တချိန်က
စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း၊ ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်က
ဇာဂနာကို ကျေးဇူး ရှိကြောင်း ပြောလိုက်တဲ့ ထူးထူး ခြားခြား သတင်းတပုဒ်က
စိတ်ဝင်စားစရာပါ။ မော်နီတာ ဂျာနယ်မှာ
ဖော်ပြထားပါတယ်။
"ဇာဂနာလေးက ကျေးဇူးရှိတယ်။ သူလွတ်လာတော့ ကျနော့်ကို လွှတ်ပေးဖို့
တောင်းဆိုပေးခဲ့ဖူးတယ်။ ဒါကြောင့် ကျေးဇူးရှိပါတယ်" လို့ ဦးခင်ညွှန့်
ပြောစကားကို မော်နီတာ ဂျာနယ်က ဖော်ပြထားတာပါ။
တကယ်လည်း ဇာဂနာ ခေါ် ဦးသူရဟာ အကျဉ်းထောင်က ပြန်လွတ်လာတော့ အကျဉ်းထောင်တွင်းက
နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ ပြောဆိုရင်း ဦးခင်ညွှန့်ကိုလည်း
ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါ တယ်။ ဒီအပြင် ဦးခင်ညွှန့်
နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာတုန်းကလည်း ဇာဂနာက သူ့ကို သွား
ရောက် တွေ့ဆုံ အားပေးစကားတောင် ပြောခဲ့ပါသေးတယ်။
နောက်ပိုင်း ဦးခင်ညွှန့်က မီဒီယာတချို့နဲ့ ထိတွေ့လာရင်း သူလည်း
နိုင်ငံရေးအကျဉ်းသားဖြစ်ပါတယ်။ သူ့ဆီမှာ အကြံတောင်းလာမယ်ဆိုရင် အဆင်သင့်ပါ၊
စသဖြင့် ပြောဆိုမှုတွေ လုပ်လာတဲ့အခါ ဇဂနာက ဦးခင်ညွှန့်ကို
သတိပေးစကားပြောလိုက်ပါတယ်။
ဒီလို ဦးခင်ညွှန့်ကို ဇာဂနာက သတိပေးစကားပြောလိုက်တာကိုလည်း အကောင်းမြင်ပြီး အခုလို တုံ့ပြန်ထား ပါတယ်။
"ပြီးတော့ သူ့မှာ နိုင်ငံရေး အသိနိုင်ငံရေး အမြင်လည်း ရှိပါတယ်။
ကျနော့်ကို သတိပေးစကား ပြောတာ ကတော့ အလွန်အကျွံ ပြောမိမှာ စိုးလို့
သတိပေးတယ်လို့ ယူဆပါတယ်" လို့လည်း ဦးခင်ညွှန့်ကပြောပါ တယ်။
Credit အိမ့်သံစဉ် ~ဧရာဝတီ Facebookဧရာဝတီ Twitter

No comments:
Post a Comment