မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ပါက ကြုံတွေ့ရသည့်
အခက်အခဲများကို ဆန်းစစ် လေ့လာရန် စီးပွားရေး ဆိုင်ရာ စစ်တမ်း ကောက်ယူမှုကို
စတင် လုပ်ဆောင်ပြီ ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန်
ကြေညာသည်။
စစ်တမ်း ကောက်ယူမှုကို
ဗြိတိန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အကူအညီ (UK Aid) ၏ ရန်ပုံငွေဖြင့်
ကမ္ဘာ့ဘဏ်က ဆောင်ရွက်ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု အခြေအနေ ဆန်းစစ်
လေ့လာချက် (Investment Climate Assessment) စီမံကိန်း၏ တစ်စိတ် တစ်ဒေသလည်း
ဖြစ်ကာ ယင်းစစ်တမ်းတွင် နိုင်ငံသားပိုင်နှင့် နိုင်ငံခြားသားပိုင် လုပ်ငန်း
အရွယ်အစား အကြီး၊ အသေး အမျိုးမျိုး ၁၄၀၀ ကျော် လေ့လာမည် ဖြစ်ကြောင်း ယင်း
ထုတ်ပြန်ချက်အရ သိရသည်။
“နိုင်ငံအတွင်းက စီးပွားရေး
လုပ်ငန်းရှင်တွေ အဓိက ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဖော်ထုတ်ပြီး တခြား
နိုင်ငံတွေနဲ့ နှိုင်းယှဉ် ကြည့်ခြင်းဖြင့် ထိရောက်မှု ရှိတဲ့ မူဝါဒ
အပြောင်းအလဲတွေ ဖော်ဆောင်နိုင်မယ်” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ
ဌာနေကိုယ်စားလှယ် Mr.Kanthan Shankar က ပြောဆိုသည်။
ကမ္ဘာ့ဘဏ်အုပ်စုက ယခု စစ်တမ်းကို ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ တောင်ကြီးနှင့်
ပဲခူးမြို့တို့တွင် ကောက်ယူမည် ဖြစ်ပြီး အဆိုပါ စစ်တမ်း၏ ကနဦး ရလဒ်များကို
၂၀၁၄ ခုနှစ် ဇူလိုင်လတွင် ထုတ်ပြန်မည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ထံမှ သိရသည်။
Credit the Voice Weekly

No comments:
Post a Comment