ပညာရေးဝန်ကြီးဌာနအောက်ရှိ
တက္ကသိုလ်များ၏ ၂၀၁၃-၁၄ ပညာသင်နှစ်ကို ဒီဇင်ဘာလ ပထမပတ် တွင်
စတင်မည်ဟုဆိုပါသည်။ ကျောင်းအပ်မှတ်ပုံတင်ခြင်းကို ဒီဇင်ဘာလ ၂ ရက်တွင်
စတင်လက်ခံပြီး စာသင်ကြားမှုများကို ဒီဇင်ဘာ ၅ ရက်တွင် အစပြုမည်ဟု သိရပါသည်။
ဤအစီအစဉ်သည် ပုံမှန်အ တိုင်း လည်ပတ်လျက်ရှိသည့်လုပ်ငန်းစဉ်ဖြစ်ပါသည်။
ပြောင်းလဲထူးခြားမှုမရှိပါ။ သို့သော် ယခုနှစ်အ တွက်
ပြောင်းလဲထူးခြားမှုမရှိပါ။ သို့သော်ယခုနှစ်အတွက် ပြောင်းလဲထူးခြားမှုကို
နိုဝင်ဘာ ၂၀ ရက် တွင်စတင်ကြားသိခြင်းဖြစ်သည်။ တက္ကသိုလ်များတွင် ကျောင်းသား၊
ကျောင်းသူများအား ကျောင်း တွင်းအဆောင်နေခွင့်ကို လူဦးရေအကန့်အသတ်ဖြင့်
ခွင့်ပြုမည်ဆိုသည့် သတင်းဖြစ်ပါသည်။
ဆိုင်းမဆင့်ဗုံမဆင့်
လုပ်ချလိုက်ခြင်းဟု ပြောချင်ပါသည်။ သင်တန်းအသီးသီးသို့ တက်ရောက်မည့်
ကျောင်းသား၊ ကျောင်းသူများအနက် ပထမနှစ် တက်ရောက်မည့်ကျောင်းသား၊
ကျောင်းသူများအနက် ပထမနှစ်တက်ရောက်မည့်သူများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊
ကောလိပ်တည်ရှိရာမြို့နယ် စည်ပင် သာယာနယ်နိမိတ်ပြင်ပမှ လာရောက်သူများကို
ဦးစားပေးမည်ဖြစ်ကြောင်း၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊
ရန်ကုန်ပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်နှင့် မြစ်ကြီးနားတက္က
သိုလ်များတွင် အတန်းအားလုံး၏ ကျောင်းသား၊ ကျောင်းသူများအား
အဆောင်ထားမည်ဖြစ်ကြောင်း အခြားတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အချို့တွင်
ပထမနှစ်သင်တန်းသားများကိုသာ ဦးစားပေး ၍ထားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
လက်ရှိရှိပြီးဖြစ်သော
အဆောင်များတွင် နေရာချထားပေးမည်ဖြစ်ကြောင်း၊ အဆောင်မရှိသေးသော
တက္ကသိုလ်များတွင်လည်း အဆောက်အအုံသစ်များ တိုးချဲ့ဆောက်လုပ်ထားပြီးဖြစ်၍
ကျောင်းသား၊ ကျောင်းသူများအတွက် အဆောင်အဖြစ် အသုံးပြုနိုင်သော
နေရာရရှိလာစေရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း၊ လာမည့်ပညာသင်နှစ်များတွင်
အဆောင်သစ်များကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးတွဲ၍
တိုးချဲ့ဆောက်လုပ်ရန် ဖိတ်ခေါ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
အဆောင်နေခွင့်ရသည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကိုလည်း
စည်းကမ်းရှိရှိဖြင့် တက္ကသိုလ်ကျောင်းသားပီသစွာ နေထိုင်ပြုမူရေးကို
လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း တက္ကသိုလ်ရုပ်ပတ်ဝန်းကျင်ကောင်းများ
ပြည့်စုံစွာဖြည့်ဆည်းပေးရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း
ဖော်ပြထားပါသည်။
ကောင်းသော သတင်း၊
ကောင်းသောအစီအစဉ်၊ ကောင်းသောဆောင်ရွက်ချက်ဖြစ်ပါသည်။ သို့သော်
စစ်အစိုးရလက်ထက်တွင် တည်ဆောက်ဖွင့်လှစ်ခဲ့သော တက္ကသိုလ်၊ ဒီဂရီကောလိပ်၊
ကောလိပ်အများ အပြားမှာ ကျောင်းသား၊ ကျောင်းသူများနေထိုင်ရန်အတွက်
ရည်ရွယ်ပြီးဆောက်လုပ်ခဲ့သော အ ဆောက်အအုံဟူ၍ တစ်ခုမျှမရှိဟု ဆိုချင်ပါသည်။
ယခင်နှစ်များက စာသင်ဆောင်အဖြစ် အသုံးပြုခဲ့ကြ သည့် အဆောက်အအုံများတွင်
အဆင်သင့်သလို ထားကြမည်ဟုသိရပါသည်။ လူနေဆောင်မဟုတ် သော စာသင်ခန်း၊
စာသင်ဆောင်များတွင် ထားကြမည်ဖြစ်သဖြင့် ရေချိုးခန်း၊ စားသောက်ခန်း၊
စာကြည့်ခန်း၊ နားနေခန်း၊ ဧည့်ခန်း၊ သန့်စင်ခန်း၊ ယာဉ်ရပ်နားရန်
နေရာတို့လိုအပ်မည်မှာ သေချာပါ သည်။ လုံခြုံရေးအတွက် ဝင်းခြံစည်းရိုးနှင့်
အစောင့်ဝန်ထမ်းများ၊ အားကစား၊ ဖျော်ဖြေရေးနှင့် ကျန်းမာ ရေးအတွက်လည်း
မဖြစ်မနေတစ်ပြိုင်နက် စီမံပေးကြရပါလိမ့်မည်။
ပညာသင်နှစ်အစ
ကျောင်းဖွင့်ရန် သီတင်းနှစ်ပတ်မျှလိုသည့်အချိန်တွင် ချက်ချင်းဗြုန်းစားကြီး
ညွှန်ကြားစီစဉ်ဆောင်ရွက်ကြရသည့်အခါ တွေးဆ၊ ဝေဖန်စရာများလည်း
အများကြီးရှိမည်ဖြစ်ပါသည်။ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင်
အဆောင်နေထိုင်ခွင့်ပိတ်ပင်ခဲ့သည်မှာ နှစ်ပေါင်းနှစ် ဆယ်နီးပါးကြာပြီဟု
သိရပါသည်။ လုပ်ချင်ရာလုပ်ခဲ့ကြသည့် အာဏာရူးများကြောင့် နောက်လူများ အဖို့
အခက်အခဲများစွာကို ဖြစ်ပေါ်စေပါသည်။ ကျောင်းသား၊ ကျောင်းသူလူငယ်များစွာကို
ထိခိုက် နစ်နာစေလဲ့သလို မျက်မှောက်ကာလတွင် တာဝန်ရှိသူများ၊
အကောင်အထည်ဖော်နေရသူ အကြီး အကဲများအတွက်လည်း အကျပ်တွေ့ပင်ပန်းစေပါသည်။
အထက်က
လုပ်ချင်ရာလုပ်၊ ခိုင်းချင်ရာခိုင်း၊ အောက်ကလည်းပြုတ်မှာ၊
ရှုပ်မှာကြောက်ကြတော့ ခိုင်းသည့်အတိုင်း လိုက်လုပ်ကြရသည်။ ထိုအခါ ဓားစာခံသည်
တိုင်းပြည်၏ မျိုးဆက်လူငယ်ကျောင်း သား၊ ကျောင်းသူများပင် ဖြစ်ပါသည်။
စနစ်တွေ၊ မူဝါဒတွေခဏခဏ ပြောင်းလဲကျင့်သုံးသည်။ ကိန်း ဂဏန်းတွေ၊
စာရင်းဇယားတွေ၊ ရာခိုင်နှုန်းတွေဖြင့် အလုပ်လုပ်နေကြသည်။ "တစ်လောက ပညာရေး
မူဝါဒအဆင့်မြင့် ပြုပြင်ပြောင်းလဲရေးအတွက် လိုအပ်ချက်တွေကို
ရွေးချယ်ပြန်ကြားပေးဖို့ ဖက်စ်ဝင် လာတယ်။ ဖက်စ်ဝင်တာက မွန်းလွဲ ၂ နာရီ။
အဲဒါကို ညနေရုံးချိန်အမီ ပြန်ပို့ရမယ်လို့လည်း တစ်ခါ တည်း ညွှန်ကြားထားတယ်။
တကယ့်ကို တက်သုတ်ရိုက်လုပ်နေကြတဲ့ ပုံစံဖြစ်နေတယ်။ အပြင်က
လူတွေဝေဖန်မယ်ဆိုရင်လည်း ဝေဖန်ချင်စရာပဲ" ဟု တက္ကသိုလ်တစ်ခုမှ
ပါမောက္ခဆရာကြီးတစ်ဦးက ပြောပြပါသည်။
ရန်ကုန်နှင့်
မန္တလေးတက္ကသိုလ်များတွင် ဘွဲ့ကြိုကျောင်းသားများ ပညာသင်ယူခွင့်
ပိတ်ပင်ထားခဲ့သည် မှာ နှစ်ပေါင်းနှစ်ဆယ်ကျော်ပြီ ဖြစ်ပါသည်။
ထိုတက္ကသိုလ်များသို့ ယခုပညာသင်နှစ်မှစ၍ အထူးပြုဘာ သာရပ် ၂၀ တွင်
တစ်ဘာသာလျှင် ၁၅ ဦးအထိသာ ဝင်ခွင့်လျာထားခဲ့ရာမှ အဆင့်မြင့်ပညာဦးစီးဌာန
(အောက်မြန်မာပြည်) က ဝင်ခွင့်ဦးရေကို ၅၀ ဦးအထိ ထပ်တိုးမည်ဖြစ်ကြောင်း
နိုဝင်ဘာလ ၂၁ ရက် ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ခဲ့ပါသည်။
ကျောင်းစတင်ဖွင့်မှာက ဒီဇင်ဘာ ၅ ရက်။ နောက်ထပ်ဝင်ခွင့်ရမည့် ကျောင်းသား၊
ကျောင်းသူဦးရေ ၁၄၀၀ အတွက် ဝင်ခွင့်ရစာရင်းထုတ်ပြန်မှာ က ဒီဇင်ဘာ ၁၆ ရက်၊
ဝင်ခွင့်ရမည့်၊ မရမည့်ကျောင်းသား၊ ကျောင်းသူများသည် မည်သို့မည့်ပုံပြင်ဆင်
ကြရမည်ဆိုသည်ကိုလည်း ထည့်သွင်းစဉ်းစားသင့်သည်ဟု ယူဆမိပါသည်။
ယခုလည်း တက္ကသိုလ်တွင်
ဘာမျှကြိုကြိုတင်တင် ပြင်ဆင်တည်ဆောက်စီစဉ်ထားကြခြင်း မရှိပါဘဲ
ကျောင်းတွင်း အဆောင်များ၌ ကျောင်းသား၊ ကျောင်းသူများကို တားကြရမည်ဆိုတော့
ဖြစ်ကတတ် ဆန်း နိုင်လွန်းသည်ဟုထပ်၍ ပြောချင်ပါသည်။
လက်ရှိတာဝန်ထမ်းဆောင်နေကြသည့် တက္ကသိုလ် ဆရာ၊ ဆရာမများပင် နှစ်ယောက်တွဲ၊
သုံးယောက်တွဲ၊ ရေမီးအခက်အခဲ၊ သွားလာဆက်သွယ်ရေး အခက်အခဲ၊
လုံခြုံရေးလိုအပ်ချက်များဖြင့် နေထိုင်နေကြရဆဲ ဖြစ်ပါသည်။ နိုင်ငံတော်အတွက်
အရေး ပါသည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူလူငယ်များကို
တက္ကသိုလ်ကျောင်းတွင်း အဆောင်များ တွင် ထားရှိရေးကိစ္စသည် စနစ်ကျကျ၊
အကွက်စေ့စေ့၊ အဘက်ဘက်က ပြည့်စုံအောင်စီစဉ်ပြီး ဆောင် ရွက်သင့်ပါသည်။
တက္ကသိုလ်အများစုသည်
မြို့နှင့်အတန်ငယ်အလှမ်းဝေးခြင်းကလည်း ကျောင်းတွင်းအဆောင်နေသူ များအတွက်
ထည့်သွင်းစဉ်းစားရမည့် အချက်တစ်ခုဖြစ်ပါသည်။ တက္ကသိုလ်အဆင့်တွင် ပညာသင်မှု
ဆိုင်ရာ အစီအစဉ်များ၊ သင်ရိုးညွှန်းတမ်းနှင့် ပညာသင်နှစ်ဆိုင်ရာ
သတ်မှတ်ချက်များ၊ ပညာရေးကဏ္ဍ ပညာရည်မြင့်မားရေး လုပ်ငန်းစဉ်များကို
စီမံချမှတ်အကောင်အထည်ဖော်ရာတွင် နှေးလွန်းခြင်းသည် လည်းမကောင်း၊
မြန်လွန်းခြင်းသည်လည်း မကောင်းတိကျပြတ်သားသော ဦးတည်ချက်၊ ချို့ယွင်းချက်
နည်းနိုင်သမျှနည်းသော စီမံကိန်းများဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော
ဒီမိုကရေစီနိုင်ငံတော်ကြီး တည် ဆောက်ရာတွင် ကြံဆပါဝင်သင့်ပါကြောင်း။ ။
7Day DailyNo.214, Nov.24, 2013
No comments:
Post a Comment