Pages

Wednesday, November 20, 2013

တရုတ်နိုင်ငံ လျောင်နင်ပြည်နယ် တွင် ချက်ပြုတ်ရန် ပြင်ဆင်ခြင်း ခံနေရသည့် ကလေးငယ် တစ်ဦးကို အချိန်မီ ကယ်ဆယ်နိုင်ခဲ့ Thursday, November 21, 2013

တရုတ်နိုင်ငံ လျောင်းနင် ပြည်နယ် အတွင်းရှိ တန်တုန်း ပြည်နယ် တွင် ချက်ပြုတ်ရန် ပြင်ဆင်ခြင်း ခံနေ ရသည့် ကလေး တစ်ဦးကို အချိန်မီ ကယ်ဆယ် နိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ အသက် ၃၅ နှစ် အရွယ် ဆွန် အမည်ရှိ အမျိုးသား တစ်ဦးသည် ယခု သီတင်းပတ် အကုန်တွင် ၄င်း၏ ခယ်မ ဖြစ်သူအား သတ်ဖြတ်၍ သူမ၏ နှစ်လသား အရွယ် ကလေးငယ် ကုန်းကြိုင်ရှန်း ကို ဖခင် ဖြစ်သူ၏ နေအိမ်သို့ ခေါ်ဆောင် သွားပြီး အိုးတစ်လုံး အတွင်းထည့်၍ ချက်ပြုတ်ရန် ပြင်ဆင်နေစဉ် ကလေးငယ် ၏ ငိုယိုသံကို ဖခင် ဖြစ်သူ ကြားခဲ့ပြီးနောက် ၄င်းကလေးငယ် ကို ကယ်တင် နိုင်ခဲ့ခြင်း ဖြစ်သည်။ ဆွန် သည် ကလေးငယ် ကို အိုးအတွင်း ထည့်သွင်း၍ အိုးအဖုံး အပေါ်သို့ ကျောက်တုံး တစ်တုံး တင်၍ ချက်ပြုတ်ရန် လုပ်ဆောင် ခဲ့ခြင်း ဖြစ်ကြောင်း နှင့် ယင်း ကလေးငယ် ၏ မိခင်ဖြစ်သူ ရှုရှောင်လီ ကိုလည်း သတ်ဖြတ် ခဲ့ကြောင်း ရဲတပ်ဖွဲ့သို့ ဝန်ခံ ပြောကြား ထားပြီး သူမကို မည်သည့် အကြောင်း အရင်းကြောင့် သတ်ဖြတ် ခဲ့ရသည်ကို ရဲတပ်ဖွဲ့က စုံစမ်းလျက် ရှိသည်။

ထို့ပြင် တာဝန်ရှိ သူများက အဆိုပါ ကလေးငယ်ကို ဆေးရုံသို့ ပို့ဆောင် ခဲ့သော်လည်း စိုးရိမ်ရသည့် အခြေအနေ ရှိကြောင်း သိရှိရသည်။

Credit The Myawady Daily

No comments:

Post a Comment