Pages

Monday, November 18, 2013

စစ်ဘေးရှောင်စခန်းများသို့ သွေးချင်းညီအစ်ကိုများ အဖွဲ့သွားရောက် ကူညီ ထောက်ပံ့


ဗန်းမော် -၁၈.၁၁.၂၀၁၃

ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မန်စီမြို့နယ် ၊ မုန်းတိန်ပါကျေးရွာ နှင့် နန့်လင်းပါ ကျေးရွာများရှိစစ်ရှောင်ဒုက္ခသည်စခန်းများသို့ဗန်းမော်ရောက်
သွေးချင်းညီအစ်ကိုများဖြစ်ကြသော ချင်း ၊ကချင် ၊ရှမ်း ၊ကရင်အစရှိသော
လူမျိုးစု တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်းအဖွဲ့ ခေါင်းဆောင်
များ ၊ မန်စီမြို့ ကက်သလစ်ဘုန်းတော်ကြီးနှင့် လူမှုကူညီရေးအသင်းအဖွဲ့
များ ၊ ဂရုဏာ (ဗန်းမော်) ဖောင်ဒေးရှင်းအဖွဲ့တို့အပါအ၀င် ပူးပေါင်းအဖွဲ့
စုစုပေါင်း (၄၅) ယောက်သည် လူစီးကား (၅) စီး ၊ စားနပ်ရိက္ခာတင်ကား
(၅) စီးတို့ဖြင့်“သွေးချင်းညီအစ်ကိုများကူညီရေး” ဟုဆိုသည့် ခေါင်းစည်း
စာတမ်းနှင့် ဗန်းမော် မြို့မှ နိုဝင်ဘာ (၁၅) ရက်နေ့၌ စတင်ထွက်ခွာသွား
ရာ (၂) ညအိပ် (၃) ရက်ခရီး စဉ်သည် ဗန်းမော်မြို့သို့ ယနေ့ပြန်လည်ရောက်
ရှိလာကြောင်းသိရသည်။
အဆိုပါအဖွဲ့သည် အစိုးရ တပ်နှင့်တိုင်းရင်းသားလက်နက်ကိုင်နှစ်ဖက်
တပ်ကြားညှပ်ပြီး စားဝတ်နေရေးအခက်အခဲဖြစ်နေသော နန့်လင်းပါ ဒုက္ခသည်
စခန်းသို့ အခက်အခဲများ ကိုဇွဲရှိရှိဖြင့် ပထမဆုံး သွားရောက်ခဲ့သော အဖွဲ
့ဖြစ်သည်။
၎င်း စစ်ဘေးရှောင်စခန်း တွင်ဒုက္ခသည် (၂၀၀၀) ခန့်မှ သက်ကြီးရွယ်
အိုများ ၊ကလေးငယ်များတစ်ချို့တစ်ဝက်သည် မန်စီမြို့နှင့်ဗန်းမော်မြို့ IDP စခန်းများတွင် ပြန်လည်ခိုလှုံရန်အဖွဲ့၏ အပြန်ခရီးစဉ်တွင်ပါလာခဲ့ကြသည်။
ထောက်ပံ့ကူညီရေးအဖွဲ့ပြန်ဆင်းလာပြီး မကြာမှီအချိန်တွင် နှစ်ဖက်
တပ်တို့ တိုက်ပွဲဖြစ်ခဲ့ကြောင်းသိရသည်။

No comments:

Post a Comment