နိုင်ငံ
တစ်နိုင်ငံတွင် အဓိက အသက်ဟု ဆိုရမည့် ဥပဒေပြုရေး၊ တရား စီရင်ရေးနှင့်
အုပ်ချုပ်ရေး ဟူသော မဏ္ဍိုင်ကြီး များ ရှိကြသော်လည်း ဥပဒေပြုရေး က ပို၍အရေး
ကြီးပါသည်။ အဘယ့်ကြောင့် ဆိုသော် ထိုဥပဒေ ပြုရေး ဟူသည်ကပင်
အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အတွက် ပင်မကျောရိုး ဖြစ်သောကြောင့်ပင်။
ပြဋ္ဌာန်းမည့် ဥပဒေ များက လွတ်လပ် မျှတ၍ အများပြည်သူပါ လေးစား
လိုက်နာလောက်ဖွယ်၊ အဂတိ ကင်းလောက်ဖွယ် ဖြစ်မှသာ အခြေခိုင်မည် ဖြစ်သည်။
ထို့အတူ ထိုဥပဒေ ၏ ကောင်းခြင်း ဆိုးခြင်းပေါ် အခြေပြု၍ အုပ်ချုပ်သူ
အစိုးရနှင့် တရား စီရင်ရေးများ သည်လည်း အဂတိ ကင်းကင်းနှင့် ပြည်သူ လေးစား
အားကိုး ဖွယ်ရာ ဖြစ် လာနိုင် မည်ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော်
မြန်မာနိုင်ငံ တွင် ထိုအခြေ အနေနှင့် ဆန့်ကျင်စွာပင် တရား မမျှတမှု၊ အဂတိ
တရားများ၊ အာဏာ အလွဲသုံးစား ကျင့်ကြံခြင်း များစွာ ဖြစ်ပေါ်ခဲ့ပြီး
ပြည်သူတို့ အနာတရ များခဲ့၍ ဖြစ်သည်။ ထို့ပြင် ပြုပြင်ပြောင်းလဲရေး ကာလဟု
အများ လက်ခံထားသည့် မျက်မှောက်ခေတ် အစိုးရသစ် လက်ထက် တွင်လည်း ပဋိပက္ခများ၊
အဓိက ရုဏ်းများနှင့် ဥပဒေမဲ့ လုပ်ရပ်များစွာ ပေါ်ပေါက် ဖြစ်ပွားခဲ့သလို
ကျူးလွန်သူများ တွင်လည်း အဆိုပါ အုပ်ချုပ်သူ အစိုးရ အဖွဲ့အစည်း အချို့ပါ
ပါဝင်ခဲ့ သည်က ငြင်းမရ။ ထို့အတွက် လက်ရှိ တည်ဆဲဥပဒေ များလည်းရှိ၊
အသစ်ရေးဆွဲနေသော ဥပဒေများလည်း ရှိပြီး အစိုးရ တစ်ရပ် အနေနှင့်လည်း
ပီပီပြင်ပြင် ရှိနေသော အခြေအနေတွင် အဘယ့်ကြောင့် တရားဥပဒေ စိုးမိုးမှုကို
တစာစာ တောင်းနေ ရသည် ဟူသော ပြဿနာအတွက် ပြည်သူ့ ဆန္ဒနှင့် အသံ ကို တောင်း
ခံဖော်ပြလိုက်ရခြင်းဖြစ်သည်။
ဦးဝင်းမြင့် (တရားဥပဒေစိုးမိုးရေးနှင့်တည် ငြိမ်အေးချမ်းရေးကော်မတီ-အတွင်းရေးမှူး)
ဥပဒေကို လက်တွေ့အကောင် အထည် ဖော်တာက တရားစွဲ အဖွဲ့အစည်းတွေပေါ့။ ဥပဒေနဲ့
အညီ တရားစွဲတဲ့ အဖွဲ့ အစည်းတွေက တရားစွဲဆို တင် ပို့နိုင်မှသာ အမှုတွေ
ကပေါ်မှာ။ တရားစွဲဆို တင်ပို့တဲ့အခါမှာ လည်း သက်ဆိုင်ရာ တရား ဥပဒေ
စိုးမိုးရေးနဲ့ ပတ်သက် ဆက်နွှယ် နေတဲ့ အဖွဲ့အစည်း တွေက ကူညီ ပံ့ပိုးပေးဖို့
လိုတယ် ပေါ့။ ဥပမာ ဆို ရင် တရားရုံးတို့၊ ပြည်သူ့ ရဲတို့၊ ဥပဒေ
ဝန်ထမ်းတို့၊ ပြည်သူ့ အကျိုးဆောင်ရှေ့နေ တို့ စသဖြင့်ပေါ့။ တရား စီရင်ရေး
မဏ္ဍိုင် တည့်မတ်ဖို့ အုပ်ချုပ်ရေး မဏ္ဍိုင် က ဝင်ရောက် မစွက်ဖက်
ဖို့လိုမှာပေါ့။ ဥပဒေပြုရေး၊ အုပ် ချုပ်ရေး၊ တရား စီရင်ရေးနဲ့ပဲ
ပြီးတာမဟုတ်ဘူး။ အားလုံးမှာ တာဝန် ရှိတာပေါ့။ ပြည်သူ ပြည် သားတွေ ကလည်း
တရားဥပဒေ နဲ့မညီတာတွေ၊ လာဘ်ပေးလာဘ်ယူ ကိစ္စတွေကို မီဒီယာတွေ နဲ့အတူ အားလုံး
ဝိုင်းဝန်းဖော်ထုတ် မှ တရားဥပဒေ စိုးမိုးမှု ရှိမှာပေါ့။ ဆိုလို တာကတော့
အုပ်ချုပ်ရေး အာဏာပိုင်းရော၊ တရားစီရင် ရေး အပိုင်းရော၊ ဥပဒေပြုရေး
အပိုင်းရော၊ ပြည်သူ လူထုရော၊ မီဒီယာရော အားလုံး အမှန် တရား အတွက်၊ တရား
ဥပဒေ စိုးမိုးရေး အတွက် တာဝန်ရှိတယ် လို့ခံယူပါတယ်။ ဥပဒေတွေမှာ လည်း
ပြုပြင်ရမှာတွေ ရှိတာပေါ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေ က လွတ် လပ်စွာ စီတန်း
လှည့် လည်ခွင့် ပေးထားပေမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ဆန့်ကျင်ပြီး
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့် လည်ခွင့် ဥပဒေ ပြဋ္ဌာန်းတာ။ ဒါ
ဥပဒေရဲ့ အားနည်း ချက်တွေ ပေါ့ဗျာ။ တရားဥပဒေ စိုးမိုးဖို့ နမူနာတစ်ခု
ပြောရမယ် ဆိုရင် လွတ်လပ်စွာ ဖော်ထုတ်ခွင့် တို့၊ လွတ်လပ်စွာ ထင်မြင်
ယူဆခွင့် တို့၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ က ပေးထားပေမယ့် လည်း အသင်း အဖွဲ့က
ပေါ်လာတဲ့ အခါကျတော့၊ ပြန်ပြီးတော့ ကန့်သတ် သလိုဖြစ် တဲ့အခါကျတော့
နိုင်ငံသားတွေ ကလိုက်နာဖို့ ခက်ခဲ တယ်။ နိုင်ငံ သား အခွင့်အရေး
ဆုံးရှုံးတာပေါ့။ ဆိုတဲ့ အခါကျတော့ ဥပဒေအား နည်းချက် ဆိုတာ ဒါကို ပြော
တာပေါ့။ မတရားအသင်း အက် ဥပဒေက ရှိနေသေး တယ်။ နိုင်ငံ တော်ကကြေညာ ထားတဲ့
မတရား အသင်းတွေနဲ့ ဘယ်သူပဲဆက် သွယ် ဆက်သွယ် ဥပဒေအရ ငြိနေတယ်။ သို့သော်လည်း
ကိုယ် ဆက်သွယ် ရင်တော့ မငြိ ဘူး။ တခြားလူက ဆွေမကင်း မျိုးမကင်းတွေက
ထမင်းတစ် လုတ်၊ ရေတစ်မှုတ်ပေးရင် ငြိတယ် ဆိုတော့ ဒါဥပဒေက တရားမျှတမှု
မရှိတာပေါ့။ အဲဒါ တွေ တွေ့နေ ရပါတယ်။
ဦးငိုင်ဆာ့ခ် (တရားလွှတ်တော်ရှေ့နေ၊ ဥပဒေ အတိုင်ပင်ခံ)
မြန်မာနိုင်ငံမှာက ပြဋ္ဌာန်း ထားတဲ့ ဥပဒေတွေက တော် တော်များများ
ရှိပြီးသားပါ။ အကောင်အထည်ဖော်မယ့်၊ အုပ် ချုပ်မယ့် စီရင် ကိုင်တွယ်မယ့်
သူတွေလည်း ရှိပါ တယ်။ ဒါပေ မဲ့ အဲဒီတရား ဥပဒေအပေါ် လိုက်နာတဲ့သူ မရှိတာ
တွေ့ရ တာ။ ဒါကလည်း ဖော်ဆောင် မယ့်သူတွေ ကိုယ်တိုင် အားနည်း နေတာကြောင့်လည်း
ပါတယ်။ ဥပဒေကို ပြုတဲ့သူ၊ ရေးဆွဲတဲ့သူ၊ လိုက်နာမယ့် သူတွေ၊ နောက်
အကောင်အထည် ဖော်မယ့် သူ တွေ၊ ဥပဒေ အရာရှိ၊ ရဲတွေက အစပေါ့ ဥပဒေ အတိုင်း
လိုက် နာဖို့ လိုတယ်။ ဒါပေမဲ့ အခုက အဲ့ဒီနေရာတွေမှာ အားနည်းနေ တယ်။ အရင်
မဆလ၊ နဝတ၊ ခေတ်တွေ တုန်းကဆို ဥပဒေအ ထက်မှာ အာဏာ ရှိနေတယ်။ အဲဒီလို အာဏာ
ရှိနေရင် ပြ ဋ္ဌာန်းထားတဲ့ ဥပဒေကို လိုက်နာ တဲ့သူ မရှိတော့ဘူး။ ပိုက်ဆံရှိတဲ့
သူတွေက အာဏာ ရှိတဲ့ ပုံမျိုး ဖြစ်သွားတယ်။
ဥပဒေအရ ပြင်သင့်တယ်။
ဥပဒေ အဟောင်းတွေကို ခေတ် နဲ့အညီ ပြောင်းလဲရမယ်။ ပြင် ဆင်ပြဋ္ဌာန်းပေး ရမယ်။
လက် တွေ့ အကောင် အထည်ဖော်တဲ့ လူတွေ အသီးသီး ကလည်း အဲ့ ဒီဥပဒေတွေကို လိုက်နာ
ရမယ်။ အဲဒီလိုမှ မဟုတ်ဘဲ မလိုက်နာ ဘူး၊ ဥပဒေနဲ့ အညီ မဆောင် ရွက်ဘူး
ဆိုရင်တော့ တရားဥပ ဒေ စိုးမိုးမှု ဆိုတာ အား နည်းသွား မှာပဲ။ ဥပဒေတွေ ထဲက
ရှိထား ပြီးသား ဥပဒေတွေ ကိုလည်း လိုက်နာရမယ်။ ပြင်ဆင်သင့် တာ ပြင်ဆင်ရမယ်။
ပြင်ဆင်ပြီး သား ဥပဒေတွေ အပေါ်မှာ လည်း ထိထိရောက်ရောက် ကိုင်တွယ်
အသုံးချရမယ်။ ဒါမှပဲ တရား ဥပဒေ စိုးမိုးရေးဖြစ်မှာပါ။
ဦးအံ့ဘွယ်ကျော် (၈၈ မျိုးဆက် ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
တရားဥပဒေ စိုးမိုးရေးဆို တာ ကျွန်တော်တို့ ဆီမှာ အမြဲ မရှိခဲ့ဘူး။ အရင်
အစိုးရလက် ထက်တုန်းက တရားဥပဒေ စိုးမိုး မှုက တော်တော် ပုံပျက်သွားခဲ့ တယ်။
ဒီအကူး အပြောင်း ကာလ မှာလည်း အရင် အရှိန်တွေက မသေသေးဘူး။ ပြီးတော့ ပြဋ္ဌာန်း
ထားတဲ့ ဥပဒေတွေ ကလည်း ပြည်သူ အများစုက လက်ခံထား တဲ့ ဥပဒေတွေ မဟုတ် ဘူး။ အဲ
ဒါကြောင့် တရား ဥပဒေ စိုးမိုး ဖို့ဆိုရင် လူတွေရဲ့ စိတ်ဓာတ် တွေ ပြင်ရမယ်။
တရားသူကြီး တွေရဲ့ စိတ်ဓာတ်၊ ရှေ့နေတွေ ရဲ့ စိတ်ဓာတ်၊ ရဲတွေရဲ့ စိတ် ဓာတ်
တွေ အရင်ပြင်ရမယ်။ နောက်ပြီး ဥပဒေတွေကိုလည်းပြင်ဖို့ လိုတယ်။
ဒီနေ့ပဲ ဒီငြိမ်းလင်း တို့ကို ပုဒ်မ (၁၈) နဲ့ ထောင်ချလိုက် တယ်။ ဒီလို
ဥပဒေတွေဟာ မရှိ သင့်တော့ဘူး။ နိုင်ငံရေး အရ ပြန်လွှတ်ချင်တဲ့ သဘော ရှိတယ်။
ဒီလိုမျိုး ပုဒ်မတွေ နဲ့ ဘာလို့ ထောင်ချနေလဲ။ ဥပဒေရော လူ
တွေရဲ့စိတ်ဓာတ်တွေရော အား လုံး ပြင်ဖို့လိုတယ်။
ဦးနေမျိုးဇင် (မြန်မာ့လူမှုဘဝဖွံ့ဖြိုးတိုး တက်ရေးကွန်ရက်)
အဓိကကတော့ ဥပဒေ ပိုင်း ဆိုင်ရာမှာ တာဝန် အရှိဆုံး သူတွေရဲ့ တာဝန်ယူမှု၊
တာဝန် သိမှု အားနည်းလို့ တရားဥပဒေ စိုးမိုးမှု မရှိတာပါ။ ဥပမာ ငါး လောင်း
ပြိုင် လူသတ်မှု ဆိုရင် ဖြစ်ပြီး မကြာခင်မှာပဲ သက်ဆိုင် ရာ ဝန်ကြီးက
သိထားတာတွေ ရှိတယ်။ မကြာခင်မှာ ဒီကိစ္စကို ထုတ်ပြန်မယ်လို့ ပြောခဲ့တယ်။
ဒါပေမဲ့ အချိန်တွေသာ ကြာ သွားတယ်။ ဘာမှ မပြောခဲ့ဘူး။ ကျွန်တော် တို့တွေလည်း
တရား စွဲတဲ့ အဖွဲ့အစည်းနဲ့ ပြည်ထဲ ရေး ဝန်ကြီး ဌာနကို ဆက်တိုက် တောင်းဆို
ခဲ့ပါတယ်။ ဒီလူသတ် မှုနဲ့ ပတ်သက် လို့ သို့လောသို့ လော ပြောကြ ဆိုကြတာတွေ
ပြည်သူတွေထဲ မှာ ပြောနေကြ တာတွေကြည့်ရင် ဘယ်သူဘယ် ဝါလုပ်တယ် ဆိုတာ
ခန့်မှန်းနိုင် ရဲ့သားနဲ့ ဒီ အမှုဟာ ခုချိန်ထိ မပေါ်ခဲ့ဘူး။ ဥပဒေကလည်း
အားနည်းချက် ရှိတယ်။ ဥပဒေ ကတိတိ ကျကျနဲ့ ဘယ်သူ့မျက်နှာ မှ မထောက်ဘဲ
ဆောင်ရွက်ရ မယ်ဆိုတာ မပြဋ္ဌာန်း ဘူး။ ဥပဒေ ကို လိုက်နာရမယ့်သူတွေ ကိုယ်
တိုင်က စနစ်ဟောင်း အတိုင်း ပြန်သွားနေတယ်။ ကြိုးနီ စနစ် တွေ ရှိနေတုန်းပဲ။
တကယ်တမ်း အပြောင်းအလဲ ကို လိုချင် တယ် ဆိုရင် အုပ်ချုပ်ရေး အဖွဲ့အစည်း
တစ်ခုလုံးကို ဖွဲ့စည်းပုံ တိတိကျ ကျနဲ့ပြန်ဖွဲ့ရမယ်။ အားလုံးပြောင်း လဲ
ပစ်ရမယ်။ အဲဒီလို ဖွဲ့စည်းရာ မှာလည်း တာဝန်ယူမှု မရှိ တဲ့၊ တာဝန် မသိတဲ့
ဝန်ထမ်းတွေကို ပြည်သူတွေရဲ့ ထောက်ပြမှု၊ စတုတ္ထ မဏ္ဍိုင်ဖြစ်တဲ့ မီဒီယာ ရဲ့
ထောက်ပြမှုတွေနဲ့ တိတိကျကျ အရေး ယူရမယ်။
ဒေါ်မေစံပယ်ဖြူ
(အကြီးတန်းပူးပေါင်းဆောင်ရွက်သူ)
Gender Equality Network
ဘာ့ကြောင့် တရားဥပဒေ စိုးမိုးရေး ဆိုတာ ပြောနေရသလဲ ဆိုတော့ ဖြစ်သင့်တာနဲ့
ဖြစ်ရမှာ က တရားဥပဒေ အထက်မှာ ဘယ်သူမှ ရှိမနေရဘူးလေ။ ဒါ ပေမဲ့ ကျွန်မ
တို့နိုင်ငံမှာက ဖြစ် နေတာက ပြည်သူပြည်သားတွေ ကသာ တရားဥပဒေ အောက်မှာ
နေနေရတာ။ တစ်ခုသော လူ တန်းစားက တရားဥပဒေ ရဲ့အ ထက်မှာ ရှိနေတော့ ဘယ်လို
လုပ်ပြီး တရားဥပဒေ စိုးမိုးရေးဆို တာ ဖြစ်နိုင်တော့မှာလဲ။ တရား စီရင်ရေး
ကဏ္ဍကလည်း လွတ် လပ်စွာ တရား စီရင်ပိုင်ခွင့် ခုထိ တော့ ရှိမနေဘူး လို့ပဲ
ကျွန် မမြင် တယ်။ အဲ့ဒီတော့ တရားစီရင် ရေးကဏ္ဍက စီရင် ဆုံးဖြတ်ဖို့ ကိစ္စတွေ
ကိုလည်း အမြဲတမ်းပဲ ပေါ့။ အပေါ်ကတို့၊ အထက်က တို့လာတဲ့ အမိန့်တွေနဲ့ပဲ တရား
စီရင် နေ ရတယ်လို့ပဲ ကျွန်မတို့ ကမြင်ပါတယ်။ အဲ့ဒီတော့တရား ဥပဒေ
စိုးမိုးဖို့ ဘာ့ကြောင့်လိုသ လဲဆိုတော့ တကယ်တော့ ဘယ် နိုင်ငံမှာပဲဖြစ်ဖြစ်
တရား ဥပဒေ အထက်မှာ ဘယ်သူမှ မရှိရဘူး။ မရှိသင့်ဘူး မဟုတ်လား။ ကျွန်မ
တို့နိုင်ငံ မှာကတော့ တရား ဥပဒေ အထက်မှာ တစ်ပြုံကြီး ရှိနေတဲ့ အခါမှာ
ဘယ်လိုလုပ် တရားဥပဒေ ကစိုး မိုးတော့မှာလဲ။ နိုင်ငံတစ် နိုင်ငံမှာ
အချုပ်အခြာ အာဏာတို့၊ တရားဥပဒေတွေ ရဲ့ အချုပ်က ဖွဲ့စည်းပုံ ဥပဒေပဲလို့
ကျွန်မ တော့ နားလည်ထားတယ်။ အဲ့ဒီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီးကို
ပြင်ဆင်ဖို့တို့၊ အဲ့ဒီဖွဲ့စည်းပုံအ ခြေခံ ဥပဒေထဲမှာ ပါတဲ့ အချက် တွေကို
စီရင် ဆုံးဖြတ်နိုင်တဲ့သူ တွေဟာ အများပြည်သူ ထက် လူတန်းစား တစ်စု ရဲ့
လက်ထဲမှာ ရှိနေတဲ့အခါ ခေါင်ကမှ မလုံတာ ဘယ်လိုလုပ်ပြီး ကျွန်မ တို့တွေ က
လုံလုံခြုံခြုံ နေနိုင်မှာလဲ။ ခု လက်ရှိမှာ ဘယ်လောက်ပဲ ဖွဲ့ စည်း
အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ကို ပြင်ရမယ်တို့၊ အသစ်ရေးဆွဲ ရမယ် တို့
ပြောနေပြောနေ ဒီလို ပြင်ဆင်ဖို့တွေ၊ ရေးဆွဲဖို့တွေ ဥပဒေတွေ
ပြုပြင်ပြောင်းလဲ ဖို့ အရေးကို ၂၅ ရာခိုင်နှုန်းသော သူတွေ က ပယ်ချလို့
ရနေမယ်ဆို ရင် ကျွန်မတို့ ဘာပဲ လုပ်လုပ် ရှေ့တိုးလို့ ရမှာ မဟုတ်ဘူးလို့
ကျွန်မမြင်တယ်။
ဒေါ်နော်အုန်းလှ (တက်ကြွလှုပ်ရှားသူ)
အန်တီ
တို့နိုင်ငံမှာ ၆၂ ခု နှစ်ကတည်းက ခုချိန်ထိ ဥပဒေ စိုးမိုးမှု ဆိုတာ
မရှိသေးဘူး။ ဘာ ကြောင့်လဲ ဆိုတော့ ဥပဒေက လည်း ပြည်သူတွေကို အကာ အကွယ် မပေး
ဘူး။ ၄၇ ဥပဒေ၊ ၇၄ ဥပဒေ၊ ခု ၂ဝဝ၈ ဥပဒေ ပေါ့နော်။ ဥပဒေတွေက အစ တည်းကိုက
ဆွဲတဲ့ သူတွေက သူ တို့လိုချင်တဲ့ ပုံစံ ဆွဲထားကြတာ လေ။ တကယ့်တကယ် ဒီမိုက
ရေစီ ကျကျဆွဲကြတာ မဟုတ်တဲ့ အတွက်ပေါ့။ နိုင်ငံတကာမှာ ကြည့်မယ် ဆိုရင်
ဥပဒေကလွှတ် တော်ပေါ်လာပြီးမှ ပြဋ္ဌာန်းတာ ဖြစ်တယ်။ ဒီမိုကရေ စီနိုင် ငံ
တော်တော် များများမှာပေါ့။ အန်တီ တို့နိုင်ငံမှာက လွှတ်တော် မပေါ်သေးခင်
ဥပဒေကို ကြိုက် တာ ဆွဲထားပြီးမှ ဥပဒေ ဆိုတာ ချလိုက်တာ ဆိုတော့ ဒီဥစ္စာ က
ပြည် သူတွေ နဲ့ မကိုက်ညီဘူးလို့ ထင်တယ်။
အန်တီ့ အနေနဲ့ ပြောရရင်
ဥပဒေတွေကို ပြည်သူနဲ့ ကိုက် ညီအောင် ဆိုလို့ရှိရင် လောလော ဆယ် လက်ရှိမှာ
အုပ်ချုပ်ခံ လူ တန်းစားတွေရဲ့ ဆန္ဒကိုလည်း နားထောင် ပြီးတော့ အုပ်ချုပ်နေ
တဲ့သူတွေက ခုဆို လွှတ်တော် ပေါ်တယ်ပေါ့။ လွှတ်တော်ပေါ် တယ် ဆိုပေမယ့်လို့
လွှတ်တော် မပေါ်ခင် ဆွဲထားတဲ့ ဥပဒေတွေ ရှိတယ်။ လွှတ်တော် ကနေ ဥပဒေ ပြုတာတွေ
ရှိတယ်။ လူတွေနဲ့ ကိုက်ညီရင်တော့ အဆင်ပြေ မယ်။ အသံတွေလည်း ခုလိုတော်
တော်များများ ထွက်မှာ မဟုတ်ဘူး။ စပြီးလုပ် ကတည်း ကမဟုတ် တဲ့ အတွက် အသံတွေ
ပြန်လာတာ ပေါ့။ တစ်ညီတည်းဆို အသံ ထွက်တော့မှာ မဟုတ်ဘူး။ အန်တီ
ဖြစ်စေချင်တာကတော့ ဥပဒေ တစ်ခုဆွဲမယ် ဆိုရင် စေတ နာ လေး နဲ့ပေါ့။ လူတွေ
အကျိုးကြည့် ပြီး ဘယ်သူပဲ ဆွဲဆွဲ စေတနာ လေးနဲ့ လုပ်စေချင်တယ်။
မေဇင်ဝင်း၊ သုတလင်း
ဦးဝင်းမြင့် (တရားဥပဒေစိုးမိုးရေးနှင့်တည် ငြိမ်အေးချမ်းရေးကော်မတီ-အတွင်းရေးမှူး)
ဥပဒေကို လက်တွေ့အကောင် အထည် ဖော်တာက တရားစွဲ အဖွဲ့အစည်းတွေပေါ့။ ဥပဒေနဲ့ အညီ တရားစွဲတဲ့ အဖွဲ့ အစည်းတွေက တရားစွဲဆို တင် ပို့နိုင်မှသာ အမှုတွေ ကပေါ်မှာ။ တရားစွဲဆို တင်ပို့တဲ့အခါမှာ လည်း သက်ဆိုင်ရာ တရား ဥပဒေ စိုးမိုးရေးနဲ့ ပတ်သက် ဆက်နွှယ် နေတဲ့ အဖွဲ့အစည်း တွေက ကူညီ ပံ့ပိုးပေးဖို့ လိုတယ် ပေါ့။ ဥပမာ ဆို ရင် တရားရုံးတို့၊ ပြည်သူ့ ရဲတို့၊ ဥပဒေ ဝန်ထမ်းတို့၊ ပြည်သူ့ အကျိုးဆောင်ရှေ့နေ တို့ စသဖြင့်ပေါ့။ တရား စီရင်ရေး မဏ္ဍိုင် တည့်မတ်ဖို့ အုပ်ချုပ်ရေး မဏ္ဍိုင် က ဝင်ရောက် မစွက်ဖက် ဖို့လိုမှာပေါ့။ ဥပဒေပြုရေး၊ အုပ် ချုပ်ရေး၊ တရား စီရင်ရေးနဲ့ပဲ ပြီးတာမဟုတ်ဘူး။ အားလုံးမှာ တာဝန် ရှိတာပေါ့။ ပြည်သူ ပြည် သားတွေ ကလည်း တရားဥပဒေ နဲ့မညီတာတွေ၊ လာဘ်ပေးလာဘ်ယူ ကိစ္စတွေကို မီဒီယာတွေ နဲ့အတူ အားလုံး ဝိုင်းဝန်းဖော်ထုတ် မှ တရားဥပဒေ စိုးမိုးမှု ရှိမှာပေါ့။ ဆိုလို တာကတော့ အုပ်ချုပ်ရေး အာဏာပိုင်းရော၊ တရားစီရင် ရေး အပိုင်းရော၊ ဥပဒေပြုရေး အပိုင်းရော၊ ပြည်သူ လူထုရော၊ မီဒီယာရော အားလုံး အမှန် တရား အတွက်၊ တရား ဥပဒေ စိုးမိုးရေး အတွက် တာဝန်ရှိတယ် လို့ခံယူပါတယ်။ ဥပဒေတွေမှာ လည်း ပြုပြင်ရမှာတွေ ရှိတာပေါ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေ က လွတ် လပ်စွာ စီတန်း လှည့် လည်ခွင့် ပေးထားပေမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ဆန့်ကျင်ပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့် လည်ခွင့် ဥပဒေ ပြဋ္ဌာန်းတာ။ ဒါ ဥပဒေရဲ့ အားနည်း ချက်တွေ ပေါ့ဗျာ။ တရားဥပဒေ စိုးမိုးဖို့ နမူနာတစ်ခု ပြောရမယ် ဆိုရင် လွတ်လပ်စွာ ဖော်ထုတ်ခွင့် တို့၊ လွတ်လပ်စွာ ထင်မြင် ယူဆခွင့် တို့၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ က ပေးထားပေမယ့် လည်း အသင်း အဖွဲ့က ပေါ်လာတဲ့ အခါကျတော့၊ ပြန်ပြီးတော့ ကန့်သတ် သလိုဖြစ် တဲ့အခါကျတော့ နိုင်ငံသားတွေ ကလိုက်နာဖို့ ခက်ခဲ တယ်။ နိုင်ငံ သား အခွင့်အရေး ဆုံးရှုံးတာပေါ့။ ဆိုတဲ့ အခါကျတော့ ဥပဒေအား နည်းချက် ဆိုတာ ဒါကို ပြော တာပေါ့။ မတရားအသင်း အက် ဥပဒေက ရှိနေသေး တယ်။ နိုင်ငံ တော်ကကြေညာ ထားတဲ့ မတရား အသင်းတွေနဲ့ ဘယ်သူပဲဆက် သွယ် ဆက်သွယ် ဥပဒေအရ ငြိနေတယ်။ သို့သော်လည်း ကိုယ် ဆက်သွယ် ရင်တော့ မငြိ ဘူး။ တခြားလူက ဆွေမကင်း မျိုးမကင်းတွေက ထမင်းတစ် လုတ်၊ ရေတစ်မှုတ်ပေးရင် ငြိတယ် ဆိုတော့ ဒါဥပဒေက တရားမျှတမှု မရှိတာပေါ့။ အဲဒါ တွေ တွေ့နေ ရပါတယ်။
ဦးငိုင်ဆာ့ခ် (တရားလွှတ်တော်ရှေ့နေ၊ ဥပဒေ အတိုင်ပင်ခံ)
မြန်မာနိုင်ငံမှာက ပြဋ္ဌာန်း ထားတဲ့ ဥပဒေတွေက တော် တော်များများ ရှိပြီးသားပါ။ အကောင်အထည်ဖော်မယ့်၊ အုပ် ချုပ်မယ့် စီရင် ကိုင်တွယ်မယ့် သူတွေလည်း ရှိပါ တယ်။ ဒါပေ မဲ့ အဲဒီတရား ဥပဒေအပေါ် လိုက်နာတဲ့သူ မရှိတာ တွေ့ရ တာ။ ဒါကလည်း ဖော်ဆောင် မယ့်သူတွေ ကိုယ်တိုင် အားနည်း နေတာကြောင့်လည်း ပါတယ်။ ဥပဒေကို ပြုတဲ့သူ၊ ရေးဆွဲတဲ့သူ၊ လိုက်နာမယ့် သူတွေ၊ နောက် အကောင်အထည် ဖော်မယ့် သူ တွေ၊ ဥပဒေ အရာရှိ၊ ရဲတွေက အစပေါ့ ဥပဒေ အတိုင်း လိုက် နာဖို့ လိုတယ်။ ဒါပေမဲ့ အခုက အဲ့ဒီနေရာတွေမှာ အားနည်းနေ တယ်။ အရင် မဆလ၊ နဝတ၊ ခေတ်တွေ တုန်းကဆို ဥပဒေအ ထက်မှာ အာဏာ ရှိနေတယ်။ အဲဒီလို အာဏာ ရှိနေရင် ပြ ဋ္ဌာန်းထားတဲ့ ဥပဒေကို လိုက်နာ တဲ့သူ မရှိတော့ဘူး။ ပိုက်ဆံရှိတဲ့ သူတွေက အာဏာ ရှိတဲ့ ပုံမျိုး ဖြစ်သွားတယ်။
ဥပဒေအရ ပြင်သင့်တယ်။ ဥပဒေ အဟောင်းတွေကို ခေတ် နဲ့အညီ ပြောင်းလဲရမယ်။ ပြင် ဆင်ပြဋ္ဌာန်းပေး ရမယ်။ လက် တွေ့ အကောင် အထည်ဖော်တဲ့ လူတွေ အသီးသီး ကလည်း အဲ့ ဒီဥပဒေတွေကို လိုက်နာ ရမယ်။ အဲဒီလိုမှ မဟုတ်ဘဲ မလိုက်နာ ဘူး၊ ဥပဒေနဲ့ အညီ မဆောင် ရွက်ဘူး ဆိုရင်တော့ တရားဥပ ဒေ စိုးမိုးမှု ဆိုတာ အား နည်းသွား မှာပဲ။ ဥပဒေတွေ ထဲက ရှိထား ပြီးသား ဥပဒေတွေ ကိုလည်း လိုက်နာရမယ်။ ပြင်ဆင်သင့် တာ ပြင်ဆင်ရမယ်။ ပြင်ဆင်ပြီး သား ဥပဒေတွေ အပေါ်မှာ လည်း ထိထိရောက်ရောက် ကိုင်တွယ် အသုံးချရမယ်။ ဒါမှပဲ တရား ဥပဒေ စိုးမိုးရေးဖြစ်မှာပါ။
ဦးအံ့ဘွယ်ကျော် (၈၈ မျိုးဆက် ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
တရားဥပဒေ စိုးမိုးရေးဆို တာ ကျွန်တော်တို့ ဆီမှာ အမြဲ မရှိခဲ့ဘူး။ အရင် အစိုးရလက် ထက်တုန်းက တရားဥပဒေ စိုးမိုး မှုက တော်တော် ပုံပျက်သွားခဲ့ တယ်။ ဒီအကူး အပြောင်း ကာလ မှာလည်း အရင် အရှိန်တွေက မသေသေးဘူး။ ပြီးတော့ ပြဋ္ဌာန်း ထားတဲ့ ဥပဒေတွေ ကလည်း ပြည်သူ အများစုက လက်ခံထား တဲ့ ဥပဒေတွေ မဟုတ် ဘူး။ အဲ ဒါကြောင့် တရား ဥပဒေ စိုးမိုး ဖို့ဆိုရင် လူတွေရဲ့ စိတ်ဓာတ် တွေ ပြင်ရမယ်။ တရားသူကြီး တွေရဲ့ စိတ်ဓာတ်၊ ရှေ့နေတွေ ရဲ့ စိတ်ဓာတ်၊ ရဲတွေရဲ့ စိတ် ဓာတ် တွေ အရင်ပြင်ရမယ်။ နောက်ပြီး ဥပဒေတွေကိုလည်းပြင်ဖို့ လိုတယ်။
ဒီနေ့ပဲ ဒီငြိမ်းလင်း တို့ကို ပုဒ်မ (၁၈) နဲ့ ထောင်ချလိုက် တယ်။ ဒီလို ဥပဒေတွေဟာ မရှိ သင့်တော့ဘူး။ နိုင်ငံရေး အရ ပြန်လွှတ်ချင်တဲ့ သဘော ရှိတယ်။ ဒီလိုမျိုး ပုဒ်မတွေ နဲ့ ဘာလို့ ထောင်ချနေလဲ။ ဥပဒေရော လူ တွေရဲ့စိတ်ဓာတ်တွေရော အား လုံး ပြင်ဖို့လိုတယ်။
ဦးနေမျိုးဇင် (မြန်မာ့လူမှုဘဝဖွံ့ဖြိုးတိုး တက်ရေးကွန်ရက်)
အဓိကကတော့ ဥပဒေ ပိုင်း ဆိုင်ရာမှာ တာဝန် အရှိဆုံး သူတွေရဲ့ တာဝန်ယူမှု၊ တာဝန် သိမှု အားနည်းလို့ တရားဥပဒေ စိုးမိုးမှု မရှိတာပါ။ ဥပမာ ငါး လောင်း ပြိုင် လူသတ်မှု ဆိုရင် ဖြစ်ပြီး မကြာခင်မှာပဲ သက်ဆိုင် ရာ ဝန်ကြီးက သိထားတာတွေ ရှိတယ်။ မကြာခင်မှာ ဒီကိစ္စကို ထုတ်ပြန်မယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ အချိန်တွေသာ ကြာ သွားတယ်။ ဘာမှ မပြောခဲ့ဘူး။ ကျွန်တော် တို့တွေလည်း တရား စွဲတဲ့ အဖွဲ့အစည်းနဲ့ ပြည်ထဲ ရေး ဝန်ကြီး ဌာနကို ဆက်တိုက် တောင်းဆို ခဲ့ပါတယ်။ ဒီလူသတ် မှုနဲ့ ပတ်သက် လို့ သို့လောသို့ လော ပြောကြ ဆိုကြတာတွေ ပြည်သူတွေထဲ မှာ ပြောနေကြ တာတွေကြည့်ရင် ဘယ်သူဘယ် ဝါလုပ်တယ် ဆိုတာ ခန့်မှန်းနိုင် ရဲ့သားနဲ့ ဒီ အမှုဟာ ခုချိန်ထိ မပေါ်ခဲ့ဘူး။ ဥပဒေကလည်း အားနည်းချက် ရှိတယ်။ ဥပဒေ ကတိတိ ကျကျနဲ့ ဘယ်သူ့မျက်နှာ မှ မထောက်ဘဲ ဆောင်ရွက်ရ မယ်ဆိုတာ မပြဋ္ဌာန်း ဘူး။ ဥပဒေ ကို လိုက်နာရမယ့်သူတွေ ကိုယ် တိုင်က စနစ်ဟောင်း အတိုင်း ပြန်သွားနေတယ်။ ကြိုးနီ စနစ် တွေ ရှိနေတုန်းပဲ။ တကယ်တမ်း အပြောင်းအလဲ ကို လိုချင် တယ် ဆိုရင် အုပ်ချုပ်ရေး အဖွဲ့အစည်း တစ်ခုလုံးကို ဖွဲ့စည်းပုံ တိတိကျ ကျနဲ့ပြန်ဖွဲ့ရမယ်။ အားလုံးပြောင်း လဲ ပစ်ရမယ်။ အဲဒီလို ဖွဲ့စည်းရာ မှာလည်း တာဝန်ယူမှု မရှိ တဲ့၊ တာဝန် မသိတဲ့ ဝန်ထမ်းတွေကို ပြည်သူတွေရဲ့ ထောက်ပြမှု၊ စတုတ္ထ မဏ္ဍိုင်ဖြစ်တဲ့ မီဒီယာ ရဲ့ ထောက်ပြမှုတွေနဲ့ တိတိကျကျ အရေး ယူရမယ်။
ဒေါ်မေစံပယ်ဖြူ
(အကြီးတန်းပူးပေါင်းဆောင်ရွက်သူ)
Gender Equality Network
ဘာ့ကြောင့် တရားဥပဒေ စိုးမိုးရေး ဆိုတာ ပြောနေရသလဲ ဆိုတော့ ဖြစ်သင့်တာနဲ့ ဖြစ်ရမှာ က တရားဥပဒေ အထက်မှာ ဘယ်သူမှ ရှိမနေရဘူးလေ။ ဒါ ပေမဲ့ ကျွန်မ တို့နိုင်ငံမှာက ဖြစ် နေတာက ပြည်သူပြည်သားတွေ ကသာ တရားဥပဒေ အောက်မှာ နေနေရတာ။ တစ်ခုသော လူ တန်းစားက တရားဥပဒေ ရဲ့အ ထက်မှာ ရှိနေတော့ ဘယ်လို လုပ်ပြီး တရားဥပဒေ စိုးမိုးရေးဆို တာ ဖြစ်နိုင်တော့မှာလဲ။ တရား စီရင်ရေး ကဏ္ဍကလည်း လွတ် လပ်စွာ တရား စီရင်ပိုင်ခွင့် ခုထိ တော့ ရှိမနေဘူး လို့ပဲ ကျွန် မမြင် တယ်။ အဲ့ဒီတော့ တရားစီရင် ရေးကဏ္ဍက စီရင် ဆုံးဖြတ်ဖို့ ကိစ္စတွေ ကိုလည်း အမြဲတမ်းပဲ ပေါ့။ အပေါ်ကတို့၊ အထက်က တို့လာတဲ့ အမိန့်တွေနဲ့ပဲ တရား စီရင် နေ ရတယ်လို့ပဲ ကျွန်မတို့ ကမြင်ပါတယ်။ အဲ့ဒီတော့တရား ဥပဒေ စိုးမိုးဖို့ ဘာ့ကြောင့်လိုသ လဲဆိုတော့ တကယ်တော့ ဘယ် နိုင်ငံမှာပဲဖြစ်ဖြစ် တရား ဥပဒေ အထက်မှာ ဘယ်သူမှ မရှိရဘူး။ မရှိသင့်ဘူး မဟုတ်လား။ ကျွန်မ တို့နိုင်ငံ မှာကတော့ တရား ဥပဒေ အထက်မှာ တစ်ပြုံကြီး ရှိနေတဲ့ အခါမှာ ဘယ်လိုလုပ် တရားဥပဒေ ကစိုး မိုးတော့မှာလဲ။ နိုင်ငံတစ် နိုင်ငံမှာ အချုပ်အခြာ အာဏာတို့၊ တရားဥပဒေတွေ ရဲ့ အချုပ်က ဖွဲ့စည်းပုံ ဥပဒေပဲလို့ ကျွန်မ တော့ နားလည်ထားတယ်။ အဲ့ဒီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီးကို ပြင်ဆင်ဖို့တို့၊ အဲ့ဒီဖွဲ့စည်းပုံအ ခြေခံ ဥပဒေထဲမှာ ပါတဲ့ အချက် တွေကို စီရင် ဆုံးဖြတ်နိုင်တဲ့သူ တွေဟာ အများပြည်သူ ထက် လူတန်းစား တစ်စု ရဲ့ လက်ထဲမှာ ရှိနေတဲ့အခါ ခေါင်ကမှ မလုံတာ ဘယ်လိုလုပ်ပြီး ကျွန်မ တို့တွေ က လုံလုံခြုံခြုံ နေနိုင်မှာလဲ။ ခု လက်ရှိမှာ ဘယ်လောက်ပဲ ဖွဲ့ စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ကို ပြင်ရမယ်တို့၊ အသစ်ရေးဆွဲ ရမယ် တို့ ပြောနေပြောနေ ဒီလို ပြင်ဆင်ဖို့တွေ၊ ရေးဆွဲဖို့တွေ ဥပဒေတွေ ပြုပြင်ပြောင်းလဲ ဖို့ အရေးကို ၂၅ ရာခိုင်နှုန်းသော သူတွေ က ပယ်ချလို့ ရနေမယ်ဆို ရင် ကျွန်မတို့ ဘာပဲ လုပ်လုပ် ရှေ့တိုးလို့ ရမှာ မဟုတ်ဘူးလို့ ကျွန်မမြင်တယ်။
ဒေါ်နော်အုန်းလှ (တက်ကြွလှုပ်ရှားသူ)
အန်တီ တို့နိုင်ငံမှာ ၆၂ ခု နှစ်ကတည်းက ခုချိန်ထိ ဥပဒေ စိုးမိုးမှု ဆိုတာ မရှိသေးဘူး။ ဘာ ကြောင့်လဲ ဆိုတော့ ဥပဒေက လည်း ပြည်သူတွေကို အကာ အကွယ် မပေး ဘူး။ ၄၇ ဥပဒေ၊ ၇၄ ဥပဒေ၊ ခု ၂ဝဝ၈ ဥပဒေ ပေါ့နော်။ ဥပဒေတွေက အစ တည်းကိုက ဆွဲတဲ့ သူတွေက သူ တို့လိုချင်တဲ့ ပုံစံ ဆွဲထားကြတာ လေ။ တကယ့်တကယ် ဒီမိုက ရေစီ ကျကျဆွဲကြတာ မဟုတ်တဲ့ အတွက်ပေါ့။ နိုင်ငံတကာမှာ ကြည့်မယ် ဆိုရင် ဥပဒေကလွှတ် တော်ပေါ်လာပြီးမှ ပြဋ္ဌာန်းတာ ဖြစ်တယ်။ ဒီမိုကရေ စီနိုင် ငံ တော်တော် များများမှာပေါ့။ အန်တီ တို့နိုင်ငံမှာက လွှတ်တော် မပေါ်သေးခင် ဥပဒေကို ကြိုက် တာ ဆွဲထားပြီးမှ ဥပဒေ ဆိုတာ ချလိုက်တာ ဆိုတော့ ဒီဥစ္စာ က ပြည် သူတွေ နဲ့ မကိုက်ညီဘူးလို့ ထင်တယ်။
အန်တီ့ အနေနဲ့ ပြောရရင် ဥပဒေတွေကို ပြည်သူနဲ့ ကိုက် ညီအောင် ဆိုလို့ရှိရင် လောလော ဆယ် လက်ရှိမှာ အုပ်ချုပ်ခံ လူ တန်းစားတွေရဲ့ ဆန္ဒကိုလည်း နားထောင် ပြီးတော့ အုပ်ချုပ်နေ တဲ့သူတွေက ခုဆို လွှတ်တော် ပေါ်တယ်ပေါ့။ လွှတ်တော်ပေါ် တယ် ဆိုပေမယ့်လို့ လွှတ်တော် မပေါ်ခင် ဆွဲထားတဲ့ ဥပဒေတွေ ရှိတယ်။ လွှတ်တော် ကနေ ဥပဒေ ပြုတာတွေ ရှိတယ်။ လူတွေနဲ့ ကိုက်ညီရင်တော့ အဆင်ပြေ မယ်။ အသံတွေလည်း ခုလိုတော် တော်များများ ထွက်မှာ မဟုတ်ဘူး။ စပြီးလုပ် ကတည်း ကမဟုတ် တဲ့ အတွက် အသံတွေ ပြန်လာတာ ပေါ့။ တစ်ညီတည်းဆို အသံ ထွက်တော့မှာ မဟုတ်ဘူး။ အန်တီ ဖြစ်စေချင်တာကတော့ ဥပဒေ တစ်ခုဆွဲမယ် ဆိုရင် စေတ နာ လေး နဲ့ပေါ့။ လူတွေ အကျိုးကြည့် ပြီး ဘယ်သူပဲ ဆွဲဆွဲ စေတနာ လေးနဲ့ လုပ်စေချင်တယ်။
မေဇင်ဝင်း၊ သုတလင်း

No comments:
Post a Comment