Pages

Sunday, November 24, 2013

နိုင်ငံတကာ ရဲတပ်ဖွဲ့နှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ Black list လုပ်ထားသူ ၃၀၀၀ သာ စာရင်းမှ ပယ်ဖျက်ရန် ကျန်ရှိ Monday, November 25, 2013

နိုင်ငံတကာ ရဲတပ်ဖွဲ့ (Interpol) နှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ Black list လုပ်ထားသူ ၃၀၀၀ သာ Black list စာရင်းမှ ပယ်ဖျက်ရန် ကျန်ရှိတော့သည်ဟု ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ခေါင်းဆောင်များနှင့် နိုဝင်ဘာ ၂၄ ရက်က Myanmar Peace Center ၌ တွေ့ဆုံစဉ် သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေသည် ပြောင်းလဲနေပြီဖြစ်ပြီး UNFC ခေါင်ဆောင်များ အနေဖြင့် မြန်မာနိုင်ငံသို့ မည်သည့်အချိန်မဆို လာရောက်နိုင်ပြီဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

"Black list ဆိုလို့ရှိရင် ၁၈၀၀၀ ရှိပါပြီ။ အဲဒါကို ကျွန်တော်တစ်ယာက်တည်း ၁၂၀၀၀ ကျော် ဖြုတ်ပါတယ်။ ၆၀၀၀ ကျန်ပါတယ်။ အဲဒီ ၆၀၀၀ ကို သမ္မတကြီးဆီကို တင်ပြတဲ့အခါမှာ သမ္မတကြီးက နောက်ထပ် ၃၀၀၀ ထပ်လွှတ်ပေးပါတယ်။ အခုလောလောဆယ် ၃၀၀၀ ကျန်ပါတယ်။ အဲဒီ ၃၀၀၀ က ဘယ်သူလဲဆိုရင် Interpol ကနေ တစ်ခြား International Official Organization တွေက Black List လုပ်ထားတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ဖြုတ်လို့မရဘူး။ အဲဒါပဲ ကျန်ပါတယ်" ဟု ၀န်ကြီးဦးအောင်မင်းက ပြောကြားသည်။

ယခင် အစိုးရ လက်ထက်က ကုမ္ပဏီများ၊ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ၊ သတင်းမီဒီယာ သမားများ အပါအ၀င် နိုင်ငံခြားသားများ၊ ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ အကြောင်းအမျိုးမျိုးကြောင့် အမည်ပျက်စာရင်း Black List သတ်မှတ်ရေးသွင်းခဲ့ပြီး ကန့်သတ်မှုများ ဆောင်ရွက်ထားရှိခဲ့ရာ အစိုးရသစ် လက်ထက်တွင် ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ ဖြေလျော့မှုများ ဆောင်ရွက်ပေးခဲ့သည်။

Credit Eleven Media Group

No comments:

Post a Comment