Pages

Monday, November 18, 2013

ဗန်းမော်မြို့တွင် CCTV Camera များတွင်ကျယ်စွာ တပ်ဆင်အသုံးပြု

ကချင်ပြည်နယ် ၊ဗန်းမော်မြို့တွင် ယခုအခါ CCTV Cameraများတွင်ကျယ်စွာတပ်ဆင် အသုံးပြုလာကြသည်။
CCTV Camera များသည် ပြစ်မှုမကျူးလွန်မှီ လုပ်ရှုားမှု ၊ပြစ်မှုကျူးလွန်သည့်အချိန် လုပ်ရှုားမှုများကို ဗီဒီယိုမှတ်တမ်း များရယူနိုသည့်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေဖြင့် မှုခင်းစုံစမ်းထောက်လှမ်းရာတွင် အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်သည်။ ပြစ်မှုကျူးလွန်
သူ များကို ဖော်ထုတ်နိုင်ခဲ့သည်။
ဗန်းမော်မြို့ ၊ ကုက္ကိုတောရပ် ဂိမ်းဆိုင်ရှေ့တွင်ရပ်ထားသော ဆိုင်ကယ်ပျောက်ဆုံးမှု ၊ ဆောက်လုပ်ရေးတိုက်တန်းရှေ့တွင်ရပ်ထားသော ဆိုင်ကယ်ပျောက်ဆုံးမှု ၊ ဆက်သွယ်ရေး ပစ္စည်းအရောင်းဆိုင်ကောင်တာပေါ်တွင် handset ဖုန်း ပျောက်ဆုံးမှုများတွင် CCTV Camera မှတ်တမ်းများအရ ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်နိုင်ခဲ့သည်။
အောက်တိုဘာ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိလုံခြုံရေးအသိပညာပေးသင်တန်းတွင် CCTV Camera များတပ်ဆင်အသုံးပြုရန် တာဝန်ရှိသူများက တွန်းအားပေးပြီးနောက် ပုဂ္ဂလိက ဈေးဆိုင်များ ၊စားသောက်ဆိုင်များ ၊ ဟိုတယ်/တည်းခိုခန်းများ ၊ပုဂ္ဂလိက ဘဏ်များ ၊ ရွှေဆိုင်/စတိုးဆိုင်များ ၊ပုဂ္ဂလိကဆေးရုံ များ ၊ သိမ်မဟာစေတီတော် ၊ ကန်ဦး ပရိယတ္တိစာသင် တိုက် ၊ ချမ်းသာရ ကံထူးမြတ်စေတီတော် ၊ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး ၊ ၊ မြို့မရဲစခန်း တို့တွင် CCTV Camera များတပ်ဆင်အသုံးပြုလာကြသည်။အခြားအများပြည်သူများသွား
လာသော နေရာများတွင် လည်း တပ်ဆင်အသုံးပြုရန် စီစဉ်နေကြောင်းလည်းသိရသည်။

ဆီမီးခုံ-နန်းရီ

No comments:

Post a Comment