Pages

Monday, November 25, 2013

မြန်မာ့ကမ်းလွန် ရေနံလုပ်ကွက်များတွင် Petronas အသာစီးရနေ Monday, 25 November 2013 10:21

မြန်မာ့ကမ်းခြေရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်များအတွက် နောက်ဆုံးအဆင့် လေလံဆွဲခြင်းမှ ကုမ္ပဏီပေါင်း ၂၀ ခန့် နုတ်ထွက်သွားခဲ့သည်ဟု စွမ်းအင်ဝန်ကြီးဌာန ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ဆိုလိုက်သည်။

လေလံဆွဲရန်အတွက် အရည်အချင်းပြည့်မီခဲ့သော ကုမ္ပဏီပေါင်း ၆၁ ခုရှိသော်လည်း လျှောက်လွှာ တင်သွင်းရမည့် နောက်ဆုံးသတ်မှတ်ရက် နိုဝင်ဘာ ၁၅ အထိ လျှောက်လွှာတင်သွင်းခဲ့သော ကုမ္ပဏီ ပေါင်း ၄၀ ခန့်သာရှိခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးကဆိုသည်။ ကုမ္ပဏီအမည်များအား ထုတ်ဖော်ပြော ဆိုရန်လည်း ယင်းက ငြင်းဆိုခဲ့သည်။

လေလံလျှောက်လွှာများအား စိစစ်နေသည့် အခြေအနေနှင့် ပတ်သက်၍လည်း ၎င်းအရာရှိက “စိစစ် မှုတွေ ပြုလုပ်ဆဲပါ” ဟု ဆိုခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ရေတိမ်ပိုင်းလုပ်ကွက် ၁၂ ကွက်နှင့် ရေနက်ပိုင်းလုပ်ကွက် ၁၉ ကွက်တို့အားချ ပေးသွားမည်ဖြစ်သည်။ ရေတိမ်ပိုင်းလုပ်ကွက်များအတွက် အရွေးချယ်ခံရသည့် ကုမ္ပဏီများအနေဖြင့် ဒေသခံလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပြီး နိုင်ငံခြားကုမ္ပဏီများအနေဖြင့် တစ်ဦးချင်း ဖြစ်စေသို့မဟုတ် ဒေသခံလုပ်ငန်းရှင် အနည်းငယ်ဖြင့်ဖြစ်စေဆောင်ရွက်ခွင့်ရရှိမည်ဖြစ်သည်။

ဧပြီလတွင် စတင်ခဲ့သော လေလံပထမအဆင့်တွင် ကုမ္ပဏီပေါင်း ၇၉ ခု ပါဝင်ခဲ့သည်။ ၎င်းတို့တွင် Royal Dutch Shell Plc, Chevron Corp, ConocoPhillips, Exxon Mobil Corp, ပြင်သစ်နိုင်ငံမှ Total၊ ထိုင်းနိုင်ငံမှ (PTTEP) မလေးရှားနိုင်ငံမှ Petroliam Nasional BHD (Petronas) တို့ပါဝင်သည်။

Petronas, Total နှင့် PTTEP တို့မှာမူ မြန်မာနိုင်ငံအတွင်း၌ အတွေ့အကြုံများ အခြေခံအဆောက်အအုံ များရှိနှင့်ပြီး ဖြစ်သောကြောင့် “အသစ်ရောက်ရှိလာသူများထက်ပို၍ သိသိသာသာ အသာစီးရရှိနေ သည်” ဟု VDB Loi မှ ထုတ်ပြန်ခဲ့သော အောက်တိုဘာ ၂၁ ရက်နေ့ သုံးသပ်ချက်တွင် ဖော်ပြထား သည်။ VDB Loi မှာ မြန်မာနိုင်ငံအတွင်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေနေသည့် ၎င်း “လုပ်ငန်းကြီး သုံးခု” အား အကြံပေးနေသည့် ဥပဒေအကျိုးဆောင်လုပ်ငန်းတစ်ခုဖြစ်သည်။

လေလံအောင်မြင်သူများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ နောက်ဆုံးအတည်ပြုချက်ရယူရန်အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုစစ်တမ်းတစ်ခုအား ပြုလုပ်ရန်လိုအပ်သည်။

 Written by ရိုက်တာ

No comments:

Post a Comment