-
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား စုစုပေါင်း အစီးရေ ၃၀၀၀
နီးပါးအထိ တင်သွင်းခွင့် ပေးမည်ဖြစ်ပြီး တင်သွင်းလာသည့် ကားများအား ၉င/- - -
- အက္ခရာတန်းဖြင့် နံပါတ်ထုတ်ပေးကာ လက်ရှိတွင် ၉င/- - - - အက္ခရာတန်းမှ အစီး
၃၀၀၀ ၀န်းကျင်စာ ချန်ထားပေးပြီး ဖြစ်သည်။
- အစီးရေ ၃၀၀၀
ဝန်းကျင်စာကို ကညနမှ ချန်ထာပြီးချိန်တွင် တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့များ ရရှိထားသည့် ကားပါမစ် အရေအတွက်မှာ ၁၀၀၀ ၀န်းကျင်ခန့်တွင်သာ
ရှိနေပြီး ကျန်ရှိသော စီးရေ ၂၀၀၀ ခန့်ကို မည်သည့်ပုံစံဖြင့် လုပ်ဆောင်ရန်
ရှိသည်ဆိုခြင်းကို မသိရှိရသေးပေ။
- အစီး ၆၀ အတွက် ပါမစ်ရရှိသည့် အဖွဲ့များသည် အစီး ၂၀ အတွက်
အခွန်အရပ်ရပ်နှင့် ယာဉ်မှတ်ပုံတင်ကြေးအားလုံး ကင်းလွတ်ခွင့် ရရှိပြီး
ကျန်အစီး ၄၀ မှာ ယာဉ်မှတ်ပုံတင်ကြေးအား ၆၀ ရာခိုင်နှုန်းသာ ပေးဆောင်စေသည့်
နည်းလမ်းနှစ်မျိုးဖြင့် ချထားပေးခြင်းဖြစ်။
- ပါမစ်စုစုပေါင်း၏
၃၃ ရာခိုင်နှုန်းမှာ (အစီးရေ ၁၀၀၀ နီးပါး) လုံးဝကင်းလွတ်ခွင့်ဖြင့် ရရှိပြီး
ပါမစ်ပေါင်း၏ ၆၇ ရာခိုင်နှုန်းမှာ (အစီးရေ ၂၀၀၀) ယာဉ်မှတ်ပုံတင်ကြေး
ရာခိုင်နှုန်း ၆၀ သာ ပေးဆောင်ရမည် ဖြစ်သည်။
- ပါမစ်များကို ရောင်းဝယ်ရာတွင် တစ်စောင်လျှင် ကျပ်သိန်း ၅၀၀ မှ ကျပ်သိန်း ၁၄၀၀၊ ၁၅၀၀ အထိ ပေါက်ဈေးရှိသည်။
- ထုတ်ပေးပြီး အစီးရေ ၁၁၈၀ အတွက် ဆိုလျှင်ပင် ပါမစ်ရောင်းချမှု
တစ်ခုတည်းမှ အနည်းဆုံး ကျပ်သန်းပေါင်း ၅၉၀၀၀ (အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော်)
မှ အများဆုံး ကျပ်သန်းပေါင်း ၁၇၇၀၀၀ (အမေရိကန်ဒေါ်လာသန်း ၁၈၀ ကျော်)အထိ
တင်သွင်းခွင့် ရသူနှင့် ကြားပွဲစားအချို့ ရရှိမည်။
-
အမေရိကန်ဒေါ်လာ ၅၀၀၀၀၀ နီးပါးအထိ တန်ဖိုးရှိသော Rolls Royce Phantom 2013
အမျိုးအစားကားအား အခွန်ပေးဆောင်၍ တင်သွင်းမည် ဆိုပါက အခွန်အရပ်ရပ်
ကျပ်သိန်းပေါင်း ၈၅၀၀ ကျော် ပေးဆောင်ရမည်။
- အမေရိကန်ဒေါ်လာ
၃၀၀၀၀၀ အထိ တန်ဖိုးရှိသော Bentley Mulsanne 2013 အမျိုးအစားကားများကို
အခွန်ပေးဆောင် တင်သွင်းမည်ဆိုပါက နိုင်ငံတော်သို့ အခွန်ငွေကျပ် သိန်း ၅၀၀၀
ကျော်အထိ ပေးဆောင်ရမည်။
- ပါမစ် ၃၀၀၀ တွင် အခွန်အရပ်ရပ်
ကင်းလွတ်ခွင့်ရမည့် အစီးရေ ၁၀၀၀ အထိ ပါဝင်ရာ ယင်းအစီးရေ ၁၀၀၀ တင်သွင်းမှု
တစ်ခုတည်းမှ ပြည်သူ့ဘဏ္ဍာငွေအဖြစ် ရရှိမည့် အခွန်ပမာဏမှာ အနည်းဆုံး ကျပ်သန်း
၁၀၀၀၀၀ (အမေရိကန်ဒေါ်လာ ၁၀၂ သန်း) မှ အများဆုံး ကျပ်သန်းပေါင်း ၆၈၀၀၀၀၀
(အမေရိကန်ဒေါ်လာ သန်း ၆၉၇၀ ကျော်) အထိ နစ်နာဆုံးရှုံး သွားမည်ဖြစ်သည်။
Credit Sa Maung

No comments:
Post a Comment