Pages

Wednesday, November 27, 2013

စကာၤပူ စာတိုက်တွေကနေ တဆင့် မြန်မာနိုင်ငံကို ငွေပို့ငွေလွဲ ၀န်ဆောင်မှုတွေ ပေးသွားမှာ ဖြစ်တယ်

စကာင်္ပူ စာတိုက်တွေကနေ တဆင့် မြန်မာနိုင်ငံကို ငွေပို့ငွေလွဲ ၀န်ဆောင်မှုတွေ ပေးသွားမှာ ဖြစ်တယ်လို့ စကာင်္ပူ စာတိုက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကမ္ဘာမှာ ပထမဆုံးအဖြစ် စာတိုက်ကနေတဆင့် ငွေလွဲပို့မယ့် ၀န်ဆောင်မှုကို မြန်မာကို ပေးသွားမှာလို့ ဗုဒ္ဓဟူးနေ့က စကာင်္ပူစာတိုက်က ထုတ်ပြန်ချက်မှာ ကြေညာပါတယ်။ မြန်မာနိုင်ငံက အာရှ စိမ်းလန်းရေး ဘဏ်၊ စီဘီဘဏ်၊ ကမ္ဘောဇဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်တို့နဲ့ ပူးပေါင်းလုပ်ဆောင်တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ငွေပို့ငွေလွဲလုပ်တာအပြင် ပေးပို့သူတွေက လစာကို စုဆောင်းငွေတွေအဖြစ် အိမ်ကို ပေးပို့နိုင်သလို မြန်မာက ဘဏ်တွေက အတိုးပေးသွားမယ်လို့လည်း ဆိုပါတယ်။ စကာင်္ပူမှာ မြန်မာနိုင်ငံသား ၁ သိန်းခွဲကနေ ၂ သိန်းရှိတယ်လို့လည်း ထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။
  Credit To >DVB TV News <Thanks

No comments:

Post a Comment