်လည်း ရောင်းချမည့်အစီအစဉ်များကိုမူ အသေးစိတ်ပြောကြားခြင်းမရှိ သေးပေ။

ရုပ်သံဖမ်းစက်များ ဝေပေးရာတွင် စီးပွားဖြစ်မဟုတ်သော ဆေးခန်းများ၊ စာသင်ကျောင်းများ၊ အများပြည် သူ ကြည့်ရှုရန်နေရာများနှင့် မိဘမဲ့ကျောင်းများ၊ လူအိုရုံ၊ မသန်စွမ်းကျောင်းများ၊ ပြည်သူ့စာကြည့်တိုက် များ၊ တက္ကသိုလ်၊ ကောလိပ်များနှင့် သာရေး၊ နာရေး အသင်းများသို့ ဝေပေးမည်ဖြစ်သည်ဟုလည်း ညွှန် ကြားရေးမှူး ဦးဝင်းကြည်က ပြောသည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအစီအစဉ်များကို ယခင်က Analogue စနစ်ဖြင့် ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ကုန်မှစ၍ DVBT2 စနစ်သို့ ပြောင်းလဲထုတ်လွှင့်ရာတွင် တစ်နိုင်ငံလုံးချက်ချင်း ပြောင်းလဲမည် မပာုတ်ဘဲ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ပြောင်းလဲမည်ဖြစ်သည်။

ပြောင်းလဲထုတ်လွှင့်ပေးရာတွင် လက်ရှိထုတ်လွှင့်ပေးနေသောစက်ရုံများ အားလုံးကို ဒီဂျစ်တယ်စနစ်ဖြင့် တစ်ပြိုင်နက်တည်းထုတ်လွှင့်မည်မဟုတ်ဘဲ ဒေသအလိုက် Analogue နှင့် ဒီဂျစ်တယ်စနစ်ကို ပူးတွဲပြီး သုံးနှစ်ထုတ်လွှင့်ပေးမည်ဖြစ်ပြီး set top box မရှိသူများ အနေဖြင့်လည်း ပုံမှန်ထုတ်လွှင့်ပေးနေသော ရုပ်သံလိုင်းများကို ဆက်လက်ကြည့်ရှုနိုင်မည်ဖြစ်သည်။ set top box ဖြင့် ဖမ်းယူရရှိနိုင်သော လိုင်း အသစ်များမှာ MRTV/MITV, FARMER, NATIONAL RACES & HLUTTAW CHANNEL တို့ ဖြစ်သည်။

စနစ်နှစ်မျိုးဖြင့် တစ်ပြိုင်နက်တည်း ထုတ်လွှင့်ပေးမည့် သုံးနှစ်တာကာလ ကျော်လွန်ပါကAnalogueစနစ်ကို ရပ်ဆိုင်းမည်ဖြစ်ပြီး နောက်ပိုင်းတွင် set top box ဖြင့်သာ ဖမ်းယူကြည့်ရှုနိုင်မည် ဖြစ်သည်။
Written by ယုဝေ

No comments:

Post a Comment