Pages

Wednesday, November 27, 2013

ဗန်းမော်မြို့တွင် တရားမ၀င် တမလန်းသစ်များဖမ်းဆီးရမိ

ကချင်ပြည်နယ် ၊ ဗန်းမော်မြို့နယ် ၊သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးသော်မော်ခန့်၊မြို့ပေါ်ဘိနယ်
တာဝန်ခံ တောအုပ် ဦးစောလူးသယ်ရွှေ ၊ ဦးဇော်ဇော်ဦး ၊တောခေါင်း ဦးသက်ဇော်ကို ၊ဗန်းမော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးပါ (၃) ဦး ၊ဟန်းတဲရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးလွင် ပါ (၂)ဦး ပူးပေါင်းအဖွဲ့သည် နယ်မြေ သတင်းအရ နိုဝင်ဘာ ၂၅ ရက်နေ့ ညနေ ၆နာရီ ၄၅ မိနစ်က ဟန်းတဲရပ်ကွက် ရှေ့နေကုန်းရပ် ၊ ရှေ့နေကုန်းလမ်းရိုးချောင်းအစပ် ၊ ခမမပည (LG-213827) မြေပုံချပ်အမှတ် (၂၄၉၇-၀၃) ၌ တမလန်းခွဲသား ၁၅ လုံး/ချောင်း ၊ (၀.၆၃၄) တန် ကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိကြသည်။
          နိုဝင်ဘာ ၂၆ ရက်နေ့တွင်သိမ်းဆည်းရမိသော တရားမ၀င်တမလန်းသစ်များကို မြို့နယ် သစ်တောဦးစီးဌာန ရုံးဝင်းအတွင်းသို့ သယ်ဆောင်ထားပြီးဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment