e-Government ဆိုသည်မှာ အစိုးရအဖွဲ့အစည်းများ၏ သတင်းအချက်အလက်နှင့်
ဝန်ဆောင်မှုလုပ်ငန်းများကို ကွန်ပျူတာကွန်ရက်ပေါ်မှတစ်ဆင့် အဆင်ပြေစွာ
အစိုးရ ဌာန အချင်းချင်းသော်လည်းကောင်း၊ ပုဂ္ဂလိကလုပ်ငန်းများနှင့်သော်
လည်းကောင်း၊ ပြည်သူများနှင့် သော်လည်းကောင်း၊ အစိုးရဝန် ထမ်းများနှင့်သော်
လည်းေ ကာင်း ဆက်သွယ် ရယူဆောင်ရွက်နိုင် မည့် စနစ်ဖြစ်သည်။ နိုင်ငံတစ်
နိုင်ငံတွင် e-Government စနစ်များထူထောင်ခြင်းဖြင့် နိုင်ငံသားများ၏
စွမ်းဆောင် ရည်မြင့်မား လာစေခြင်း၊ စံ သတ်မှတ်ချက်ပုံစံတစ်ခု
အလိုအလျောက်ပေါ် ပေါက်လာနိုင် ခြင်း၊ ကုန်ကျစရိတ်သက်သာ ခြင်း၊ ချွတ်ယွင်းမှု၊
မှားယွင်းမှု နည်းပါးခြင်း၊ အရည် အသွေး မြင့် မားလာခြင်း၊ ၂၄ နာရီ ၇ ရက်
ပတ်လုံးဝန်ဆောင်မှု ဆက် သွယ်မှု ရရှိလာနိုင်ခြင်း၊ အချက်
အလက်ကူးပြောင်းစီးဆင်းမှု တိကျ မြန်ဆန်ခြင်း၊ ဝေးလံ ဒေသများမှ ပြည်သူများ
ပါဝင် ဆောင်ရွက်ဆက်သွယ်နိုင်ခြင်း စသည့် စွမ်းဆောင်ရည်များ
ဖြစ်ပေါ်လာစေပါသည်။
e-Government လုပ်ငန်းများ အကောင်အထည်ဖော်
ဆောင်ရွက်ရာတွင် မွန်မြတ် သော ရည်ရွယ်ချက် သုံးရပ်မှာ အစိုးရအနေဖြင့်
ပြည်သူလူထု အား အကောင်း ဆုံး ဆောင်ရွက် ပေးနိုင်ရေး၊ အစိုးရအနေ ဖြင့်
စီးပွားရေးလုပ်ငန်း များတိုးတက်အောင် မြင်ရေးအတွက် ပြည့် စုံ လုံ လောက် သော
ပံ့ပိုးမှုပေးနိုင် ရေး၊ အစိုးရ အဖွဲ့ အစည်းများ အကြား ဆက်စပ်လုပ်ကိုင်မှု
ပိုမိုထိ ရောက် ကောင်း မွန်လာရေးနှင့် သတင်းအချက်အလက်များ
ပိုမိုပွင့်လင်းစွာ ဆက် သွယ်နိုင် ရေး တို့ဖြစ် သည်။ မြန် မာနိုင်ငံ၏
သတင်းအချက်အလက်နှင့် ဆက် သွယ်ရေး နည်းပညာ (ICT)
ဖွံ့ဖြိုးတိုးတက်မှုကိုတစ်ခေတ် ပြောင်းပြီး အရှိန်အဟုန်ရစေ ရန်နှင့်ဆော့ဖ်
ဝဲလုပ်ငန်း Software Industry တိုးတက် ဖွံ့ဖြိုးလာစေရန်အတွက် မြန်မာ့
သတင်းအချက်အလက်နှင့် ဆက် သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုး တက်ရေးအဆောက်အအုံ
(MICT Park) ကို ၂ဝဝ၁ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်တွင် ရန်ကုန်မြို့၌ ဖွင့်
လှစ်ခဲ့ပါသည်။
နိုင်ငံတော်၏ လမ်းညွှန်ပံ့ပိုးဆောင်ရွက်မှုဖြင့်
ပုဂ္ဂလိကကုမ္ပဏီ ၅ဝစုစည်းပြီး Myanmar ICT Development Corporation (MICTDC)
ကို ထူထောင်ခဲ့ပါသည်။ ယင်း ကော်ပိုရေးရှင်းမှ MICT Park ICT
လုပ်ငန်းများ၊ အထူးသဖြင့်ဆော့ဖ်ဝဲလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု(Software
Development) များအတွက်အထူးပြုတိုးချဲ့ခဲ့ရာ e- Government လုပ်ငန်းများ
အကောင်အထည်ပေါ်ရေးအတွက် များစွာ အထောက်အကူပြုခဲ့ သည်။ ၂၄နာရီအကန့်အသတ်မရှိ
အင်တာနက်ကို ကုမ္ပဏီများမှ အသုံးချနိုင် သည့်အတွက် လည်းကောင်း၊
ဘေးချင်းယှဉ်လျက်တည်ဆောက်ထားသော Bagan Cyber Techon Data Centre နှင့်
တစ်ဆက်တစ်စပ်တည်း ရှိသည့် အတွက် လည်းကောင်း Web Site နှင့် Protal
များတီထွင်ထုတ်လုပ်မှုများစွာ အရှိန်အဟုန် ဖြင့်တိုးတက်လာစေပါသည်။ နောင်တွင်
မြန်မာနိုင်ငံ e-Government အတွက် လိုအပ် သမျှထုတ်လုပ်ပေးမည့်
စက်ရုံကြီးသဖွယ်ဖြစ်လာနိုင်သည်။ မြန်မာနိုင်ငံတွင်
အကောင်အထည်ဖော်လျက်ရှိသော e- Government ပိုင်းလော့ပရို ဂျက်များ မှာ အောက်
ပါအတိုင်း ဖြစ်သည်။
အီးဗီဇာ (e- Visa)
မြန်မာနိုင်ငံသို့လာရောက်လည်ပတ်လိုသော ကမ္ဘာလှည့် ခရီးသွားများ၊
မြန်မာနိုင်ငံသို့ စီးပွားရေး၊လူမှုရေးကိစ္စ အဝဝ ဖြင့်လာရောက်လည်ပတ်လို
သည့်ပြည်ပဧည့်သည် များသည် မြန်မာနိုင်ငံပြည်ဝင်ခွင့် ဗီဇာရ ရှိရေးအတွက်
နိုင်ငံခြားတိုင်း ပြည်အသီးသီးရှိ မြန်မာသံရုံးသို့ ကိုယ်တိုင်
သွားရောက်လျှောက် ထား ရ ခြင်း၊ သတ် မှတ် သည့် ကာ လအထိ စောင့်
ဆိုင်းရခြင်း၊ ဗီဇာတံ ဆိပ်ရိုက်နှိပ်ပြီးသော ပြည်ပထွက်ခွာခွင့်ကို
ပြန်လည်ရယူခြင်း စသည်တို့ ပြုလုပ်ရပါသည်။
အီး-ပတ်စ်ပို့
(e- Passport)
e-Passport Project ကို ၂ဝဝ၂ပြည့်နှစ်၊ အောက်တိုဘာလ ၁၈ရက်နေ့တွင်
စတင်အသုံးပြုခဲ့သည်။ e- Passport သုံးထောင်ကို ပြောင်းလဲထုတ်
ပေးနိုင်ခဲ့ပြီဖြစ်သည်။ Passport ကိုင်ဆောင်သူတစ်ဦးစီ ၏
ကိုယ်ရေးအချက်အလက်များကို Chip ထဲတွင် ကွန်ပျူတာနည်းပညာနှင့်
ထည့်သွင်းထားသည်။ passport ကို Smart Card စာအုပ်အတွင်းတွင် ထည့်သွင်း
ထား၍ လုံခြုံစိတ်ချမှု ပိုမိုရရှိ စေသည်။
စမတ်ကတ်
(Smart card )
မြန်မာနိုင်ငံသား အနေဖြင့် မိမိကိုယ်ရေး အကြောင်းအရာ များကို မှတ်ပုံတင်
ထားရသည့် နိုင်ငံသားမှတ်ပုံတင်ကတ်၊ ယာဉ်မောင်းရန် ခွင့်ပြုသည့်
ယာဉ်မောင်းလိုင်စင် စ သည့် အသိအမှတ်ပြု ပုံစံအမျိုးမျိုး ကို
ကိုင်ဆောင်ရလေ့ရှိ ပါသည်။
Certification Authority (CA)
တိုင်းပြည်အသီးသီး၌ သတင်းနှင့်ဆက်သွယ်ရေးနည်းပညာအသုံးပြုပြီး
e-Govern-ment,e-Commence စသည့် လုပ်ငန်းများတိုးတက်ထွန်းကား လာအောင် ဆောင်
ရွက်ရာတွင် လုပ်ငန်း အားလုံးသည် ဆက် သွယ်ရေးကွန်ရက်မှ တစ်ဆင့်
အီလက်ထရွန်နစ်ပုံစံဖြင့် အွန်လိုင်း(online)ဆောင်ရွက်ကြရ သည်ဖြစ်ရာမ
သမာမှုများ၊ အလွဲ သုံးစားမှုများ မပေါ်ပေါက်စေရန် လုပ်ငန်းဆောင်ရွက်ရာတွင်
ပါဝင်မည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း များအား မှန်ကန်မှု၊ စိစစ် ထောက်ခံတာ
ဝန်ယူပေးနိုင်ရန် အရေးတကြီး လိုအပ်လာပါ သည်။ထို့ကြောင့် Digital Economy
နှင့် Digital Society အတွက်မရှိမဖြစ်တွဲဖက်တည်ရှိနိုင်မည့် ကိစ္စတစ်ရပ်မှာ
Cer-tification Authority(CA) ထူထောင်ပေး ရန် ဖြစ်သည်။
e-Procurement
မြန်မာနိုင်ငံ၏ လက်ရှိ အစိုးရဌာနများမှ ပုံစံအမျိုးမျိုး
ဖြင့်ဝယ်ယူမှုများကို ကွန်ပျူတာ စနစ်ဖြင့် အွန်လိုင်း(Online) ဆောင်ရွက်မည့်
အစီအစဉ် ဖြစ်သည်။ လက်ရှိကျင့် သုံး လျက်ရှိသော ဝယ်ယူမှုများတွင် တင်ဒါစနစ်၊
ဈေးနှုန်းအဆိုပြုလွှာတောင်းခံခြင်းစနစ်၊ တိုကင်ဖြင့်
ဝယ်ယူခြင်းစနစ်တို့ဖြင့် ဌာန အသီးသီးမှ ဆောင်ရွက်လျက် ရှိရာ ပြည် တွင်း၊
ပြည်ပကုန် ပစ္စည်း ပေးသွင်းသူများ ရှာ ဖွေခြင်း၊ ဆက်သွယ်ရခြင်း၊ ကုန်
ပစ္စည်းကက်တလောက်မှာ ယူရ ခြင်း၊ ရှုထောင့်အသီးသီးမှ စိ စစ်ရခြင်း၊ ရွေးချယ်
ရခြင်း၊ ငွေပေးချေမှုနှင့် ကုန် ပစ္စည်းများ လက်ခံ ရခြင်းစသည့် လုပ်
ငန်းစဉ်များကို စာ ရွက်စာတမ်း များစွာ ဖြင့် အချိန်ကြာမြင့်စွာ
ဆောင်ရွက်လျက်
ရှိပါ သည်။
Credit ထွဋ်မြတ်
e-Government ဆိုသည်မှာ အစိုးရအဖွဲ့အစည်းများ၏ သတင်းအချက်အလက်နှင့် ဝန်ဆောင်မှုလုပ်ငန်းများကို ကွန်ပျူတာကွန်ရက်ပေါ်မှတစ်ဆင့် အဆင်ပြေစွာ အစိုးရ ဌာန အချင်းချင်းသော်လည်းကောင်း၊ ပုဂ္ဂလိကလုပ်ငန်းများနှင့်သော် လည်းကောင်း၊ ပြည်သူများနှင့် သော်လည်းကောင်း၊ အစိုးရဝန် ထမ်းများနှင့်သော် လည်းေ ကာင်း ဆက်သွယ် ရယူဆောင်ရွက်နိုင် မည့် စနစ်ဖြစ်သည်။ နိုင်ငံတစ် နိုင်ငံတွင် e-Government စနစ်များထူထောင်ခြင်းဖြင့် နိုင်ငံသားများ၏ စွမ်းဆောင် ရည်မြင့်မား လာစေခြင်း၊ စံ သတ်မှတ်ချက်ပုံစံတစ်ခု အလိုအလျောက်ပေါ် ပေါက်လာနိုင် ခြင်း၊ ကုန်ကျစရိတ်သက်သာ ခြင်း၊ ချွတ်ယွင်းမှု၊ မှားယွင်းမှု နည်းပါးခြင်း၊ အရည် အသွေး မြင့် မားလာခြင်း၊ ၂၄ နာရီ ၇ ရက် ပတ်လုံးဝန်ဆောင်မှု ဆက် သွယ်မှု ရရှိလာနိုင်ခြင်း၊ အချက် အလက်ကူးပြောင်းစီးဆင်းမှု တိကျ မြန်ဆန်ခြင်း၊ ဝေးလံ ဒေသများမှ ပြည်သူများ ပါဝင် ဆောင်ရွက်ဆက်သွယ်နိုင်ခြင်း စသည့် စွမ်းဆောင်ရည်များ ဖြစ်ပေါ်လာစေပါသည်။
e-Government လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မွန်မြတ် သော ရည်ရွယ်ချက် သုံးရပ်မှာ အစိုးရအနေဖြင့် ပြည်သူလူထု အား အကောင်း ဆုံး ဆောင်ရွက် ပေးနိုင်ရေး၊ အစိုးရအနေ ဖြင့် စီးပွားရေးလုပ်ငန်း များတိုးတက်အောင် မြင်ရေးအတွက် ပြည့် စုံ လုံ လောက် သော ပံ့ပိုးမှုပေးနိုင် ရေး၊ အစိုးရ အဖွဲ့ အစည်းများ အကြား ဆက်စပ်လုပ်ကိုင်မှု ပိုမိုထိ ရောက် ကောင်း မွန်လာရေးနှင့် သတင်းအချက်အလက်များ ပိုမိုပွင့်လင်းစွာ ဆက် သွယ်နိုင် ရေး တို့ဖြစ် သည်။ မြန် မာနိုင်ငံ၏ သတင်းအချက်အလက်နှင့် ဆက် သွယ်ရေး နည်းပညာ (ICT) ဖွံ့ဖြိုးတိုးတက်မှုကိုတစ်ခေတ် ပြောင်းပြီး အရှိန်အဟုန်ရစေ ရန်နှင့်ဆော့ဖ် ဝဲလုပ်ငန်း Software Industry တိုးတက် ဖွံ့ဖြိုးလာစေရန်အတွက် မြန်မာ့ သတင်းအချက်အလက်နှင့် ဆက် သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုး တက်ရေးအဆောက်အအုံ (MICT Park) ကို ၂ဝဝ၁ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်တွင် ရန်ကုန်မြို့၌ ဖွင့် လှစ်ခဲ့ပါသည်။
နိုင်ငံတော်၏ လမ်းညွှန်ပံ့ပိုးဆောင်ရွက်မှုဖြင့် ပုဂ္ဂလိကကုမ္ပဏီ ၅ဝစုစည်းပြီး Myanmar ICT Development Corporation (MICTDC) ကို ထူထောင်ခဲ့ပါသည်။ ယင်း ကော်ပိုရေးရှင်းမှ MICT Park ICT လုပ်ငန်းများ၊ အထူးသဖြင့်ဆော့ဖ်ဝဲလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု(Software Development) များအတွက်အထူးပြုတိုးချဲ့ခဲ့ရာ e- Government လုပ်ငန်းများ အကောင်အထည်ပေါ်ရေးအတွက် များစွာ အထောက်အကူပြုခဲ့ သည်။ ၂၄နာရီအကန့်အသတ်မရှိ အင်တာနက်ကို ကုမ္ပဏီများမှ အသုံးချနိုင် သည့်အတွက် လည်းကောင်း၊ ဘေးချင်းယှဉ်လျက်တည်ဆောက်ထားသော Bagan Cyber Techon Data Centre နှင့် တစ်ဆက်တစ်စပ်တည်း ရှိသည့် အတွက် လည်းကောင်း Web Site နှင့် Protal များတီထွင်ထုတ်လုပ်မှုများစွာ အရှိန်အဟုန် ဖြင့်တိုးတက်လာစေပါသည်။ နောင်တွင် မြန်မာနိုင်ငံ e-Government အတွက် လိုအပ် သမျှထုတ်လုပ်ပေးမည့် စက်ရုံကြီးသဖွယ်ဖြစ်လာနိုင်သည်။ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်လျက်ရှိသော e- Government ပိုင်းလော့ပရို ဂျက်များ မှာ အောက် ပါအတိုင်း ဖြစ်သည်။
အီးဗီဇာ (e- Visa)
မြန်မာနိုင်ငံသို့လာရောက်လည်ပတ်လိုသော ကမ္ဘာလှည့် ခရီးသွားများ၊ မြန်မာနိုင်ငံသို့ စီးပွားရေး၊လူမှုရေးကိစ္စ အဝဝ ဖြင့်လာရောက်လည်ပတ်လို သည့်ပြည်ပဧည့်သည် များသည် မြန်မာနိုင်ငံပြည်ဝင်ခွင့် ဗီဇာရ ရှိရေးအတွက် နိုင်ငံခြားတိုင်း ပြည်အသီးသီးရှိ မြန်မာသံရုံးသို့ ကိုယ်တိုင် သွားရောက်လျှောက် ထား ရ ခြင်း၊ သတ် မှတ် သည့် ကာ လအထိ စောင့် ဆိုင်းရခြင်း၊ ဗီဇာတံ ဆိပ်ရိုက်နှိပ်ပြီးသော ပြည်ပထွက်ခွာခွင့်ကို ပြန်လည်ရယူခြင်း စသည်တို့ ပြုလုပ်ရပါသည်။
အီး-ပတ်စ်ပို့
(e- Passport)
e-Passport Project ကို ၂ဝဝ၂ပြည့်နှစ်၊ အောက်တိုဘာလ ၁၈ရက်နေ့တွင် စတင်အသုံးပြုခဲ့သည်။ e- Passport သုံးထောင်ကို ပြောင်းလဲထုတ် ပေးနိုင်ခဲ့ပြီဖြစ်သည်။ Passport ကိုင်ဆောင်သူတစ်ဦးစီ ၏ ကိုယ်ရေးအချက်အလက်များကို Chip ထဲတွင် ကွန်ပျူတာနည်းပညာနှင့် ထည့်သွင်းထားသည်။ passport ကို Smart Card စာအုပ်အတွင်းတွင် ထည့်သွင်း ထား၍ လုံခြုံစိတ်ချမှု ပိုမိုရရှိ စေသည်။
စမတ်ကတ်
(Smart card )
မြန်မာနိုင်ငံသား အနေဖြင့် မိမိကိုယ်ရေး အကြောင်းအရာ များကို မှတ်ပုံတင် ထားရသည့် နိုင်ငံသားမှတ်ပုံတင်ကတ်၊ ယာဉ်မောင်းရန် ခွင့်ပြုသည့် ယာဉ်မောင်းလိုင်စင် စ သည့် အသိအမှတ်ပြု ပုံစံအမျိုးမျိုး ကို ကိုင်ဆောင်ရလေ့ရှိ ပါသည်။
Certification Authority (CA)
တိုင်းပြည်အသီးသီး၌ သတင်းနှင့်ဆက်သွယ်ရေးနည်းပညာအသုံးပြုပြီး e-Govern-ment,e-Commence စသည့် လုပ်ငန်းများတိုးတက်ထွန်းကား လာအောင် ဆောင် ရွက်ရာတွင် လုပ်ငန်း အားလုံးသည် ဆက် သွယ်ရေးကွန်ရက်မှ တစ်ဆင့် အီလက်ထရွန်နစ်ပုံစံဖြင့် အွန်လိုင်း(online)ဆောင်ရွက်ကြရ သည်ဖြစ်ရာမ သမာမှုများ၊ အလွဲ သုံးစားမှုများ မပေါ်ပေါက်စေရန် လုပ်ငန်းဆောင်ရွက်ရာတွင် ပါဝင်မည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း များအား မှန်ကန်မှု၊ စိစစ် ထောက်ခံတာ ဝန်ယူပေးနိုင်ရန် အရေးတကြီး လိုအပ်လာပါ သည်။ထို့ကြောင့် Digital Economy နှင့် Digital Society အတွက်မရှိမဖြစ်တွဲဖက်တည်ရှိနိုင်မည့် ကိစ္စတစ်ရပ်မှာ Cer-tification Authority(CA) ထူထောင်ပေး ရန် ဖြစ်သည်။
e-Procurement
မြန်မာနိုင်ငံ၏ လက်ရှိ အစိုးရဌာနများမှ ပုံစံအမျိုးမျိုး ဖြင့်ဝယ်ယူမှုများကို ကွန်ပျူတာ စနစ်ဖြင့် အွန်လိုင်း(Online) ဆောင်ရွက်မည့် အစီအစဉ် ဖြစ်သည်။ လက်ရှိကျင့် သုံး လျက်ရှိသော ဝယ်ယူမှုများတွင် တင်ဒါစနစ်၊ ဈေးနှုန်းအဆိုပြုလွှာတောင်းခံခြင်းစနစ်၊ တိုကင်ဖြင့် ဝယ်ယူခြင်းစနစ်တို့ဖြင့် ဌာန အသီးသီးမှ ဆောင်ရွက်လျက် ရှိရာ ပြည် တွင်း၊ ပြည်ပကုန် ပစ္စည်း ပေးသွင်းသူများ ရှာ ဖွေခြင်း၊ ဆက်သွယ်ရခြင်း၊ ကုန် ပစ္စည်းကက်တလောက်မှာ ယူရ ခြင်း၊ ရှုထောင့်အသီးသီးမှ စိ စစ်ရခြင်း၊ ရွေးချယ် ရခြင်း၊ ငွေပေးချေမှုနှင့် ကုန် ပစ္စည်းများ လက်ခံ ရခြင်းစသည့် လုပ် ငန်းစဉ်များကို စာ ရွက်စာတမ်း များစွာ ဖြင့် အချိန်ကြာမြင့်စွာ ဆောင်ရွက်လျက်
ရှိပါ သည်။
Credit ထွဋ်မြတ်

No comments:
Post a Comment