Pages

Sunday, November 24, 2013

မြန်မာနိုင်ငံတွင် National Single Window တည်ထောင်ရန် ဂျပန်က အမေရိကန်ဒေါ်လာ ခြောက်သန်း ကူညီမည် Sunday, 24 November 2013 17:52

အာဆီယံ စီးပွားရေး အသိုက်အ၀န်း (ASEAN Economic Community-AEC) တွင် အကောင်အထည် ဖော်ဆောင်မည့် ASEAN Single Window ကို အာဆီယံ အဖွဲ့ဝင် နိုင်ငံများအနက် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်နှင့် ဘရူနိုင်းနိုင်ငံတို့မှ ၂၀၁၅ ခုနှစ်တွင် စတင်အကောင်အထည် ဖော်တော့မည်ဖြစ်ကြောင်း ပါရမီ ကုမ္ပဏီများ အဖွဲ့မှ အထက်တန်း အကြံပေးပုဂ္ဂိုလ်၊ အမျိုးသား AFTA ယူနစ်မှ အငြိမ်းစား ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ဆိုသည်။

အလားတူ အာဆီယံ အဖွဲ့ဝင် နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင် တစ်ခုတည်းသော အမျိုးသား စီးပွားရေး ၀င်ပေါက် (National Single Window) ကို အကောင်အထည် ဖော်နိုင်ရေးအတွက် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ခြောက်သန်းနှင့် နည်းပညာ အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း အမျိုးသား AFTA ယူနစ်မှ အငြိမ်းစား ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ပြောကြားသည်။

"အာဆီယံနိုင်ငံ တော်တော်များများမှာ သုံးနေတဲ့ စနစ်နှစ်ခုပေါ့။ အဲဒီနှစ်ခုက ဘယ်လို conection ရှိလဲတော့ ကျွန်မလည်း တိတိကျကျတော့ မသိဘူး။ ဒါက Custom က လုပ်နေတဲ့ အပိုင်းပါ။ ဒီစနစ် နှစ်ခုကို မြန်မာစနစ်ထဲကို ဂျပန် Nippon က ထည့်ပေးလိုက်မှာ။ အသေးစိတ်ကိုတော့ Custom ကပဲ သိမယ်။ ဒါကို နှစ်နှစ်အတွင်း အပြီးဆောင်ရွက်မယ်လို့ သိရပါတယ်" ဟု AFTA ယူနစ်မှ အငြိမ်းစား ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ပြောကြားသည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် စတင်မည့် AEC တွင် အာဆီယံနိုင်ငံများအကြား လွတ်လပ်စွာ ကုန်သွယ်မှု၊ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်မှုများ ပြုလုပ်မည် ဖြစ်သည်။ ထိုသို့ အာဆီယံ ၁၀ နိုင်ငံအနက် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် စသည့်ဖွံ့ဖြိုးမှု နောက်ကျနေသည့် နိုင်ငံများ ရှိနေပြီး ဖွံ့ဖြိုးမှု နောက်ကျသည့် CLMV နိုင်ငံများတွင် ပါဝင်ခဲ့သော်လည်း ဗီယက်နမ်နိုင်ငံ အနေဖြင့် လက်ရှိတွင် အဆင်သင့် အနေအထားတွင် ရှိနေသည်။

Credit Sa Maung

No comments:

Post a Comment